Headlines

ဗါးရ် – လုမ်ဘန်း အကြား ကားလမ်းပေါ် မြေပြိုတာ ပြုပြင်ဆောင်ရွက်ပြီးစီးပြီလို့ သိရ

ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်းက ဗါးရ် – လုမ်ဘန်း အကြား ကားလမ်းပေါ် မြေပြိုတာတွေကို ပြုပြင်ဆောင်ရွက်ပြီးစီးပြီလို့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) က ဒီကနေ့ သြဂုတ်လ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဗါးရ် – လုမ်ဘန်း ကားလမ်းပေါ် မြေပြိုတာတွေကို ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)  ဗဟိုကော်မတီ ညွှန်ကြားမှုနဲ့ Falam Regional Committee ကနေ တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး  ပြီးခဲ့တဲ့ရက်ကဘဲ ပြုပြင်ဆောင်ရွက်မှု ပြီးစီးခဲ့တယ်လို့ သိရပါတယ်။

ဗါးရ် – လုမ်ဘန်းကားလမ်းဟာ ချင်းတောင်ခြေ ကလေးမြို့ မြေပြန့်ဒေသနဲ့ ချင်းပြည်နယ်ကို ဆက်သွယ်သွားလာရာမှာ အသုံးပြုတဲ့  ကားလမ်းလည်း ဖြစ်ပါတယ်။

မိုးတွင်းကာလ လမ်းမြေပြိုကျတာတွေကြောင့် ပြီးခဲ့တဲ့ သြဂုတ်လ ၅ ရက်နေ့က ဖလမ်းမြို့ ကျင်မွှာလ်ရပ်ကွက်က လူနေအိမ်တစ်လုံးပြိုကျပျက်စီးခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *