မြန််မာပြည်ဘက်ကိုသယ်ဆောင်မယ့် စက်သုံးဆီ ၄၇ တိုင်ကီကို ဒီနေ့ဩဂုတ်လ ၃ ရက်မှာ မီဇိုရမ်ပြည်နယ် Mampui အရပ်မှာ Mampui YLA က ဖမ်းဆီးပြီး ဖမ်းဆီးထားတဲ့ စက်သုံးဆီ ၄၇ ပုံးကို ဗဟိုလိုင်လူငယ်အစည်းအရုံး(CYLA) လက်ထဲပြန်အပ်ဖို့လောင်တလိုင်မြို့ဘက်ကို ပြန်ပို့လိုက် တယ်လို့ မီဇိုရမ်ပြည်နယ်သတင်းတွေအရသိရပါတယ်။
မြန်မာနိုင်ငံဘက် စက်သုံးဆီသယ်ဆောင်ခွင့်ကို CYLA က ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်ကနေစတင်ပိတ်ပင်ထားခဲ့တာဖြစ်ပါတယ်။
ဩဂုတ်လ ၃ ရက်နေ့မနက် ၃ နာရီခန့်မှာ သယ်ဆောင်ဖို့ပိတ်ပင်ထားတဲ့ စက်သုံး ဆီများကို မြန်မာနိုင်ငံဘက် သယ်ဆောင်လာ ကြကြောင်း၊CYLA ထံကနေ သတင်းရရှိပြီး နောက် Mampui မှာ YLA တွေအကုန်စုပြီးတားဆီး စစ်ဆေးတာလုပ်ခဲ့ကြောင်း၊အဲဒီမှာ SK ကား ၃စီး နဲ့ Pickup ကားတစ်စီး အားလုံးပေါင်း ကား ၄စီး တို့ဖြင့်သယ်ဆောင်လာတဲ့ စက်သုံး ဆီ ၄၇ တိုင်ကီကိုဖမ်းဆီးခဲ့ကြောင်း မီဇိုရမ်ပြည်နယ်သတင်းတွေမှာ ဖော်ပြထားပါတယ်။