ချင်းပြည်နယ်၊ဟားခါးမြို့နားကဟားခါးတက္ကသိုလ်ဖက်သွားတဲ့လမ်းကို မနက်ဖြန် သြဂုတ်လ ၂၀ ရက်နေ့ကစလို့ နောက်ထပ်ကြေညာချက်မထုတ်မပြန်မခြင်း ဖြတ်သန်းသွားလာ ခြင်းမလုပ်ဖို့ Chinland Defense Force – Hakha ကဒီကနေ့ သြဂုတ်လ ၁၉ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။
အခုကာလမှာ ထန်တလန်ဖက်သွားတဲ့လမ်းပေါ်မှာရှိတဲ့ ဟားခါးတက္ကသိုလ်အကြား ဖြတ်သန်းသွားလာတဲ့ မည်သူကိုမဆို စစ်ကောင်စီလူလို့ သတ်မှတ်ခံရလိိမ့်မယ်လို့လည်း Chinland Defense Force – Hakha က သတိပေးထုတ်ပြန်ထားပါတယ်။
CNF/A ဦးဆောင်ပြီး CDF – Hakha ပါဝင်တဲ့ Chinland Council ပူးပေါင်းတပ်ဖွဲ့က ဇူလိုင်လ ၂၂ ရက်ကနေ ဒီကနေ့အချိန်အထိ ဟားခါးနဲ့ ထန်တလန်လမ်းပေါ်က စစ်ကောင်စီတပ်စခန်းတွေကို ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်တာတွေရှိခဲ့သလို လက်ရှိ တိုက်ပွဲတွေ ပြင်းထန်နေသေးတယ်လို့လည်း သိရပါတယ်။