Headlines

မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် အမေရိကန်နိုင်ငံမှာ ချင်းလူထုနဲ့တွေ့ဆုံဖို့ထွက်ခွါ

အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhoma ဟာ အမေရိကန်ပြည်ထောင်စုက ချင်းလူထုနှင့်တွေ့ဆုံပွဲတက်ရောက်ဖို့အတွက် ဒီနေ့ဩဂုတ်လ ၃၀ ရက်နေ့မှာ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့မှ စတင်ထွက်ခွါသွားပြီဖြစ်ကြောင်း မီဇိုရမ်ပြည် သတင်းဖော်ပြချက်အရသိရပါတယ်။

မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်Pu Lalduhoma ဟာချင်းလူမျိုးအများစုနေထိုင်ကြတဲ့ အမေရိကန်နိုင်ငံ၊အင်ဒီယားနားပြည်နယ်မှာ စက်တင်ဘာလ ၄ ရက်နေ့မှာ ချင်းလူထုနှင့်တွေ့ဆုံမှာဖြစ်ပါတယ်။

မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်Pu Lalduhoma ဟာ အမေရိကန်ခရီးစဉ်အတွင်းမှာ အမေရိကန်ပြည်ထောင်စုမြို့တော်ဝါရှင်တန်ဒီစီက အမေရိကန်အစိုးရဌာနတာဝန်ရှိသူများနှင့်လည်း တွေ့ဆုံရန်စီစဉ်ထားကြောင်းမီဇိုရမ်ပြည်သတင်းမှာဖော်ပြချက်အရသိရပါတယ်။

၂၀၂၁ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် မတည်ငြိမ်မှုနဲ့မလုံခြုံမှုတွေကြောင့် ချင်းပြည်နယ်က ချင်းလူမျိုး ၅ သောင်းခန့်ဟာ နယ်နမိတ်ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်ဆီထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *