ချင်းပြည်နယ်ကနေ ရက္ခိုင့်တပ်တော် (AA) ထွက်ခွါပေးဖို့ အိန္ဒိယနိုင်ငံ၊မီဇိိုရမ်ပြည်နယ် ၊လောင်တလိုင်မြို့မှာ ဒီကနေ့ သြဂုတ်လ ၁၀ ရက်နေ့မှာ ချင်းစစ်ဘေးရှောင်တွေက ဦးဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ သိရပါတယ်။
“ချင်းပြည်နယ်မှ AA ထွက်ခွါပေးရန် ၊ချင်းပြည်ကောင်စီကို ထောက်ခံသည် “ စတဲ့ စာတန်း၊အကြောင်းအရာတွေကို ဆန္ဒပြတဲ့ ချင်းစစ်ဘေးရှောင်လူစုက ပိုစတာကိုင်ဆောင်တာ ၊ မိန့်ခွန်းပြောတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ပြုလုပ်တဲ့ ဆန္ဒပြလှုပ်ရှားမှုကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်ကို စစ်ဘေးရှောင်ကြတဲ့ ချင်းစစ်ဘေးရှောင်တွေထဲက မတူပီမြို့နယ်က စစ်ဘေးရှောင်တွေက အဓိက ဦးဆောင်ပြီး ထန်တလန်၊ ဟားခါးနယ်ဘက်က စစ်ဘေးရှောင်တွေလည်းပါဝင်တယ်လို့သိရပါတယ်။