Headlines

ဟားခါးမြို့မရဲစခန်းကနေ ကယ်ထုတ်ခဲ့တဲ့အကျဉ်းသူ/သား ၆၂ ဦးထဲမှာ ထောင်ဒဏ်တသက်ချမှတ်ခံရသူ ၇ ဦးပါဝင်တယ်လို့ သိရ

ဟားခါးမြို့မ ရဲစခန်းကနေ CDF-Hakha တပ်ဖွဲ့က ကယ်ထုတ်နိုင်ခဲ့တဲ့ အကျဉ်းသူ/သား ၆၂ ဦးထဲမှာ ထောင်ဒဏ်တသက်ချမှတ်ခံရသူ ၇ ဦးနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရသူ ၁၅ ဦး၊ ထောင်ဒဏ် ၇ နှစ်ချမှတ်ခံရသူ ၁၅ ဦး၊ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရသူ ၉ ဦးနဲ့ ထောင်ဒဏ် ၆ နှစ်၊၈ နှစ်၊၁၃ နှစ် ချမှတ်ခံရသူ ၃ ဦး ပါဝင်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO )ရဲ့ ဇူလိုင်လ ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Operation Rung အမည်နဲ့ CDF – Hakha က ဇူလိုင်လ ၂၀ ရက်နေ့က ဟားခါးမြို့မရဲစခန်းကို တိုက်ခိုက်ခဲ့ကာ အကျဉ်းသား ယောကျာ်းလေး ၄၉ ဦးနဲ့ အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၆၂ ဦးကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။

အဆိုပါ ဟားခါးမြို့မရဲစခန်းတိုက်ခိုက်မှုအတွင်း ရဲတပ်သား ၄ ဦးသေဆုံးခဲ့သလို အများအပြားဒဏ်ရာရခဲ့ပြီး လက်နက်ခဲယမ်းများစွာကိုလည်း CDF – Hakha က သိမ်းဆည်းရရှိခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *