Headlines

ဟားခါးမြို့မှာ ညနေ ၆ နာရီကနေ မနက် ၆ နာရီအတွင်း အပြင်ထွက်သွားလာခြင်း မလုပ်ကြဖို့ CDF – Hakha သတိပေးထုတ်ပြန်

အောက်တိုဘာလ ၁၆ ရက်။ ချင်းပြည်နယ် ဟားခါးမြို့မှာ ဒီကနေ့ အောက်တိုဘာလ ၁၆ ရက်နေ့ကစလို့ ညနေ ၆ နာရီကနေ မနက် ၆ နာရီအတွင်း အိမ်အပြင်မှာသွားလာတာမျိုး မလုပ်ဖို့ Chinland Defense Force – Hakha တပ်ဖွဲ့က ဒီကနေ့ အောက်တိုဘာလ ၁၆ ရက်မှာ သတိပေးထုတ်ပြန်လိုက်ပါတယ်။ ဒါ့အပြင် ဇူလိုင်လ ၃၀ ရက်နေ့က CDF – Hakha အသိပေးထုတ်ပြန်ထားတဲ့ မိမိမွေးထားတဲ့ အိမ်မွေးခွေးကို ရောင်းခြင်း/သတ်ခြင်း ကို မလုပ်ဆောင်ပါက ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမယ်လို့ ထပ်မံပြီး CDF – Hakha အသိပေးထုတ်ပြန်ထားပါတယ်။ တော်လှန်ရေးကို အနှောက်အယှက်ဖြစ်စေတာကြောင့်ဟားခါးမြို့မှာ ခွေးမွေးခွင့်မရှိ ကြောင်းနှင့် မည်သူမဆို အိမ်ပြင်ထွက်နေတဲ့ လမ်းပေါ်က…

Read More

ပလက်ဝမြို့ဆေးရုံတာဝန်ခံဒေါက်တာအေးကျော်ကိုပြန်လွတ်ပေးပြီး၊CDF – ပလက်ဝကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပလက်ဝမြို့နယ်ဒေသခံ ၅ ဦးကို (AA)က ထပ်မံဖမ်းဆီး

အောက်တိုဘာလ ၁၆ ရက်။ ချင်းပြည်နယ် ပလက်ဝမြို့ဆေးရုံတာဝန်ခံဒေါက်တာအေးကျော်ကိုပြန်လွတ်ပေးပြီး၊ပလက်ဝမြို့နယ် ဆမီးမြို့နယ် ဝက်မကျေးရွာနေဒေသခံ ၅ ဦးကို CDF – ပလက်ဝကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အောက်တိုဘာလ ၁၄ ရက်နေ့မှာ အာရက္ခတပ်တော် (AA) က ထပ်မံဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပလက်ဝဒေသခံတစ်ဦးက “ပလက်ဝမြို့နယ် ဆမီးမြို့၊ ဝက်မကျေးရွာက ဦးအေးလွန်၊ ဦးကြာလုံး၊ ဦးဝင်းကြည်၊ ဦးကျင်ဝပ်၊ ဦးမနောတို့ကို CDF ပလက်ဝ ထောက်ပံ့တယ်လို့ စွပ်စွဲချက်နဲ့ အောက်တိုဘာလ ၁၄ ရက်နေ့က ဆမီးက အေအေစခန်းကို စက်လှေနဲ့ဖမ်းဆီးခေါ်ဆောင်သွားတယ်” လို့ပြောပါတယ်။ လက်ရှိ ဖမ်းဆီးခံရတဲ့ ဆမီးမြို့နယ် ဝက်မကျေးရွာက ဒေသခံ ၅ ဦးတို့ဟာအသက်အရွယ်အားဖြင့် ၃၀ ကနေ ၄၀ အကြား အရွယ်ရှိတဲ့…

Read More

ဟားခါး – ထန်တလန် ကြား စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်ကျော်သေဆုံးပြီး ၂၀ ခန့် ဟားခါးဆေးရုံပို့ဆောင်ထားရတယ်လို့ သိရ

