Headlines

အဆိုတော် Benjamin Sum မင်းသားနေရာ သရုပ်ဆောင်တဲ့ “Ka Nihna A Ni lo” (ငါ့ဖြစ်တည်မှုမဟုတ်ဘူး)ရုပ်ရှင်ဇာတ်ကားပြသ

မြန်မာနိုင်ငံက နာမည်ကျော်အဆိုတော် Benjamin Sum ပထမဆုံးပါဝင်သရုပ်ဆောင်တဲ့ရုပ်ရှင်ဇာတ်ကား “Ka Nihna A Ni lo” (ငါ့ဖြစ်တည်မှုမဟုတ်ဘူး) ရုပ်ရှင်ဇာတ်ကားကို သြဂုတ်လ ၂၉ ရက်နေ့မှာ အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊အိုက်ဇောလ်မြို့ကဗန်နပါခန်းမ (Vanapa Hall) မှာ ပြသခဲ့ပြီဖြစ်ကာ အဲ့ဒီရုပ်ရှင်ကို အွန်လိုင်း App တစ်ခုဖြစ်တဲ့ Lersia App မှာ အခကြေးငွေပေးကာ ကြည့်ရှုလို့ရပြီဖြစ်ပါတယ်။

အချစ်နဲ့ ပညာပေးအပိုင်းကို အသားပေး ပုံဖော်ရိုက်ကူးထားတဲ့ဇာတ်လမ်းဖြစ်တဲ့ဒီရုပ်ရှင်ဇာတ်လမ်းကို မီဇိုးဘာသာစကားနဲ့သရုပ်ဆောင် ရိုက်ကူးထားတာဖြစ်ကာ Benjamin Sum က မင်းသားနေရာကနေသရုပ်ဆောင်ထားပြီး နောက်ပိုင်းမှာ ဒီရုပ်ရှင်ကို ဟားခါး၊ ဖလမ်း နဲ့ဇိုမီးတို့နဲ့လည်း အသံအစားထိုးပြီးလုပ်ဆောင်သွားဖို့ရှိတယ်လို့သိရပါတယ်။

Benjamin Sum ရဲ့ပထမဆုံးရုပ်ရှင်ကားနဲ့ပတ်သက်ပြီး “ကျွန်တော်ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးထွက်ရှိလို့လာပါပြီခင်ဗျ။ဒီနေ့အထိချစ်ခင်အားပေးကြသောသူအယောက်စီတိုင်းကိုကျေးဇူးတင်ကြောင်းကိုလည်း ပြောပါရစေခင်ဗျ။ရှေ့ဆက်လျှောက်လှမ်းမယ့်အနုပညာလမ်းကြောင်းမှာ အတူပါရှိနေပေးကြဖို့ကိုလည်းဖိတ်ခေါ်ချင်ပါတယ်ဗျ။♥️” လို့ နာမည်ကျော်အဆိုတော် Benjamin Sum က သူ့ရဲ့ဖေ့ဘုတ်လူမှုကွန်ရက်မှာရေးသားထားပါတယ်။

Benjamin Sum ဟာ 2019 Myanmar Idol Season ( 4 ) တေးဆိုပြိုင်ပွဲမှာ Grand Final အထိရောက်ရှိပြီး လူသိများ အောင်မြင်လာတဲ့ နိုင်ငံကျော် ချင်းလူမျိုးအဆိုတော် တစ်ယောက်လည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *