Headlines

တိုက်ပွဲကြောင့် ၂ လ ကျော်ပိတ်ထားရတဲ့ တီးတိန်မြို့ပြည်သူ့ဆေးရုံ ပြန်လည်ဖွင့်လှစ်

ဩဂုတ်လ ၁ ရက်နေ့မှာ  တီးတိန်မြို့တွင်း တိုက်ပွဲ ကြောင့် နှစ်လကျော် ပိတ်ထားခဲ့ရတဲ့ တီးတိန်မြို့ ကုတင် ၁၀၀ ပြည်သူ့ဆေးရုံ ပြန်လည် ဖွင့်လှစ်ခဲ့တယ် လို့ တီးတိန်ဒေသခံများ ထံမှ ကြားသိခဲ့ရတယ်။ 

“လက်ရှိမှာတော့ လက်ထောက် ဆရာဝန် နှစ်ယောက်ရှိတယ်။ ဆေးရုံ ပြန်ဖွင့် တာနဲ့ တက်ရောက် ကုသ တဲ့ လူ တခါတည်း ရှိတာပဲ။ ဒီနေ့ နေ့ခင်း အထိ သိရသလောက် က ညအိပ် တက်ရောက်မယ့် လူနာ တစ်ယောက် ရှိတယ် လို့ ပြောကြတယ်” လို့ ယင်း တီးတိန်မြို့ဒေသခံက Chin World Media ကို ပြောပါတယ်။ 

နှစ်လ ကျော်ကြာ ပိတ်ခဲ့ရသည့် ဆေးရုံကို ပြန်လည် မွမ်းမံရန် နှင့် သန့်ရှင်းရေး လုပ်ရန် အတွက် တီးတိန်မြို့ ရှိ အသင်းတော် ကြီးများက အလှူငွေ ထည့်ဝင်ခဲ့ကြရကြောင်း၊ ဇူလိုင်လ ကုန်တွင် ပြန်ဖွင့် နိုင်ရန် မြိုခံ လူကြီးများမှ ဆောင်ရွက် ခဲ့ကြခြင်း ဖြစ်ကြောင်း တီးတိန်မြို့ လူမှု အဖွဲ့အစည်း ခေါင်းဆောင် တစ်ဦး ထံမှလည်း သိရှိခဲ့ရ ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *