Headlines

ကျီခါးမြို့နဲ့ တွန်းဇံမြို့နယ်တို့မှာ ZRO/A အနေနဲ့ တပ်စွဲနေရာယူခြင်း မလုပ်ဖို့ CDF – Tonzang က သတိပေးတားမြစ်

ချင်းပြည်နယ် တီးတိန်မြို့နယ်၊ကျီခါးမြို့အပါဝင် တွန်းဇံမြို့နယ်တစ်ခုလုံးမှာ  ZRO/ZRA တပ်ဖွဲ့တွေအနေနဲ့ တပ်စွဲနေထိုင်ခြင်း မပြုလုပ်ဖို့  CDF – Tonzang က ဒီကနေ့ သြဂုတ်လ ၁၀ ရက်နေ့မှာ သတိပေးထုတ်ပြန်ထားပါတယ်။

CDF-Tonzang ပါဝင်တဲ့ Chinland Council ပူးပေါင်းတပ်ဖွဲ့က တွန်းဇံမြို့နယ်တစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ကျီခါးမြို့နဲ့တွန်းဇံမြို့နယ်တစ်ခုလုံးမှာ  Chinland Council ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ကတပ်စွဲနေရာယူခဲ့ပြီးဖြစ်လို့  ZRO/A အနေနဲ့ တပ်စွဲနေရာယူခြင်း လုံးဝမလုပ်ဖို့ တားမြစ်ထားပါတယ်။

ဇိုမီးတော်လှန်ရေးတပ်မတော် (ZRO/A) အနေနဲ့ တားမြစ်ချက်တွေကို လိုက်နာမှုမရှိပါက စစ်ရေးဖြင့် ပြင်းထန်စွာ အရေးယူမယ်လို့လည်း CDF – Tonzang က သတိပေးထုတ်ပြန်ထားပါတယ်။

တွန်းဇံမြို့ကို Chinland Council ပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သလို ကျီခါးမြို့ကိုလည်း မေလ ၁၉ ရက်နေ့က ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *