Headlines

တော်လှန်ရေးကိုအနှောင့်အယှက်ပေးတဲ့အတွက် ဟားခါးမြို့မှာ အိမ်မွေးခွေးတွေ မမွေးကြတော့ဖို့ CDF – Hakha အသိပေးထုတ်ပြန်

တော်လှန်ရေးကို အနှောင့်အယှက်ပေးတဲ့အတွက် ချင်းပြည်နယ် ဟားခါးမြို့ပေါ်မှာ ခွေးမွေးထားတဲ့သူတွေအနေနဲ့ မိမိခွေးကို သြဂုတ်လ ၁ ရက်နေ့ နောက်ဆုံးထားပြီး ရောင်းကြဖို့ နဲ့ ဒါမှမဟုတ် သတ်ကြဖို့ကို CDF – Hakha က ဇူလိုင်လ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မြို့ပေါ်က ခွေးတွေဟာ သူများကို ကြောက်လန့်စေသလို၊ တော်လှန်ရေးအတွက်လည်း တော်တော်ကို အနှောက်အယှက်ပေးတဲ့ အတွက် သြဂုတ်လ ၁ ရက်နေ့နောက်ဆုံးထားပြီး မိမိမွေးထားတဲ့ ခွေးတွေကို ရောင်းရင်ရောင်း၊ မရောင်းရင် သတ်ကြဖို့ ကြေညာလိုက်ပါတယ်၊ခွေးဟောင်လို့ ဟောင်တဲ့ဘက်ကို စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်တာတွေ လုပ်နိုင်တယ်။ အဲဒီလိုချိန်ကျရင် မိမိရပ်ကွက်၊ အိမ်နီးနားချင်းတွေအတွက် အခက်အခဲတွေ ကြုံတွေ့စေနိုင်တယ် နောက်ပြီးတော်လှန်ရေးသမားတွေလည်းဒုက္ခရောက်နိုင်တယ်လို့ CDF-Hakha က ထုတ်ပြန်ထားပါတယ်။

ဒါ့ပြင် အိမ်ပြင်ထွက်လာတဲ့ ခွေးတွေကို မည်သူမဆို သတ်ပိုင်ခွင့်ရှိမယ်လို့ ဆိုထားပြီး ခွေးပိုင်ရှင်တွေကိုလည်း ပြစ်ဒဏ်ပေးမယ်လို့ CDF – Hakha ကထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *