Headlines

ကလေးမြို့နယ်မှာ ခရီးသည်တင်မော်တော်ယာဉ်ပေါ်က ကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်မှာ ဩဂုတ်လ ၇ ရက် မနက်ပိုင်းက ခရီးသည်တင်ကားကိုရှာဖွေစစ်ဆေးရာကနေ ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ ဩဂုတ်လ ၁၁ ရက် MRTV ရုပ်သံမှာသတင်းထုတ်လွှင့်ချက်အရသိရပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ကလေးမြို့နယ်၊ ကလေးဝမြို့၊ အမှတ်(၁)ရပ်ကွက်၊ ကလေးဝ-ကလေးသွား ကားလမ်း မှာ အမျိုးသားတစ်ယောက်မောင်းနှင်လာတဲ့ မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာက ယာဉ်ပေါ်မှာ ကာလ တန်ဖိုးငွေကျပ် ၂ ဒသမ ၁၉ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၁၉ ဒသမ ၈ ကီလိုနဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၆ သိန်းနဲ့ အတူ အမျိုးသား နှစ်ယောက်ကို ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးများကိုရှမ်းပြည်နယ်မှ ကလေးမြို့သို့သယ်ဆောင်ခြင်းဖြစ်တယ်လို့ MRTV သတင်းထုတ်ပြန်ချက်အရသိရပါတယ်၊၊

ဖမ်းဆီးရမိတဲ့သူ ၂ ယောက်ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူတွေကို ဆက်လက်စစ်ဆေး ဖော်ထုတ်နေတယ်လို့ သိရပါတယ်၊၊

Leave a Reply

Your email address will not be published. Required fields are marked *