Headlines

၂၀၂၅ ရွေးကောက်ပွဲ ချင်းပြည်နယ်မှာ လုပ်နိုင်ပါ့မလား ??

Aung Lian လုံခြုံရေးစိန်ခေါ်မှုကြားက စစ်ကောင်စီဟာ ချင်းပြည်နယ် ဟားခါး၊ထန်တလန်၊တီးတိန်မြို့နယ်ထိိန်းချုပ်နိုင်ပြီး ကျန်မြို့နယ်များကို ချင်းလက်နက်ကိုင်များကထိန်းချုပ်ထားနေဆဲပါ။ ၂၀၂၀ ရွေးကောက်ပွဲတုန်းက ပလက်ဝမြို့နယ်သည် တိုက်ပွဲအပြင်းထန်ဆုံးကာလဖြစ်၍ ရွေးကော်က မြို့ပေါ်ရပ်ကွက်ဘဲ မဲဆန္ဒနယ်သတ်မှတ်ခဲ့ပြီး ပလက်ဝမြို့နယ် မဲပေးဦးရေ ၅၀၀၀၀ကျော် ရှိပေမဲ့ မဲလာပေးသူတွေက ၄၀၀၀ကျော်နဲ့ အထမြောက်ကြောင်း အသိအမှတ်ပြုခဲ့သည်။ ၂၀၂၅ရွေးကောက်ပွဲအတွက် ၂၀၂၀တုန်းက ပလက်ဝမြို့နယ်ကို အခြေခံပြီး ရွေးကောက်ပွဲမဖြစ်မနေလုပ်ရမဲ့သဘောဖြစ်ပါမည်။ ယခုပြင်ဆင်လိုက်တဲ့ ပြည်သူ့၊အမျိုးသား၊တိုင်းနှင့်ပြည်နယ်လွှတ်တော်ဥပဒေမှာ နိုင်သူအကုန်ယူစနစ်နှင့်အချိုးကျစနစ် ၂မျိုးသုံးပြီးကျင်းပသွားမည်။ ပြည်ထောင်စုလွှတ်တော်က အရင်ကျင်းပပြီး တိုင်းနှင့်ပြည်နယ်ကို ၂၀၂၆ ဇန်နဝါရီလမှာကျင်းပမှာလား။ အခုပြင်ဆင်ထားတဲ့ဥပဒေအရတော့ နိုင်သူအကုန်ယူစနစ်အရင်ကျင်းပပြီး အချိုးကျစနစ်ကို နောက်မှကျင်းပမဲ့သဘောဖြစ်လိမ့်မည်။ ၁။ ပြည်နယ်နှင့်တိုင်းဒေသကြီးလွှတ်တော် အဓိက ပြင်ဆင်ဖြည့်စွက်သည့် ဥပဒေ ၄/(က)မှာ တစ်မြို့နယ်တွင် တဦးသည် နိုင်သူအကုန်ယူစနစ်ဖြစ်ပြီး ၄/(ခ)မှာ ကျန်တဦးမှာ အချိုးကျစနစ်ဖြစ်သည်။ အချိုးကျအတွက် မြို့နယ်များစုစည်း၍…

Read More

ပလက်ဝမြို့နယ်အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် ချင်းအမျိုးသမီးများ၏ဘဝ

ဆမ်မာန်း ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထားသည့် ၂၀၂၄ ခုနှစ်မှစပြီး တစ်နှစ်ကျော်အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများသည် အနည်းဆုံး လေးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။ ထိုဖြစ်ရပ်များသည် ဒေသခံအမျိုးသမီးများ၏ ဘဝများကို ကြောက်ရွံ့မှုနှင့် မလုံခြုံမှုအတွင်း နစ်မြှုပ်စေခဲ့ပြီး ၎င်းတို့၏ လူ့အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို ဆိုးရွားစွာ ထိခိုက်စေခဲ့သည်။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်တွင် ဆမီးမြို့၊ AA. စခန်းအနီးတွင် ဒေသခံချင်းအမျိုးသမီးတစ်ဦးအား ရခိုင်စကားပြောသည့် အမည်မသိလူတစ်စုက အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီး သတိလစ်သည်အထိ ရိုက်နှက်ကာ ချောင်းစပ်တစ်‌နေရာတွင် စွန့်ပစ်ထားခဲ့သည်။ ဒေသခံချင်းအမျိုးသမီးတစ်ဦးက “ဒီလိုရက်စက်မှုတွေက ကျွန်မတို့ရွာထဲမှာ ဘယ်သူမှ လုံခြုံမှုမရှိတော့ဘူးလို့ ခံစားရစေတယ်။ ပလက်ဝကို အေအေ မရောက်လာခင် အချိန်မှာဆိုရင် အခုလိုမျိုး ဖြစ်ရပ်တွေမရှိဖူးပါဘူး။”…

