ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝဒေသမှာ ၂၄ နာရီအတွင်း မိုးကြီးရေလျှံနိုင်တယ်လို့ ဒီကနေ့ စက်တင်ဘာလ ၁၃ ရက်နေ့မှာ မိုး/ဇလပညာရှင် Su Su San ကခန့်မှန်းထားပါတယ်။
ရာဂိမုန်တိုင်းကြောင့် လေပွေလှိုင်းဟာ မြန်မာပြည်ထဲကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရောက်သွားပြီဖြစ်ပြီး ချင်းပြည်နယ်တောင်ပိုင်း နဲ့ရခိုင်ပြည်နယ်မြောက်ပိုင်း နေထိုင်သူမဟုတ်ရင် စိုးရိမ်စရာမရှိတော့ဘူးလို့ မိုး/ ဇလပညာရှင် ဦးဝင်းနိုင်ကလည်း စက်တင်ဘာလ ၁၂ ရက်ညမှာ ထုတ်ပြန်ထားပါတယ်။
လေပွေလှိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းတာ လေပြင်းတိုတ်ခိုက်တာ၊ လျှပ်တစ်ပြက် ရေကြီးခြင်း၊ မြေပြိုခြင်း စတဲ့ သဘာဝဘေး အန္တရယ်တွေ ဖြစ်နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီး နေထိုင်ကြတဲ့ သူတွေ အနေနဲ့ မြေပြိုတဲ့ အန္တရယ်ရှိတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကလည်း စက်တင်ဘာလ ၁၂ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။
ရာဂိ မုန်တိုင်းအရှိန်ကြောင် စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ်တချို့မှာ ရေကြီးရေလျှံမှုတွေဖြစ်ပြီး ရေဘေးကြောင့် သေဆုံးသူလည်း များစွာရှိလာခဲ့သလို ဒေသခံပြည်သူသောင်းချီဟာလည်း ရေဘေး အန္တရယ်ကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။