Headlines

မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကြောင့် ၆ လ အတွင်း ချင်းပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ် ၁၂ ခုမှာ ထိခိုက်ဒဏ်ရာရ ၃၂၅ ဦးရှိခဲ့

မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကြောင့် ချင်းပြည်နယ် အပါအဝင် တိုင်းနဲ့ပြည်နယ် ၁၂ ခုမှာ ဒီနှစ် ၂၀၂၄ ခုနှစ် ၆ လအတွင်း ဖြစ်ရပ်ပေါင်း ၁၈၀ ဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၃၂၅ ဦးရှိပြီး နို်င်ငံတစ်ဝှမ်း သေဆုံးမှုအားလုံးရဲ့ ၄၇ ရာခိုင်နှုန်းရှိတယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ ( UNICEF )ရဲ့ ဇူလိုင်လ အတွင်း ထုတ်ပြန်တဲ့ အစီရင်ခံစာ အရသိရပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ကနေ ဇွန်လအထိ ၆ လအတွင်း မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကြောင့် မြန်မာနိုင်ငံ တစ်ဝှမ်းက အရပ်သားထိခိုက်သေဆုံးမှု ၁၀၂ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅၉၀ ဦးရှိကာ စုစုပေါင်း ၆၉၂ ဦး ရှိခဲ့တယ်လို့ UNICEF ဖော်ပြချက်အရ သိရပါတယ်။

မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကြောင့် ရှမ်းပြည်နယ်က သေဆုံးသူ ၂၀ ဦး၊ ထိခိုက်ဒဏ်ရာရ ၁၄၀ ကျော်နဲ့ အများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းက သေဆုံး ၁၉ ဦးနဲ့ ဒုတိယအများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်က သေဆုံး ၁၅ ဦးအထိရှိကာ တတိယအများဆုံးလို့ UNICEF ဖော်ပြချက်အရ သိရပါတယ်။

မြန်မာနိုင်ငံတစ်ဝှမ်းက မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာ ချင်းပြည်နယ် အပါအဝင် ဧရာဝတီ၊ ပဲခူး၊ ကချင်၊ ကယား၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ နေပြည်တော်၊ တနင်္သာရီ နဲ့ ရန်ကုန် မှာ ဖြစ်ရပ်ပေါင်း ၁၈၀ ဖြစ်ခဲ့ပြီး ထိခိုက်ခံစားသူ ၃၂၅ ဦး နဲ့ သေဆုံးမှုအားလုံးရဲ့ ၄၇ ရာခိုင်နှုန်းရှိတယ်လို့လည်း သိရပါတယ်။

မြေမြှုပ်မိုင်းကြောင့် ၂၀၂၄ ခုနှစ် ပထမ ၆ လအတွင်း အရပ်သားထိခိုက်သေဆုံးမှုဟာ ၂၀၂၃ ခုနှစ် တစ်နှစ်လုံး ထိခိုက်သေဆုံးမှုအရေတွက်ရဲ့ ၆၆ ရာခိုင်နှုန်းအထိရှိတယ်လို့ UNICEF ကထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း ၃ နှစ်တာအတွင်း ချင်းပြည်နယ်မှာ မြေမြုပ်မိုင်းနင်းမိလို့ ချင်းလူမျိုး ၃၆ ဦးသေဆုံးခဲ့ရပြီး ၆၆ ဦးဟာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ မှတ်တမ်းအရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *