Headlines

ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီ(ICNCC)နဲ့ NUG/FSCC အကြား ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သိရ

ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီ(ICNCC) နဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်/ ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် (FSCC) ကြား ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အစည်းအဝေးတက်ရောက်သူဆီက သိရပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ၊ ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်/ ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် (FSCC) နဲ့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီ(ICNCC) တို့ မနေ့ သြဂုတ်လ (၁၃) ရက်နေ့ မှာ အွန်လိုင်းကနေ တဆင့် တွေ့ဆုံအစည်းအဝေးကျင်းပခဲ့ပါတယ်။

အစည်းအဝေးမှာပါဝင်တဲ့ CDF – မတူပီ တပ်မဟာ (၁) က ပြောရေးဆိုခွင့်ရှိသူ Ko Boi UK က “ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတာပါဘဲ ကျန်တာတော့ ထုတ်ပြန်ဖို့ မရှိဘူး” လို့ပြောပါတယ်။

အစည်းအဝေးကို အမျိုးသားညီညွှတ်ရေးအစိုးရ၊ ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်/ ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် (FSCC) ဘက်က ဥက္ကဌ ယာယီ သမ္မတ ဒူဝါလရှီးလ၊ ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်ခိုင်သန်း၊ FSCC အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးတွေနဲ့ အတွင်းရေးမှုးအဖွဲ့ဝင်တွေ ပါဝင်တက်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။

အစည်းဝေးမှာ ICNCC ဘက်က တာဝန်ရှိသူတွေက ၎င်းတို့ သက်ဆိုင်ရာအဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်နဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို ရှင်းလင်းတင်ပြကြပြီး အပြန်အလှန်မေးမြန်း ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး ရှေ့ဆက်တွေ့ဆုံမှု၊ ပူးပေါင််းဆောင်ရွက်မှုတွေပြုလုပ်ကြဖို့ သဘောထားစုစည်းခဲ့တယ်လို့လည်း သိရပါတယ်။

ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ကို ချင်းပြည်နယ်နဲ့ ချင်းလူမျိုးကိုယ်စား နိုင်ငံရေးဆိုင်ရာ လုပ်ငန်းတွေကို ဦးစီးဆောင်ရွက်ဖို့ အတွက် ချင်းလက်နက်ကိုင်အဖွဲ့၊နိုင်ငံရေးပါတီတွေ၊ချင်း အရပ်ဘက်အဖွဲ့အစည်းတွေပူးပေါင်းပြီး ၂၀၂၁ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။

ချင်းအမျိုသားတပ်ဦး (CNF) က ၂၀၂၃ ခုနှစ် ဧပြီလ ၄ ရက်နေ့မှာ ICNCC ကနေ နှုတ်ထွက်ခဲ့ပြီး Chinland Council ကိုဦးဆောင်တည်ထောင်ခဲ့ပါတယ်။လက်ရှိ ICNCC မှာ ချင်းလက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့စုစည်းထားတဲ့ချင်းညီနောင်အဖွဲ့က ဆက်လက်လက်တွဲပါဝင်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *