Headlines

စစ်ကောင်စီက ကျင်းပရန် ကြံစည်နေသောအတုအယောင်ရွေးကောက်ပွဲကို မည်သည့်နည်းနှင့်မျှ အသိအမှတ်မပြု၊ ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် NLDပါတီထုတ်ပြန်

စစ်ကောင်စီက ကျင်းပရန် ကြံစည်နေသော အတုအယောင်ရွေးကောက်ပွဲကို မည်သည့်နည်းနှင့်မျှ အသိအမှတ်မပြု၊ ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် စသည့်အချက်များအပါအဝင် ဆုံးဖြတ်ချက် (၁၄) ချက်ကို ပါတီအစည်းအဝေးမှာကန့်ကွက်သူမရှိ အတည်ပြုချမှတ်နိုင်ခဲ့ကြောင်း ဒီကနေ့ ဩဂုတ်လ ၃၁ ရက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကထုတ်ပြန်ပါတယ်။

၂၀၂၄ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့ နံနက် ၉ နာရီအချိန်တွင်အမျိုးသားဒီမိုကရစီအဖွဲ့ချုပ် ဒုတိယဗဟိုကော်မတီ၏ ကြားကာလစတုတ္ထအကြိမ် အစည်းအဝေး ကို Zoom မှတစ်ဆင့် ကျင်းပခဲ့ရာ၊အစည်းအဝေးသို့ သဘာပတိအဖွဲ့ဝင် (၁) ဦး၊ ဗဟိုကော်မတီဝင်(၄၀) ဦး၊ အရံဗဟိုကော်မတီဝင် (၁၁) ဦး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အလုပ်အမှုဆောင်(၂၁) ဦး၊ ဗဟိုရေးရာကော်မတီများမှ (၂၀) ဦး စုစုပေါင်း (၉၃) ဦး တက်ရောက်ခဲ့ကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကထုတ်ပြန်ပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော မြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးမှုမပါဝင်ဘဲ ပြေလည်ရေးလမ်းစ ရရှိနိုင်မည်မဟုတ်ဟု ယုံကြည်ပါသောကြောင့် မတရားဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေးကို လုပ်ဆောင်သင့်လုပ်ဆောင်နိုင်သည့် နည်းလမ်းမျိုးစုံအသုံးပြု၍ ကြိုးပမ်းဆောင်ရွက်ရန်နှင့် စစ်ကောင်စီက ကျင်းပရန် ကြံစည်နေသော အတုအယောင်ရွေးကောက်ပွဲကို မည်သည့်နည်းနှင့်မျှ အသိအမှတ်မပြု၊ ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် စသည့်အချက်များအပါအဝင် ဆုံးဖြတ်ချက် (၁၄) ချက်ကို ပါတီအစည်းအဝေးမှာ ကန့်ကွက်သူမရှိ အတည်ပြုချမှတ်နိုင်ခဲ့ကြောင်း ဒီကနေ့ ဩဂုတ်လ ၃၁ ရက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကထုတ်ပြန်ပါတယ်။

ဒီကနေ့ပြုလုပ်တဲ့ NLD ပါတီ အစည်းအဝေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သဘာပတိအဖွဲ့ဝင် မန်းဂျော်နီက သဘာပတိ အဖြစ်ဆောင်ရွက်ခဲ့ပြီး ဗဟိုအလုပ်ကော်မတီအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးတို့မှ ဗဟိုကော်မတီဝင်များ၊ ဗဟိုရေးရာကော်မတီများမှ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာများ၊ အကြံပြုစာတမ်းများ တင်ပြဆွေးနွေးခဲ့ကြကြောင်း၊ဗဟိုအလုပ်ကော်မတီ၏လုပ်ငန်းအစီရင်ခံစာကို အတည်ပြုပြီး၊ တင်သွင်းလာသော အကြံပြု ချက်များနှင့် အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ (တတိယမူကြမ်း)ကို မှတ်တမ်းတင်ခဲ့ကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကထုတ်ပြန်ပါတယ်။

၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီကအသစ်ပြင်ဆင်ပြဌာန်းတဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကပါတီပြန်လည်မှတ်ပုံမတင်တဲ့အတွက်ပါတီဖျက်သိမ်းခြင်းခံခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *