Headlines

မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် အမေရိကန်သွားပြီး ချင်းလူထုနဲ့ တွေဆုံမယ်လို့ သိရ

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Pu Lalduhoma ဟာ အမေရိကန်နိုင်ငံ ၊Indiana ပြည်နယ် က ချင်းလူထုနဲ့ လာမည့် စက်တင်ဘာလ ၄ ရက်နေ့မှာ တွေ့ဆုံဖို့လာရောက်မယ်လို့ သိရပါတယ်။

မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Pu Lalduhoma ကို Chin Community of Indiana (CCI) က ဖိတ်ကြားခဲ့တာဖြစ်ပြီး CCI က အမေရိကန်မှာရှိတဲ့ ချင်းလူမျိုးအားလုံးကို မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်နဲ့ အရေးကြီးတဲ့ ဆွေးနွေးပွဲကို ပါဝင်တက်ရောက်ကြဖို့ကိုလည်း Chin Community of Indiana (CCI) ကြေညာထားပါတယ်။

မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Pu Lalduhomaဟာ အမေရိကန်နိုင်ငံ Indiana က Chin Evangelical Baptish Church အသင်းတော််ကို လာမယ့် စက်တင်ဘာလ ၄ ရက်နေ့မှာ ရောက်ရှိပြီး ညနေ ၇ နာရီနဲ့ ၉ နာရီကြားမှာ ချင်းလူထုနဲ့ တွေ့ဆုံသွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။

ဝန်ကြီးချုပ် Pu Lalduhomaဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့က ကျင်းပတဲ့ မီဇိုရမ်ပြည်နယ် လွှတ်တော်ရွေးကောက်ပွဲမှာ Zoram People’s Movement – ZPM ပါတီကို ဦးဆောင်ပြီး မဲဆန္ဒနယ်မြေ ၄၀ မှာ ၂၇ နေရာမှာ အနိုင်ရရှိပြီး ZPM ပါတီက ပြည်နယ် အစိုးရဖွဲ့စည်းနိုင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *