ချင်းပြည်နယ် ထန်တလန်မြို့က စစ်ကောင်စီတပ်ဖွဲ့ရဲ့ ၂၆၉ တပ်ကုန်း စခန်းကို ဒီကနေ့ သြဂုတ်လ ၅ ရက်နေ့ မနက်ပိုင်းမှာ ချင်းအမျိုးသားတပ်ဦး (CNF/A) ဦးဆောင်တဲ့ Chinland Council ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နိုင်ပြီလို့ သိရပါတယ်။
(CNF/A)ပြောခွင့်ရ ဆလိုင်းထက်နီက “ ၂၆၉ အထိုင်တပ်ကုန်းတော့ ရပြီ မြို့ထဲ စခန်းငယ်တချို့ကျန်သေးတယ် ရှင်းလင်းရေး ဆက်လက်လုပ်နေတယ်” လို့ Chin World Media ကိုပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်နေ့ကလည်း ဟားခါးမြို့ နဲ့ ထန်တလန်မြို့ကြားက စစ်ကောင်စီတပ်မ ၇၇ လက်အောက်ခံ တပ်ရင်းအထိုင်ချထားတဲ့ စစ်ကောင်စီရဲ့ ရှေ့တန်းအမာခံ စခန်း အော်တိုတောင် စခန်း ၃ ခုကို Chinland Council ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီး ဟားခါး – ထန်တလန် လမ်းကြောင်းကို ထိန်းနိုင်ခဲ့ပါတယ်။