Headlines

ချင်းပြည်(Chinland) ကောင်စီနဲ့ မီဇိုးကျောင်းသားသမဂ္ဂ (MZP) တို့တွေ့ဆုံမှုမှာ ချင်းမျိုးနွယ်စုများအကြား သဘောထားကွဲလွဲမှုများကိုဖြေရှင်းရာမှာအကြမ်းဖက်သောနည်းလမ်းကိုအသုံးမပြုရန် အချက်အပါအဝင် အချက် ၃ ချက်ကို သဘောတူကြောင်းထုတ်ပြန်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် မြို့တော် အိုင်ဇောလ်မြို့ မှာ ချင်းပြည်(Chinland)ကောင်စီ/ချင်းပြည်အစိုးရနှင့် မီဇိုးကျောင်းသားသမဂ္ဂ (MZP )အဖွဲ့တို့ဩဂုတ်လ ၂၀ ရက်နေ့က တွေ့ဆုံခဲ့ကြပြီး ချင်းမျိုးနွယ်စုများအကြား သဘောထားကွဲလွဲမှုများကိုဖြေရှင်းရာမှာအကြမ်းဖက်သောနည်းလမ်းကိုအသုံးမပြုရန် နှင့် Chinland Council အနေဖြင့် ချင်းပြည်အတွင်းရှိ အဖွဲ့အစည်းအသီးသီးနှင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး နည်းလမ်းများရှာဖွေသွားရန် ၊စည်းလုံးညီညွတ်ရေးအတွက် MZP အဖွဲ့ရဲ့ကြိုးစား ဆောင်ရွက်ချက်များကို အားပေးထောက်ခံကြောင်း၊စတဲ့ အချက် ၃ ချက်ကို ဆွေးနွေးသဘောတူခဲ့ကြကြောင်း MZP အဖွဲ့က ဒီနေ့ဩဂုတ်လ ၂၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဩဂုတ်လ ၂၀ ရက်က အိုက်ဇောလ်မြို့၊ MZP ရုံးမှာ ပြုလုပ်တဲ့ ချင်းပြည်(Chinland)ကောင်စီ/ချင်းပြည်အစိုးရနှင့် မီဇိုးကျောင်းသားသမဂ္ဂ (MZP )အဖွဲ့တို့အစည်းအဝေးမှာ ချင်းပြည်(Chinland) ကောင်စီကဖွဲ့စည်းထားတဲ့ ချင်းပြည်အစိုးရဝန်ကြီးချုပ်ပူးပါထန်းဦးဆောင်တဲ့ Chinland Council အဖွဲ့ဝင်တချို့ပါဝင်တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။

မီဇိုးကျောင်းသားသမဂ္ဂ (MZP )အဖွဲ့ဟာ ချင်းမျိုးနွယ်စုအချင်းချင်းကြား စည်းလုံးညီညွတ်မှုအားကောင်းလာစေရေးအတွက် ကြားဝင်ဆောင်ရွက်ပေးနေကာ ဩဂုတ်လ ၇ ရက်နေ့ကလည်းမီဇိုးကျောင်းသားသမဂ္ဂ(MZP) နဲ့ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ခေါင်းဆောင်တချို့တို့ အိုင်ဇောလ်မြို့မှာ တွေ့ဆုံခဲ့ကြကြောင်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *