Headlines

မကွေးတိုင်းကနေ ဝယ်ယူရတဲ့ စားသောက်ကုန်နဲ့ဆေးဝါးတွေကို ပလက်ဝမှာ စျေးအဆမတန် ပေးဝယ်နေရတယ််လို့ သိရ

မကွေးတိုင်း၊ဆောမြို့နယ် ကနေ ဝယ်ယူရတဲ့ စားသောက်ကုန်နဲ့ ဆေးဝါးတွေကို ချင်းပြည်နယ််၊ပလက်ဝမြို့နယ်ရောက်ရင် မှုလစျေးနှုန်းရဲ့ သုံး၊လေး၊ငါး ဆလောက်နဲ့ ပြန်ဝယ်နေရတဲ့အကြောင်း ပလက်ဝဒေသခံတွေဆီကနေ သိရပါတယ်။

ချင်းပြည်နယ်တောင်ပိုင်းက ဒေသခံတွေ အားလုံးဟာ မကွေးတိုင်း၊ဆောကနေ ကုန်ပစ္စည်းတွေ ဝယ်ယူကြတာဖြစ်ပြီး ဆောမှာ စျေးနှုန်းတန်ဖိုး ကျပ် ၁၀၀၀ ရှိတဲ့ ကုန်စ္စည်းဟာ ပလက်ဝဘက်ရောက်ရင် ပစ္စည်းတန်ဖိုးဟာ ၃၀၀၀ ထက်ပိုပေးရတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ဘေးရှောင်ပလက်ဝဒေသခံတစ်ဦးက “အထူးသဖြင့် စားကုန်ပစ္စည်းတွေ၊ လူသုံးကုန်တွေနဲ့ ဆေးဝါးတွေက စျေးတော်တော်ကြီးနေတယ်လို့ သိရတယ် အဓိက ဒီလိုစျေးကြီးရတာက ဆောကနေ ဆိုင်ကယ်နဲ့ ကုန်ပစ္စည်းတွေ သယ်ကြတာလေ ကယ်ရီခကိုက ဆောကနေ လေးမြို့မြစ်နားကို ၁၄ သိန်းလောက်ပေးရတာလေ အဲဒါတွေကြောင့်ဖြစ်တယ်” လို့ပြောပါတယ်။

အခုလို ပလက်ဝနဲ့ ဆောအကြား ကယ်ရီခ စျေးကြီးရတာက မိုးတွင်းကာလ လမ်းပျက်စီးတာတွေများပြီး ဆိုင်ကယ်အဌားလိုက်မယ့်သူ မရှိတာတွေကြောင့်လို့လည်း သိရပါတယ်။

ပလက်ဝမြို့နယ်အတွက် လိုအပ်တဲ့ ကုန်ပစ္စည်းတွေကို အရင်က အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ဘက်နဲ့ ရခိုင်ပြည်နယ် ကျောက်တော်ဘက်ကနေ ကုန်စည်တွေ သွင်းယူနေတာဖြစ်ပေမယ့် လက်ရှိမှာ အဲဒီလမ်းကြောင်းတွေ ပိတ်ထားတာကြောင့် မကွေးတိုင်း ဆောနယ် ဘက်ကနေတဆင့် သယ်ယူ နေကြရပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ် အာဏာမသိမ်းခင်က ချင်းပြည်နယ် ပလက်ဝမြို့နယ်ကနေ ဆောမြို့နယ််ဘက်ကို ဆိုင်ကယ် ကယ်ရီခ လူတစ်ဦးကို ၅ သောင်းဝန်းကျင်သာ ရှိခဲ့ပါတယ်။

လက်ရှိ ပလက်ဝမြို့နယ်က ဒေသခံတွေဟာ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး ကိစ္စတွေကို မကွေးတိုင်း ဆောနဲ့ မကွေးမြို့ဘက်ကို အဓိက မှီခိုနေရတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *