အွန်လိုင်းက သတင်းမှားတွေကြောင့် ချင်းပြည်နယ် ဖလမ်းမြို့က ဒေသခံတွေအနေနဲ့ ကိုယ့်အိမ်ကိုယ့်ယာကို စွန့်ပြီး ထွက်ပြေးတိမ်းရှောင်တာမျိုး မလုပ်ကြဖို့ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF )က ဒီကနေ့ သြဂုတ်လ ၃ ရက်နေ့မှာ အသိပေးထားပါတယ်။
CNO/CNDF ရဲ့ ပြောရေးဆိုခွင့်ရှိသူက “ဖလမ်းသတင်းတွေနဲ့ပက်သက်ပြီး အွန်လိုင်းမီဒီယာတွေမှာ သတင်းမှားတွေ များစွာရှိနေပြီး အဲဒါတွေကို ယုံပြီး CNO/CNDF ရဲ့ သတင်းကြေညာတာမျိုးမရှိဘဲ နေရာတိုင်းမှာ စစ်ဘေးရှောင်နေကြတာကို မြင်တွေ့ရတာ အင်မတန်ဝမ်းနည်းမိတယ်။ CNO/CNDF ရဲ့ သတင်းထုတ်ပြန်တာ ကြေညာတာမျိုးမရှိရင် ပြည်သူတွေအနေနဲ့ မစိုးရိမ်ကြဖို့ အသိပေးချင်ပါတယ်။ အချိန်တန်လို့ရှိရင် CNO/CNDF က အချိန်မှီ ထုတ်ပြန်ကြေညာပေးမှာဖြစ်တယ် ဒါကြောင့် ကိုယ့်အိမ်မှာကို လုံခြုံစွာနေဖို့ တောင်းဆိုချင်ပါတယ်” လို့ပြောပါတယ်။
ဖလမ်းမြို့ကို ချင်းညီနောင်နဲ့ မဟာမိတ်တွေက တိုက်ခိုက်သိမ်းပိုက်တော့မယ်ဆိုတဲ့ သတင်းတွေ အွန်လိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် သတင်းတွေထွက်ပေါ်လာခဲ့ပြီးနောက်ပိုင်း ဖလမ်းမြို့ကနေ ယာယီ