အောက်တိုဘာလ ၁၆ ရက်။ ချင်းပြည်နယ်၊ဟားခါး – ထန်တလန်ကြားမှာ အောက်တိုဘာလ ၁၅ ရက်နေ့ကစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ဝ ယောက်ကျော် တိုက်ပွဲအတွင်းမှာ သေဆုံးပြီး ၂၀ ခန့် ဟားခါး ဆေးရုံရောက်တယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF/CNA)ရဲ့ေပြာရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက Chin World Media ကိုပြောပါတယ်။ ချင်းအမျိုးသားတပ်ဦး (CNF/CNA ) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “မြေပြင်ရော ဝေဟင်ရောပြင်းထန်နေပါတယ် ဟားခါးနဲ့ ထန်တလန်ကြားပေါ့ စစ်ကောင်စီဘက်က ၁၀ ယောက်ကျော် ကျပြီး ၂၀ ခန့် ဟားခါးဆေးရုံရောက်တယ်လို့သိရတယ် စစ်ကောင်စီဘက်က ထန်တလန်ကို ပြန်စိုးမိုးဖို့ကြိုးစားနေတယ် ကျတော်တို့ဘက်က အထိခိုက်မရှိဘူး ဟားခါးကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်” လို့ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့က ထန်တလန်မြို့ထဲကိုလည်း လေကြောင်းကနေ ကြိမ်ဖန်များစွာတိုက်ခိုက်နေသလို ဟားခါး…

Read More

စစ်မှုထမ်းဥပဒေကြောင့် လက်နက်မကိုင်လိုသူလူငယ်တို့ ကမ္ဘာပျက်တဲ့ကာလ

ပုံ-စစ်မှုထမ်းဥပဒေကြောင့် နယ်စပ်တနေရာမှာတိမ်းရှောင်ရင်းကွယ်လွန်ခဲ့သောဒေါက်တာခွါလ်ရှင်းတုန်း ကိုဇံ (ချင်းတောင်) ဧပြီလ ၁၈ ရက်။ ဧပြီလ ၁၃ ရက်နေ့က မိမိ၏ အချက်အလက်များ စုံစမ်း ကောက်ယူ ခံရသည့် အတွက် မလေးရှားသို့ တိမ်းရှောင်ရန် နေရပ်စွန့် ထွက်ခွာသွားရာမှ ကရင်ပြည်နယ်တနေရာ တွင် ခရီးကြမ်းဒဏ်ကြောင့် အမောဆို့ပြီး ကွယ်လွန်သွားခဲ့သည့် ဒေါက်တာခွါလ်ရှင်းတုန်း (ခ) ဒေါက်တာတူတုန်း၏ သတင်းသည် မြန်မာပြည်နေ လူငယ်များ၏ လက်ရှိအခြေအနေကို ထင်ဟပ်ပြသည်ဟု မိမိ အနေဖြင့် ယုံကြည်မိပါသည်။ မြန်မာပြည်နေ မိဘများမှအစ လူကြီးလူငယ် ကလေးပါမကျန် ပြည်သူအားလုံးနီးပါးကို ခြောက်လှန့်ခဲ့သည်မှာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ကြေညာခဲ့သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေပင် ဖြစ်သည်။ စစ်အာဏာသိမ်းမှုပြီးနောက် မြန်မာပြည်တွင်းမှာ အဆင်မပြေကြသည့်တိုင် နေရပ်ကို ကပ်ပြီး နေခဲ့ကြသူ…

Read More

ပလက်ဝမြို့နယ်မှာ အောက်တိုဘာလ ၁၄ ရက်ညကစပြီးဖုန်းလိုင်း၊ အင်တာနက်လိုင်း လုံးဝပြတ်တောက်နေတယ်လို့ သိရ

