Headlines

နိုင်ငံကျော်ပန်းချီဆရာ လူရှည်တောင်တန်းမိုးယဉ်သဲရာရဲ့ပန်းချီစာအုပ်ထုတ်ဝေ

နိုင်ငံကျော်ပန်းချီဆရာ လူရှည်တောင်တန်းမိုးယဉ်သဲရာရဲ့ကိုယ်ရေးအကျဉ်းနဲ့ဆရာမိုးယဉ်ရဲ့လက်ရာ ပန်းချီကားပုံတွေပါဝင်တဲ့ပန်းချီစာအုပ်ကို ထုတ်ဝေဖြန့်ချီပြီဖြစ်ကြောင်းသိရပါတယ်။

ပန်းချီ -မိုးယဉ်

စာမျက်နှာ ၁၄၄

ကြွေစက္ကူဖြင့် – ခန့်ချုပ်

(စာအုပ်အရွယ် ၈_၁၀ လက်မ)

တန်ဖိုး – ၅၀၀၀၀ ကျပ်

နှစ်ကာလများမှ ဖြန့်ချိသည်

ဖုန်း -018255948,09740979393

—–

မာတိကာ

၁။ ပန်းချီပြပွဲနှင့် စာအုပ်ထုတ်ရခြင်းအကြောင်း

၂။ ကျွန်တော်တို့သိသော ဦးမိုးယဉ်

၃။ ပန်းချီ မိုးယဉ်၏ ကိုယ်ရေးအကျဉ်း

၄။ နောက်ထပ်မြင်နိုင်ခွင့်တို့ စတင်ရာ

၅။ မိုးယဉ် ၏ ပန်းချီကားများ ပါဝင်ပါတယ်။

—–

မိုးယဉ်

ပန်းချီပြပွဲနှင့် စာအုပ်ထုတ်ဝေခြင်း

ရည်ရွယ်ချက်—-

ပန်းချီဆရာဦးမိုးယဉ်သည် မြန်မာခေတ်ပြိုင် ပန်းချီဆရာများထဲတွင် ကိုယ်ပိုင်ဟန်ထူထောင်နိုင်သောပန်းချီဆရာတစ်ဦးဖြစ်သည်ဟုယုံကြည်ပါသည်။ ထို့ကြောင့် ၂ဝ၂၄ ခုနှစ်တွင် အသက်(၇၂) နှစ်ပြည့်ခဲ့ပြီဖြစ်သော ပန်းချီဆရာဦးမိုးယဉ်အတွက် မှတ်တမ်းကျန်ရှိစေရန် ပန်းချီပြပွဲကျင်းပခြင်းနှင့်မိုးယဉ်ပန်းချီစာအုပ်ထုတ်ဝေခြင်းတို့ ပြုလုပ်ရခြင်း ဖြစ်ပါသည်။

ကျွန်တော်မျိုးဆွေသန်း၊ ကိုအယ်နောင်း နှင့် ကိုမျိုးမြင့်အောင်တို့ စုဆောင်းထားသော

ပန်းချီဆရာ ဦးမိုးယဉ်၏ ပန်းချီကားများထဲမှ (၃)ဦးစုပေါင်း၍ပန်းချီကား (၁၁၅)ကားကိုတစ်စုတစ်စည်းတည်းပြပွဲပြုလုပ်ပြီး ထိုပန်းချီကားများကိုပင် တစ်စုတစ်စည်းတည်းပုံနှိပ်၍ ပန်းချီစာအုပ် ပြုလုပ်ထုတ်ဝေဖို့ဆုံးဖြတ်ခဲ့ကြပါသည်။

ထိုရည်ရွယ်ချက်မှာ မြန်မာပန်းချီလောကတွင် မိုးယဉ်ဟူသော ပန်းချီဆရာအတွက်

မှတ်တမ်းကျန်ရှိစေလိုခြင်း၊ ပန်းချီဆရာဦးမိုးယဉ်၏ ပန်းချီအနုလက်ရာများကို နှစ်သက်မြတ်နိုးသူတို့အတွက်ပန်းချီကားများကိုတစ်စုတစ်စည်းတည်းမြင်တွေ့စေလိုခြင်းနှင့်ကျွန်တော်တို့(၃) ဦးမှ ဆရာ

ဦးမိုးယဉ်၏ ပန်းချီကားများကို စုဆောင်းပိုင်ဆိုင်ခွင့်ရခဲ့သည့်အတွက် ဆရာဦးမိုးယဉ်၏ဂုဏ်ကျေးဇူးကိုကောင်းစွာအသိမှတ်ပြု နားလည်ခံစားမိသောကြောင့် ဤစာအုပ်ကို ထုတ်ဝေခြင်း ဖြစ်ပါသည်။

(ဒီဇိုင်း မျိုးဆွေသန်း)

“ကိုမျိုးဆွေသန်း၊ ကိုအယ်

#ပန်းချီမိုးယဉ်

#နှစ်ကာလများ

Leave a Reply

Your email address will not be published. Required fields are marked *