
ဒီကနေ့ဩဂုတ်လ ၁၆ ရက် ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ 𝐓.𝐓.𝐅. 𝐂𝐡𝐚𝐥𝐥𝐞𝐧𝐠𝐞 𝐕𝐨𝐥.𝟏𝟎 ပြိုင်ပွဲ ချင်းဖိုက်တာ Tial Thang နဲ့ ဂျပန်ဖိုက်တာနဲ့ယှဉ်ပြိုင်ထိုးသတ်ပွဲမှာ ချင်းဖိုက်တာ Tial Thang က အနိုင်ရရှိပါတယ်။
ချင်းဖိုက်တာ Tial Thang နဲ့ ဂျပန်ဖိုက်တာ 𝐍𝐚𝐨𝐤𝐢 𝐔𝐞𝐝𝐚 တို့ ယှဉ်ပြိုင်ထိုးသတ်တဲ့ ပွဲကို ဒီကနေ့ သြဂုတ်လ ၁၆ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၄ နာရီဝန်းကျင်မှာ ထိုးသတ်ခဲ့တာလည်းဖြစ်ပါတယ်။
Tial Thang ဟာနောက်ဆုံးယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ပွဲ(၅)ပွဲမှာ (၃)ပွဲသာအနိုင်ရရှိထားပြီး နောက်ဆုံး(၂)ပွဲဆက်ရှုံးနိမ့်ထားပါတယ်။ဂျပန်ဖိုက်တာ 𝐍𝐚𝐨𝐤𝐢 𝐔𝐞𝐝𝐚 ဟာလည်းနောက်ဆုံးယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ပွဲ(၅)ပွဲမှာ (၃)ပွဲအနိုင်ရရှိထားပါတယ်။