Read More

အိန္ဒိယနိုင်ငံရောက် ချင်းဒုက္ခသည်များအရေး လျစ်လျူရှုခံရတော့မလား

DonBosco အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့က ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ( UNHCR – India ) ရုံးရှေ့မှာ ချင်းဒုက္ခသည်ကော်မတီ ( CRC) ဦးဆောင်မှုနဲ့ မြန်မာ/ချင်းစစ်ဘေးရှောင်ဒုက္ခသည်တွေဟာ ဒုက္ခသည်အခွင့်အရေးရရှိဖို့ ဇူလိုင်လ ၇ ရက်နေ့ကစလို့ ဒီကနေ့ဇူလိုင် ၃၀ ရက် ထိ နေ့စဉ်ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေကြ ပေမယ့် UNHCR ဖက်က ဒီကနေ့အချိန်ထိ ဘာမှမတုံ့ပြန်တဲ့အတွက် အိန္ဒိယနိုင်ငံရောက် ဒုက္ခသည်များအရေး လျစ်လျူရှုခံရတော့မလားဆိုပြီး ဆန္ဒဖော်ထုတ်နေတဲ့ဒုက္ခသည် တွေဟာ စိုးရိမ်နေကြပါတယ်။ “UNHCR ကလည်းကျမတို့ကိုစောင့်ကြည့်နေတာဖြစ်တယ်။ မြန်မာနိုင်ငံသားတွေအနေနဲ့ ရပ်တော့မလားဆိုတာမျိုးတွေစောင့်ကြည့်နေတာဖြစ်တယ်။ ကျမတို့အစပျိုးတဲ့ဟာကို အောင်မြင်သည်အထိ ဆက်လျှောက်ရမှာဖြစ်တယ်။ ကျမတို့ပိုပြီးစည်းလုံးဖို့လိုအပ်ပါတယ်။ ကျမတို့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေတာဖြစ်တယ်။ ကိုယ့်အလုပ်ကိုတောင်နားတာ၊ တစ်ချို့ အလုပ်ပြုတ်ခံပြီး ဆန္ဒပြပွဲမှာပါဝင်နေတာဖြစ်တယ်” ဒါကတော့ လက်ရှိ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ…

Read More

“မိုင်နီလာထွေး (သို့) တချိန်က မြန်မာအမျိုးသမီးဘောလုံးအသင်း၏ ဂိုးသွင်းရှင် “

Chin World Media January 03, 2016 တချိန်က မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးပွဲများတွင် အားကစားသတင်းကြေညာသူမှ “မိုင်နီလာထွေး၊ မိုင်နီလာထွေး” ဟူသော အမည်ကို ထပ်ခါတလဲလဲရွတ်ဆိုခဲ့ပြီး၊ ထိုအမည်ကို ကြားတိုင်း အမည်ရှေ့တွင် ပါရှိသော “မိုင်” ဟူသည့် နာမဝိသေသနကြောင့် ချင်းအမျိုးသမီးဖြစ်မည်ဟု ပွဲကြည့်ပရိတ်သတ်များ ခန့်မှန်းသုံးသပ်ခြင်းခံရသူ၊ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းတွင် (၁၃) နှစ်ကျော်ကြာ အဓိကတိုက်စစ်မှူးအဖြစ် ကျောနံပါတ် (၉) အား ဝတ်ဆင်ကာ ကစားခဲ့သူ မိုင်နီလာထွေးအား ၂၀၁၆ ခုနှစ်၊ဇန်န၀ါရီလ ၃ ရက်မှာ သူမနေထိုင်ရာ ကလေးမြို့ရှိနေအိမ်တွင် Chin World Media အဖွဲ့မှ သွားရောက်လည်ပတ်ကာ၊ သူမ၏ကစားသမားဘဝအတွေ့အကြုံများကို တွေ့ဆုံစကားစမြည်ပြောခွင့်ရရှိခဲ့ပါသည်။ CW။ မိသားစုနဲ့ ဖြစ်စေ၊ မိုင်နီလာထွေးရဲ့အကြောင်းကို အနည်းငယ်မိတ်ဆက်ပေးနိုင်မလား။မိုင်နီလာထွေး။ ကျမ နာမည်ရင်းကတော့- Mai…

Read More

” ချင်း​​ပြည်နယ်၏ အနာဂါတ် ရေရှည်တည်တံ့သောအစိမ်းရောင်စီးပွားရေးစီမံကိန်း”

By Shing Gei Ngai ” Future Seheme For Sustainable Green Economy  in Chin State” ကမ္ဘာ့သစ်တောကြီီးများပျက်စီးဆုံးရှုံးလာမှုကြောင့် လွန်စွာပူပြင်းသည့် ရာသီဉတုပြောင်းလဲမှုအန္ဒရာယ် ခြိမ်းခြောက် ခံစားနေကြရပြီး ရေကောင်းရေသန့် အစားအစာပြတ်လပ် လာမှုသည် နေ့စဉ်လူ့အသက် သန်းပေါင်းများစွာ သေကြေဆုံးရှုံး ဖြစ်ပေါ်လျက်ရှိပါသည်၊၂၀၅၀ ခုနှစ်ရောက်လျှင်ရာသီတုဒဏ်ဆိုးရွားစွာ ခံရနိုင်မှု အညွှန်းကိန်းအရ မြန်မာနိုင်ငံသည် ထိပ်ဆုံးစာရင်းထဲ ပါဝင်နေပါသည်၊ရာသီဉတုဆိုးရွားမည့်ခြိမ်းခြောက်မှု ဘေးအန္ဒရာယ်ကိုဖြေလျှော့နိုင်ရန် ဂေဟစံနစ်အခြေခံသော သစ်တောရေရှည်တည်တံ့စေမည့် စီမံအုပ်ချုပ်မှုဖြင့် လိုက်လျောညီထွေဖြစ်မည့် စိုက်ပျိုးရေးစံနစ်ထူထောင်ပြီး လူ့သားများ ဘဝရှင်သန် ရပ်တည်နိုင်ရန် ထိန်းသိမ်းကာကွယ်ခြင်းမှအပအခြားနည်းလမ်းမရှိပါ၊ Agroforestry ဆိုတာဘာလဲ? *သ်ီးနှံ သစ်တော  ရောနှောစိုက်ပျိုးခြင်း*ဟု World Agroforestry Organization ကရိုးရိုးရှင်းရှင်း အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်၊မြေအသုံးချလိုမှု လုပ်ငန်းအမျိုးစားပေါ် နည်းစံနစ်ရွေးချယ်မှုအနဲငယ်ကွဲပြားသည်မှအပ ရည်ရွယ်ချက်မကွဲပြားပါ၊စိုက်ပျိုးရေးကုန်ထုတ်စွမ်းအားမြင့်မားသောအကျိုးအမြတ်များပြားသည့်အပြင်…

Read More

အမေရိကန်အစိုးရ၏ အခွန်တိုးမြှင့်ခြင်းနှင့် ခရီးသွားလာခွင့်ပိတ်ပင်မှုများက အမေရိကားရောက် မြန်မာလူမှုအသိုင်းအဝိုင်းအတွက် ဘယ်လို ကယက်ရိုက်ခတ်ခဲ့သလဲ?

By Sanvi Bangalore, NBC News June 22,2025 ပြီးခဲ့သည့် တစ်နှစ်အတွင်း အမေရိကန်အစိုးရ၏ အခွန်မြင့်တက်မှုနဲ့ ပို့ဆောင်ရေးစရိတ်များမြင့်တက် လာမှုကြောင့် ဆန်နဲ့မြန်မာစားသောက်ကုန်ပစ္စည်းများရဲ့ စျေးနှုန်းသည် ၄၀ရာခိုင်နှုန်းအထိ မြင့်တက် လာပြီး စားသောက်ဆိုင်နှင့် ကုန်စုံဆိုင်လုပ်ငန်းများ၏ပုံမှန် အမြတ်ငွေ ၄၀ရာခိုင်နှုန်း သည် ၃၅ ရာခိုင်နှုန်းခန့်မှ ၁၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်ဟု အင်ဒီယားပြည်နယ်၊အင်ဒီယာပိုလစ်မြို့ရှိ (Chin Brothers Restaurant & Grocery) စားသောက်ဆိုင်ပိုင်ရှင်အမေရိကန်ရောက် မြန်မာနိုင်ငံဖွား Than Hre က ပြောပါသည်။ အမေရိကန်ပြည်ထောင်စုတွင် မြန်မာလူထု အကြီးဆုံး အခြေချနေထိုင်ရာဖြစ်သည့် လူဦးရေ၃၀,၀၀၀ ခန့်ရှိသော အင်ဒီယာနာပိုလစ်မြို့ရှိ အခြားလုပ်ငန်းများစွာအတွက်လည်း အလားတူပင်ဖြစ်ကြောင်း မြန်မာအမေရိကန်လူထုအဖွဲ့အစည်း (Burmese American Community Institute) ၏ထုတ်ပြန်ချက်အရ…

Read More

ချင်းလူမှုအသိုင်းအဝိုင်းအတွင်း လူမှုကွန်ယက်မီဒီယာအသုံးပြုပြီး ဝါဒဖြန့်ခြင်း၊အမုန်းစကားရေးသားပြောဆိုခြင်းနှင့် ဆိုးကျိုးသက်ရောက်မှုများ

DonBosco ၂၁ ရာစုမှာ လူမှုကွန်ယက်မီဒီယာကို အကျိုးရှိရှိအသုံးပြုပါက လူတစ်ဦးနဲ့တစ်ဦး၊အဖွဲ့အစည်းတစ်ခုနှင့်တစ်ခု ဆက်သွယ်ရေး၊ ချိတ်ဆက်မှု ပိုမိုလွယ်ကူစေခြင်း၊သတင်းအချက်အလက်များ လျှင်မြန်စွာရရှိခြင်း နှင့်ဖြန့်ဝေနိုင်ခြင်း၊ပညာရေးနှင့်ဗဟုသုတတိုးပွားစေခြင်း၊ စီးပွားရေး၊ စျေးကွက်ရှာဖွေရေးအခွင့်အလမ်းများရှိလာခြင်း၊ စိတ်တူကိုယ်တူအသိုက်အဝန်းဖန်တီးနိုင်ခြင်းနှင့်အကျိုးမျှော်မှန်းမှု မရှိသည့် လုပ်ငန်းများဆောင်ရွက်ခြင်း၊ ဖျော်ဖြေရေးနှင့်စိတ်အပန်းဖြေမှုစသည်ဖြင့် လူသားများ အတွက် ကောင်းကျိုးများစွာ ရရှိစေပါသည်။ သို့ပေမယ့် လက်ရှိချင်းလူမှုအသိုင်းအဝိုင်းတွင် လူမှုကွန်ရက်မီဒီယာ(Social Media)၏ အသုံးဝင်မှုကို အသုံးချကာ ချင်းလူမှုအသိုင်းအဝန်းအတွင်းမှာ မငြိမ်မသက်မှုဖြစ်စေရန် လှုံ့ဆော်ခြင်း၊အမုန်းပွားစေခြင်း စသည့် ဆိုးကျိုးများအတွက် တမင်တကာရည်ရွယ်ချက်ရှိရှိဖြင့်အသုံးချလာမှုမှာ နဂိုကတည်းက ဘာသာစကား/မျိုးနွယ်စုအလိုက်ကွဲပြားမှုရှိသည့် အုပ်စုများစွာရှိသည့် ချင်းလူမျိုး/ချင်းလူမှုအသိုက်အဝန်း အတွက် အဓိက အန္တရယ်ဖြစ်လာစေပြီးချင်းလူမျိုးများ၏ စည်းလုံးမှုအတွက် အထောက်အကူဖြစ်စေရန်ထက် တစ်ဦးနှင့်တစ်ဦး၊တစ်ဖွဲ့နှင့်တစ်ဖွဲ့ကြား ပို၍ အမြင်စောင်းစရာဖြစ်ရန် အသုံးပြုနေကြသည်ကို များစွာတွေ့နေရသည်။ အထူးသဖြင့် Facebook Social Media မှာ ၂၀၂၁ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု…

Read More

“အစ္စရေးအကြောင်း နည်းနည်းပြောကြည့်မယ်”( အပိုင်း- ၄ ဇာတ်သိမ်း )

By Kyaw Swa Min အစ္စရေး (၈) ဂျူးမုန်းတီးရေးဝါဒ antisemitism တယောက်ကမေးတယ်။ အာရပ်တွေတင်မက ကမ္ဘာမှာ လူတချို့ရဲ့ antisemitism ဂျူးမုန်းတီးရေးဝါဒ က ကဘယ်လို အမြစ်တွယ်လာတာလဲ တဲ့။ အလွန်ရှည်လျားပါတယ်။ တိုတိုပြောရရင်တော့ သမိုင်းတလျောက် ဘာသာတွေ ကွဲလာတာကြောင့်လို့ ပြောလို့ရတယ်။ အစ္စရေးအကြောင်းရေးရင်းအရှေ့မရောက်ပဲအနောက်ပြန်သွားရရင်၊ ခရစ်နှစ် ၁ ရာစုတုန်းက ဂျေရုဆလင်ကိုသိမ်းပိုက်ထားတဲ့ ရောမသားတွေက Mar’s တို့၊ ဂျူပီတာ တို့လို နတ်ဘုရားတွေ ကိုးကွယ်တယ်။ ခရစ်တော် ကို ကားစင်တင်သတ်တာကို သမိုင်းမှာ ဂျေရုဆလင်ရဲ့ ရောမသား အုပ်ချုပ်သူက လုပ်ခဲ့တာလို့ ဆိုကြသလို၊ ယေရှုခရစ်ကို ဘုရားလွှတ်လိုက်တဲ့ သားတော်လို့ မယုံကြတဲ့ ဂျူးတချို့ကြောင့်သေရတာလို့ ဆိုကြတယ်။ အဲ့ဒီမှာ ဂျူး သတ်တာ လိုလို၊…

