ချင်းပြည်ကောင်စီ(Chinland Council) ဝန်ကြီးချုပ်နဲ့အဖွဲ့ဟာ ထန်တလန်မြို့ စစ်မြေပြင်ကိုသွားရောက်ပြီး Chinland Council ပူးပေါင်းတပ်ဖွဲ့ကို လိုအပ်ချက်များကိုပံ့ပိုးပေး၊အားပေးခဲ့တယ်လို့Government Of Chinland Council က ဒီကနေ့ဩဂုတ်လ ၁၇ ရက်နေ့ မှာသတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါ ထန်တလန်မြို့ခရီးစဉ်မှာ ချင်းပြည်ကောင်စီ အစိုးရအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးနဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးတို့ လိုက်ပါခဲ့တယ်လို့ Government Of Chinland Council က ဒီကနေ့ ဩဂုတ်လ ၁၇ ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။
CNF/A ဦးဆောင်တဲ့ Chinland Council ပူးပေါင်းတပ်ဖွဲ့ဟာဇူလိုင်လ ၂၂ ရက်ကနေစပြီး ဒီနေ့အချိန်အထိ ဟားခါး-ထန်တလန်ကြားက စစ်ကောင်စီတပ်စခန်းတွေကို စတင်တိုက်ခိုက်သိမ်းပိုက်ခဲ့ကာ ထန်တလန်မြို့ပေါ်ရှိ ခလရ ၂၆၉ စခန်းကုန်းအပါအဝင် စစ်ကောင်စီတပ်စခန်းပေါင်း ၈ ခု ထက်မနည်းကို သိမ်းပိုက်နိုင်ခဲ့ပြီလို့သိရပါတယ်။
CNF/A ဦးဆောင်တဲ့ Chinland Council ပူးပေါင်းတပ်ဖွဲ့ က မကြာသေးမီကာလကသိမ်းပိုက်ထားတဲ့ ဟားခါးမြို့နဲ့ ထန်တလန်မြို့အကြားကစခန်းတွေနဲ့ထန်တလန်မြို့ကစခန်းတွေပြန်ရဖို့အတွက် ဩဂုတ်လ ၆ ရက်ကနေ အခုအချိန်အထိ စစ်ကောင်စီတပ်က အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF/A )ရဲ့ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီကChin World Media ကိုပြောပါတယ်။