မကွေးတိုင်း၊ ငဖဲမြို့နယ်၊ မင်းဘူး – အမ်း ကားလမ်းမ ပေါ်က တုံးကြီးကျေးရွာအနီး လက်ဖက်ခြံစခန်းကုန်းပေါ်မှာ တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့က လင်းတဲကျေးရွာဘက်ကို ကင်းရှည်ထွက်လာတဲ့ အင်အား ၂၀ ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းနှင့် အရှိုချင်းကာကွယ်ရေးတပ် – ACDF နှင့် မဟာမိတ်ပူးပေါင်းတပ် New Society Army (NSA) ၊ People Independent Army (PIA) တို့ သြဂုတ်လ ၁၉ မနက် ၁၁:၀၀နာရီတွင် နာရီဝက်ခန့်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့ကာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၂) ဦး ပွဲချင်းပြီးသေဆုံးကာ ၊MA3 သေနတ်တစ်လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ACDF က ဒီနေ့ဩဂုတ်လ ၂၆ ရက်မှာသတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဟာ ငဖဲမြို့နယ်၊ အရှိုချင်းကျေးရွာတွေဖြစ်တဲ့ တောင်ပေါ် ဆယ်အုပ်စုအတွင်းရှိ ပြည်သူပိုင်ပစ္စည်းများဖြစ်သော ဆိုင်ကယ်များ လက်နက်အားကိုးဖြင့် လုယူခြင်း၊ ပြည်သူပိုင် ဥယျာဉ်ခြုံအတွင်း သီးနှံများ ခိုးယူစားသုံးခြင်း၊ ပြည်သူများကို ခြိမ်းခြောက်ခြင်းများ မကြာခဏ လုပ်ဆောင်နေကြောင်း ACDF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ACDF တပ်ဖွဲ့ဟာ မကွေးတိုင်းဒေသကြီး ၊မကွေး – ရခိုင်ပြည်နယ်နယ်စပ် ဒေသတွေမှာအဓိကစစ်ရေးလှုပ်ရှားနေတဲ့တပ်ဖွဲ့ဖြစ်ပါတယ်။