ယခုလပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုဆက်တိုက်ခံနေတဲ့ ချင်းပြည်နယ် မင်းတပ်မြို့နယ်ကို ဒီကနေ့ သြဂုတ်လ ၂၀ ရက်နေ့ မနက် ၂ နာရီအချိန်ဝန်းကျင်မှာ စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်တာတွေ လုပ်ခဲ့လို့ လူ သေဆုံး၊ ထိခိုက်ပျက်စီးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီ ဂျက်ဖိုက်တာ ၃ စီးလောက်က ဒီကနေ့ မနက်ပိုင်း ည ၂ နာရီဝန်းကျင်လောက်မှာ မင်းတပ်မြို့နယ် တိုက်နယ် (၁)၊ တိုက်နယ် (၃) နဲ့မြို့အနောက်ဘက်က နေရာတွေကို လေကြောင်းကနေ တိုက်ခိုက်သွားတယ်လို့ မင်းတပ်သတင်းတွေ ဖော်ပြတဲ့ ဒေသခံ HKL Mindat ဖော်ပြချက်အရ သိရပါတယ်။
” လေကြောင်းတိုက်ခိုက်သွားလို့ သေဆုံး၊ ထိခိုက်ပျက်စီးမှုတွေရှိတယ်လို့ ကြားသိရတဲ့ကြောင်း နဲ့ မနေ့ညနေပိုင်းလောက် ၄ နာရီလောက်မှာလည်း မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီးနဲ့ တိုက်နယ် (၄) ဘက်ကို နှစ်ကြိမ် ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခဲ့လို့ သေဆုံး ထိခိုက်ပျက်ဆီးမှုတွေရှိတယ်ကြားရတယ်” လို့မင်းတပ်သတင်းတွေ ဖော်ပြတဲ့ ဒေသခံ HKL Mindat ဖော်ပြချက်အရ သိရပါတယ်။
မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီကနေ လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတာကြောင့် ဒေသခံတွေအနေနဲ့ ပုန်းခိုစရာနေရာတွေ သေချာတူးထားဖို့နဲ့ လူစုလူဝေးမလုပ်ဖို့ ချင်းကာကွယ်ရေး – မင်းတပ်အဖွဲ့က သြဂုတ်လ ၁၉ ရက်နေ့က အသိပေးထုတ်ပြန်ထားပါတယ်။