အောက်တိုဘာလ ၁၅ ရက်။ ချင်းပြည်နယ်၊ပလက်ဝမြို့နယ်မှာဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ အောက်တိုဘာလ ၁၄ ရက်နေ့ညကစလို့ အဆက်အသွယ် လုံးဝပြတ်တောက်သွားပြီလို့ တခြားဒေသရောက်နေတဲ့ ပလက်ဝဒေသခံတွေဆီကနေ သိရပါတယ်။ အာရက္ခတပ်တော်(AA )နဲ့ စစ်ကောင်စီတပ် တို့ တကျော့ပြန်တိုက်ပွဲဖြစ်တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့ကစလို့ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေကို စစ်ကောင်စီဘက်က ဖြတ်တောက်ထားပေမယ့် ပလက်ဝမြို့နယ် နေရာဒေသတချို့မှာ ဖုန်းလိုင်းနဲ့ အဆက်သွယ်လုပ်လို့ရခဲ့ပြီး အခုတော့ ဖုန်းလိုင်းလုံးဝ ပြတ်တောက်တဲ့ အနေအထားဖြစ်သွားပြီဖြစ်ကြောင်း ပလက်ဝဒေသခံတွေဆီကနေ သိရပါတယ်။ ပလက်ဝဒေသခံတစ်ဦးက “အေအေနဲ့စကစ တိုက်ပွဲဖြစ်ကတည်းက ဒီကနေ့ထိ ဖုန်းလိုင်းဖြတ်တောက်ထားတာပေါ့နော် ဒါပေမယ့် ဖုန်းလိုင်းရတဲ့ နေရာတချို့ရှိတယ် အဲလိုရတဲ့နေရာလေးတွေကနေ ဖုန်းဆက်လို့ ရတဲ့အနေအထားမှာ ရှိသေးတယ်ပေါ့ ဖုန်းပြောလို့ရတဲ့ရွာတွေကလည်း များများစားစားမရှိပါဘူး ၊ရခိုင်ပြည်နယ်နဲ့ဆက်စပ်တဲ့ ရွာတချို့မှာရတာပေါ့ ဒါပေမယ့်အခု ၁၄…

Read More

မတူပီမြို့နယ်အတွင်း စစ်ကောင်စီဒေါက်တိုင်ကလွဲပြီး တော်လှန်ရေးအင်အားစုတွေ၊အဖွဲ့အစည်းတွေကို လွတ်လပ်စွာ သွားလာခွင့်ပြုဖို့ ဒေသ (၃) ပအဖ က သဘောထားထုတ်ပြန်

အောက်တိုဘာလ ၁၅ ရက်။ ချင်းပြည်နယ် မတူပီမြို့နယ်အတွင်း စစ်ကောင်စီဒေါက်တိုင်ကလွဲ၍ တော်လှန်ရေးအင်အားစုတွေရဲ့ စည်းလုံးညီညွှတ်မှုကို ဖော်ဆောင်စေမယ့် ယန္တရားနဲ့အဖွဲ့အစည်းများအား လွတ်လပ်စွာဖြတ်သန်းသွားလာ လုပ်ကိုင်ခွင့်ပြုရန် အပါအဝင် အချက် ၅ ချက်ကို ဒေသ(၃) ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အောက်တိုဘာလ ၁၂ ရက်နေ့က ထုတ်ပြန်ပါတယ်။ ကြားကာလ တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်းအကြား ဒေသအသီးသီးရှိ အုပ်ချုပ်ရေးနယ်မြေအတွင်းမှာ သဘောထားကွဲလွဲမှုတွေကို ရှေ့ရှုလျှက် မတူပီမြို့နယ် အမျိုးသားစည်းလုံးညီညွှတ်ရေးကို ဦးတည်၍ ညှိနှိုင်းရေးလမ်းစဉ်ဖြင့်သာ ဆက်လက် အဖြေရှာဖို့ အခုလို သဘောထားထုတ်ပြန်ရတဲ့အကြောင်း ဒေသ(၃) ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။ မတူပီမြို့ပေါ်ကိုသိမ်းပိုက်ထိန်းချုပ်ထားတဲ့ CDF – မတူပီ၊ တပ်မဟာ – ၁ က ချင်းညီနောင်အဖွဲ့ကို လက်ခံမှ မတူပီမြို့ထဲကိုဝင်ခွင့်၊နေထိုင်ခွင့်ရမယ်လို့စည်းကမ်းသတ်မှတ်ထားတာကြောင့် ပလက်ဝ- မတူပီ လမ်းကြောတလျှောက်က Chinland…

Read More

လက်နက်ကိုင်ပြီး တောင်းဆိုမှုတွေကို လိုက်လျောဖြေရှင်းပေးသွားမှာ မဟုတ်ဘူးလို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြော

ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ပြီး တောင်းဆိုကြဖို့၊ ဆွေးနွေးကြဖို့တိုက်တွန်း ေကြာင်း၊နိုင်ငံရေးဆွေးနွေးမှုအစား လက်နက်ကိုင်ပြီး တောင်းဆိုမှုတွေကို လိုက်လျောဖြေရှင်းပေးသွားမှာ မဟုတ်ဘူးလို့ ဒီနေ့ အောက်တိုဘာလ ၁၅ ရက်မှာကျရောက်တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA) ၉ နှစ်မြောက် နှစ်ပတ်လည်ကို ပေးပို့တဲ့ ရုပ်သံမိန့်ခွန်းမှာ အာဏာသိမ်းမြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ NCA လမ်းကြောင်းအတိုင်း ဆက်သွားမယ်ဆိုတာကို အတိအလင်း ပြောထားကြားပြီးဖြစ်တာကြောင့်လို့ နိုင်ငံရေးဆွေးနွေးပွဲတွေကနေပဲ ဆက်ပြီး ညှိနှိုင်းတောင်းဆိုကြတာတွေ လုပ်ကြဖို့ကိုပဲ သူက တိုက်တွန်းသွားပါတယ်။ NCA စာချုပ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ(ALP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)နဲ့မွန်ပြည်သစ်ပါတီ(NMSP)တို့က လက်မှတ် ေရးထိုးခဲ့ပါတယ်။ PDF နဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို နိုင်ငံရေးပြဿနာကို…

Read More

ပလက်ဝမြို့နယ်မှာ ခရီးသွားလာခွင့်ကို အာရက္ခတပ်တော် (AA) ကပိတ်ပင်ထားတယ်လို့ သိရ

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော် (AA) က ကုန်းလမ်း၊ ရေလမ်း သွားလာခွင့်ကို အောက်တိုဘာလ ၉ ရက်နေ့ကစလို့ ပိတ်လိုက်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပလက်ဝဒေသခံတစ်ဦးက “ ဘာကြောင့်အခုလို ပိတ်တယ်ဆိုတာ ပြောဖို့ခက်နေသေးတယ် တစ်ရွာနဲ့တစ်ရွာ သွားလာဖို့တောင် ခက်ခဲတယ် AA ဂိတ်ရှိတဲ့နေရာဆိုရင် သွားလို့ရရင်တောင် တော်တော် စစ်ဆေးတယ်လို့ကြားတယ်။ ပလက်ဝက သူတို့ထိန်းချုပ်နယ်မြေဖြစ်တော့ ကြိုက်သလို လုပ်တာဖြစ်နိုင်တယ် အကြောင်းမရှိရင်လည်း အကြောင်းရှာပြီး အပြစ်မဲ့ပြည်သူတွေကို တော်လှန်ရေးခေါင်းစဉ်တက်ပြီး အာဏာပြတာလည်းဖြစ်နိုင်မယ်လို့ ယူဆတယ်” လို့ပြောပါတယ်။ ပလက်ဝမြို့နယ်အတွင်း ဒေသခံတွေ သွားလာခွင့်ကို အာရက္ခတပ်တော် (AA) ဟာ စစ်ဆေးတင်းကြပ်ထားရာကနေ အခုတော့ လုံးဝ ပိတ်ထားတဲ့ အခြေနေဖြစ်သွားပြီဖြစ်လို့ ဒေသခံတွေအတွက် ကျန်းမာရေး၊ လူမှုရေးကိစ္စဖြစ်ဖြစ် အရေးပေါ်အခြေအနေမှာ အရမ်းဒုက္ခရောက်ရတယ်လို့လည်း ဒေသခံတွေဆီကနေ…

Read More

CDF-Thantlang စစ်ဦးစီးချုပ် Salai Ram Zel ထန်တလန်မြို့ပေါ်တိုက်ပွဲမှာကျဆုံး

အောက်တိုဘာလ ၁၃ ရက်။ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF-Thantlang ) ရဲ့ စစ်ဦးစီးချုပ် ဆလိုင်းရမ်ဇာရ် (Ram Zel) အသက် ၃၀ နှစ် ဟာ အောက်တိုဘာလ ၁၂ ရက်တုန်းက ထန်တလန်မြို့ပေါ် တိုက်ပွဲအတွင်းမှာ ကျဆုံးခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ဦးဆောင်သူတွေဆီကသိရပါတယ်။ “စစ်ဦးစီးချုပ်တစ်ယောက် စစ်မြေပြင်မှာ ကိုယ်တိုင်ဦးဆောင်ပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် မြင့်မြတ်စွာ အသက်ပေးဆပ်သွားတဲ့ CDF Thantlang ရဲ့ Chief of Staff (CS), Salai Ram Zel ရယ်…….အမျိုးသားရေးစိတ်ဓာတ်အပြည့်နဲ့ ချင်းကျောင်းသားလှုပ်ရှားမှုဖြစ်တဲ့ CSU, CLCC နဲ့ CUSF တွေမှာ တက်တက်ကြွကြွ ဦးဆောင်ပါဝင်လေ့ရှိတဲ့ ကျောင်းသားခေါင်းဆောင်တစ်ဦး……စစ်ကောင်စီရဲ့ မတရားအာဏာသိမ်းမှုကြောင့် လက်နက်ကိုင်တော်လှန်ပြီး ရဲစွမ်းသတ္တိအပြည့်နဲ့ ကိုယ်တိုင်ဦးဆောင်တိုက်ပွဲဝင်နေသူတစ်ဦး…”လို့ အရည်အချင်းရှိတဲ့ စစ်ဦးစီးချုပ်ခေါင်းဆောင်ကောင်းတစ်ယောက်ကို…

Read More

ချင်းပြည်နယ်မှာ စစ်ကောင်စီက သန်းခေါင်စာရင်းကို ဟားခါး၊ဖလမ်းနဲ့တီးတိန်မြို့ပေါ်ရပ်ကွက်တချို့မှာသာ အပေါ်ယံအဖြစ်သဘောကောက်ယူခဲ့တယ်လို့ သိရ

အောက်တိုဘာလ ၁၁ ရက်။ မြို့နယ် ၉ မြို့နယ်ရှိတဲ့ ချင်းပြည်နယ်မှာ နေရာတော်တော်များများမှာ စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူနိုင်ခြင်းမရှိဘဲ ဟားခါးမြို့၊ဖလမ်းမြို့နဲ့ တီးတိန်မြို့တွေမှာ မြို့ပေါ် ရပ်ကွက်တချို့မှာ အပေါ်ယံအဖြစ်သဘောလောက်သာ ကောက်ယူနိုင်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဖလမ်းမြို့ဒေသခံတစ်ဦးက “ရပ်ကွက်လိုက်တောင်မကောက်ပါဘူး တပ်ကုန်းရပ်ကွက် Vankau ရပ်ကွက်ပေါ့ကောက်ကြတယ် ကျန်တဲ့ရပ်ကွက်ကျတော့ မကောက်နိုင်ကြပါဘူး။ CB ရဲ့ထုတ်ပြန်ချက်လည်းရှိတော့ လုံခြုံရေးအပြည့်နဲ့ လုပ်ကြတယ် ဒါပေမယ့် ဖလမ်းရဲ့ အိမ်ခြေ ၅ ပုံမှာ ၁ ပုံတောင်မကောက်ဘူး ကောက်နိုင်တယ်လို့တော့ စာရင်းပြမှာဘဲ တစ်အိမ်တက် တစ်အိမ်ဆင်းပြီးမကောက်ကြပါဘူး အပေါ်ယံပါဘဲ” လို့ Chin World Media ကို ပြောပါတယ်။ စစ်ကောင်စီရဲ့သန်းခေါင်စာရင်းကောက်ယူတာကို ပြည်သူတွေအနေနဲ့ မပူးပေါင်းဖို့နဲ့ ပါဝင်သူတွေကို ထိရောက်စွာအရေးယူမယ်လို့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထားတာကြောင့် ဖလမ်းမြို့၊တီးတိန်မြို့နဲ့ဟားခါးမြို့ေ…

Read More