Read More

“အစ္စရေးအကြောင်း နည်းနည်းပြောကြည့်မယ်”( အပိုင်း-၃ )

By Kyaw Swa Min အစ္စရေး (၆) အစ္စရေး ရဲ့ထောက်လှမ်းရေး (မော့ဆက်) ************************************* ရန်သူပတ်လည်ဝိုင်းထားတဲ့ အစ္စရေးဂျူးတွေ နိုင်ငံထူထောင်တဲ့အခါ မော့ဆက်ဆိုတဲ့ သူ့ရဲ့ထောက်လှမ်းရေးအဖွဲ့အစည်း က နိုင်ငံနဲ့အတူပြိုင်တူ မွေးဖွားလာတယ်။ နိုင်ငံ တည်ထောင်စမှာ ဝန်ကြီးချုပ်သစ် ဘင်- ဂေါရီးယန်းကို ပျော့တယ်ဆိုပြီး ဂျူး အစွန်းရောက်တွေက မစီးမကပ်ဘူး။ ဘင်-ဂေါရီးယန်းက လည်း သူတို့ကို နေရာမပေးဘူး။ ဘင်- ဂေါရီးယန်း ဟာ ရန်သူပတ်လည်ဝိုင်းတဲ့ နိုင်ငံငယ်လေးအတွက် ရန်သူ့သတင်းကြိုရဖို့အရေးကြီးတယ်ဆိုတာ သိတယ်။ ဒီတော့ မော့ဆက် ကိုထောင်တယ်။ မော့ဆက်ကို ဦးစီးရတဲ့ အစ္စဟာရယ် က ဂျူးအစွန်းရောက်၊ ဘင်-ဂေါရီးယန်းနဲ့ သိပ်မတည့်လှဘူး။ သူက ဝန်ကြီးချုပ်ကို အကြံပေးကြတယ်။ သေရဲ၊ သတ်ရဲ၊ ရန်သူထဲ ထိုးဝင်ရဲတဲ့…

Read More

“အစ္စရေးအကြောင်း နည်းနည်းပြောကြည့်မယ်” ( အပိုင်း-၂ )

By Kyaw Swa Min စစ်ဖြစ်နေတဲ့ အစ္စရေး ရဲ့ ဂျူးဘာသာ (Judaism) နဲ့ ပါလက်စတိုင်းအာရပ်ကမ္ဘာ အစ္စလာမ်တို့ တူတဲ့အချက်တွေ အများကြီးရှိတယ်။ ( Abrahamic Faith) လို့ခေါ်တယ်။ အီဗရာဟင် ကဲ့သို့ ဘုရားအပေါ် သက်ဝင်ကြသူများပေါ့။ ပထမတူတာက ကိုးကွယ်ရာ ဘုရားအတူတူပဲ။ ဂျူးက သူတို့ဘာသာစကားနဲ့ God ဒါမှမဟုတ် ယေဟောဝါ လို့ခေါ်တယ်။ အစ္စလာမ်က သူ့ဘာသာစကားနဲ့ God သို့မဟုတ် အလ္လာ လို့ခေါ်တယ်။ တဆူတည်းပဲ။ အစားအသောက် ဥပဒေတွေ အတော်တူကြတယ်။ ဝက်သားမစားဘူး၊ လည်လှီးသားပဲ စားတယ်၊ အသားစားဖို့အတွက် လည်လှီးကြပုံခြင်းလည်းတူတယ်၊ တုံးတဲ့ဓါးနဲ့ လှီးသတ်လို့မရဘူး၊ နည်းသိရမယ်၊ အသွေးတွေအကုန် စွန့်ပစ်ရတယ်။ ( logic- သွေးကတဆင့် ရောဂါပါတတ်လို့)…

Read More