Headlines

မြန်မာနိုင်ငံက ကလေးသူငယ် ၆ သန်း အပါအဝင် လူဦးရေ ၁၉ သန်းနီးပါး အရေးပေါ် အကူအညီလိုအပ်

မြန်မာနိုင်ငံအတွင်း ကျယ်ပြန့်လာတဲ့ ပဠိပက္ခတွေနဲ့ ဆိုးရွားတဲ့ သဘာဝဘေးအန္တရယ်တွေ ကြောင့် ကလေးသူငယ် ၆ သန်းအပါအဝင် လူဦးရေ ၁၉ သန်းနီးပါး(၁၈.၆ သန်း ) လူသားချင်းစာနာမှု အကူအညီ အရေးပေါ် အကူအညီလိုအပ်နေတယ်လို့ ကမ္ဘာ့လူသားချင်းစာနာထောက်ထားရေးနေ့ ဖြစ်တဲ့ သြဂုတ်လ ၁၉ ရက်နေ့ မှာ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနိူင်းရေးရုံး(UNOCHA) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လူဦးရေ သန်း ၅၀ ကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ လူဦးရေရဲ့ သုံးပုံတစ်ပုံကျော်လောက်က လူသားချင်းစာနာမှု အကူအညီတွေ အရေးပေါ် လိုအပ်နေတာလည်းဖြစ်ပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနိူင်းရေးရုုံး(UNOCHA) အနေနဲ့ ၂၀၂၄ ခုနှစ် ပထမ ခြောက်လအတွင်း အကူအညီလိုအပ်နေတဲ့ လူဦးရေ ၂.၁ သန်း စာ အကူအညီအထောက်ပံ့ပေးထားပေမယ့် အခုတစ်နှစ်လုံးစာအတွက် လိုအပ်ချက်ရဲ့ ၂၁ ရာခိုင်နှုန်းသာ ရန်ပုံငွေရရှိပြီး ကူညီပေးနိုင်တာလို့လည်း UNOCHA ရဲ့ထုတ်ပြန်ချက်အရသိရှိရပါတယ်။

၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း လူဦးရေ ၅ သိန်းဝန်းကျင်နေထိုင်တဲ့ ချင်းပြည်နယ်မှာ ၃ နှစ်ခွဲ့ခန့်အတွင်း ချင်းပြည်နယ်လူဦးရေ ထက်ဝက်ခန့်ဖြစ်တဲ့ လူဦးရေ ၂ သိန်းခွဲဝန်းကျင်ဟာ တိုက်ပွဲနဲ့ပဠိပက္ခတွေကြောင့် နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)ရဲ့ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃ ရက် ထုတ်ပြန်ချက်အရသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *