Headlines

ချင်းပြည်နယ်မှာစစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရား ရပ်ဆိုင်းအောင်လုပ်ခဲ့တဲ့ ချင်းပြည်နယ်က CDM ဝန်ထမ်းများ

ရုံးမတက်နဲ့ ရုန်းထွက်ဆိုတဲ့ ကြွေးကျော်သံနဲ့အတူ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကို အစောဆုံး ဆန့်ကျင်လှုပ်ရှားခဲ့တဲ့အထဲ Civil Disobedience Movement (CDM) အစိုးရဝန်ထမ်းတွေရဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဟာ အာဏာသိမ်းစစ်ကောင်စီ မ ေ မျှာ်လင့်ခဲ့တဲ့ လူထုလှုပ်ရှားမှုကြီးတစ်ခုဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း အစိုးရတစ်ရပ်အတွက် အရေးပါတဲ့ အဓိက ယန္တရားတွေထဲက ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းတွေက အစောဆုံးစတင်ခဲ့တဲ့ ဒီလှုပ်ရှားမှုမှာ နောက်ပိုင်း ပညာရေးဝန်ထမ်းတွေနဲ့ တခြားဌာနဆိုင်ရာ ပုဂ္ဂလိက စတဲ့ ကဏ္ဍပေါင်းစုံက ဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာပါလာပါတယ်။

ချင်းပြည်နယ်က အစိုးရဌာနဆိုင်ရာ ဝန်ထမ်းအများစုဟာ CDM လှုပ်ရှားမှုမှာ အင်နဲ့အားနဲ့ ပါဝင်ခဲ့တဲ့ ပြည်နယ်တစ်ခုလည်း ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့မှာ ပြည်နယ်အလိုက် CDM ပြုလုပ်မှု လူဦးရေ စာရင်းထုတ်ပြန်ချက်အရ ကချင်ပြည်နယ်မှာ ၅၅၃၂ ၊ ကယားပြည်နယ်မှာ ၇၀၀၀၊ ကရင်ပြည်နယ်မှာ ၁၀၀၀၀ ၊ မွန်ပြည်နယ်မှာ ၇၀၀၀ ၊ ရှမ်းပြည်နယ်မှာ ၈၅၁၁ ဦးဖြစ်ပြီး ချင်းပြည်နယ်မှာ ၁၄၅၉၁ ဦး ဖြစ်ပြီး မြန်မာနိုင်ငံမှာ ပြည်နယ်နဲ့တိုင်း ဒေသကြီးများထဲမှာ ချင်းပြည်နယ်ဟာ ဒုတိယ မြောက်လူဦးရေအနည်းပါးဆုံးပြည်နယ်အဆင်းရဲဆုံးပြည်နယ်ဖြစ် သော်လည်း CDM ပြုလုပ်မှု အများဆုံး ပြည်နယ် တစ်ခုဖြစ်ခဲ့ပါတယ်။

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မှာ ၇၀၀ ကျော်၊ ထန်တလန်မြို့နယ်မှာ ၁၄၀၀ ကျော်၊ ဟားခါးမြို့နယ်မှာ ၂၉၅၄ ဦး၊ မင်းတပ်မြို့နယ်မှာ ၂၇၀၀ ကျော်၊ ပလက်ဝမြို့နယ်မှာ ၁၄၆ ဦး ၊တွန်းဇံမြို့နယ်မှာ ၇၇၄ ဦး၊ ဖလမ်းမြို့နယ် ၁၉၈၀ ဦး၊ မတူပီမြို့နယ် ၁၆၃၀ ဦးရှိပြီး စုစုပေါင်း ၁၄၅၉၁ ဦး က CDM ပြုလုပ်ခဲ့ပါတယ်။

ချင်းပြည်နယ်မှာ အစိုးရဝန်ထမ်း စုစုပေါင်း ၂၀၀၀၀ ကျော်ရှိသည့်အနက် ၁၄၀၀၀ ကျော်က CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့တွက် ရာခိုင်နှုန်းအားဖြင့် ၇၂ ရာခိုင်နှုန်းကျော် အထိရှိခဲ့ပါတယ်။


CDM လှုပ်ရှားမှုတွင် ပါဝင်ပြီးနောက် အချိန်ကာလအနည်းငယ်အကြာမှာ လုပ်ငန်းပြန်ဝင်တဲ့ ဝန်ထမ်းများလည်းရှိလာခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မတ်လအထိ ချင်းပြည်နယ်ကလွဲလို့တခြားပြည်နယ်/တိုင်းဒေသကြီး တွေမှာ လုပ်ငန်းခွင်ပြန်ဝင်တဲ့ ရာခိုင်နှုန်းဟာ ၆၀ ရာခိုင်နှုန်းအထိရှိတယ်လို့ CDM စာရင်းပြုစုသူ ကျောင်းအုပ်ဆရာမကြီးတစ်ဦးကဆိုပါတယ်။


အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု Civil Disobedience Movement (CDM) ပါဝင်ရာကနေ စစ်အာဏာသိမ်း ၁ နှစ်အကြာ /၂ နှစ်အကြာမှာ တခြားပြည်နယ်/တိုင်းဒေသကြီး တွေမှာ လုပ်ငန်းခွင် ပြန်ဝင်ရောက်တဲ့ Non CDM များလာပေမယ့် ချင်းပြည်နယ်မှာ တော့ လုပ်ငန်းခွင်ပြန်ဝင် ရောက်တဲ့ CDM ဝန်ထမ်း က နေ Non CDM ဝန်ထမ်း ပြန်ဖြစ်တာမျိုးမရှိသလောက်နီးနီးဖြစ်ကာ CDM လှုပ်ရှားမှုမှာ ချင်းပြည်နယ်က CDM ဝန်ထမ်း တွေဟာ အဆုံးထိ တောင့်ခံပါဝင်ခဲ့ကြပါတယ်။


စစ်ကောင်စီအုပ်ချုပ်မှု လက်အောက်က အစိုးရလုပ်ငန်း ယန္တရားတွေ လည်ပတ်နိုင် အောင် စစ် ကောင်စီရဲ့အလုပ်ပြန်ဝင်ဖို့ဖိတ် ခေါ်မှုကိုလျစ်လျူရူပြီး ချင်းပြည်က CDM ဝန်ထမ်း တွေက Non CDM မလုပ်ပဲ တောင့်ခံခဲ့ကြပါတယ်။

အာဏာသိမ်း ၄ နှစ်တာကာလအတွင်းမှာ ချင်းပြည်နယ်က CDM ဝန်ထမ်းတချို့ဟာ ဒေသကာကွယ်ရေး တပ်ဖွဲ့ ထဲဝင် ရောက်ပူးပေါင်းပြီး အာဏာသိမ်းစစ် ကောင်စီကို လက်နက်ကိုင်ပြီး တွန်းလှန် တိုက်ခိုက်နေကြပါတယ်။ အာဏာသိမ်း ၄ နှစ်တာ ကာလအတွင်းမှာချင်းပြည်နယ်က CDM ဝန်ထမ်းအများစုဟာ မြန်မာပြည်တွင်းနဲ့မီဇိုရမ်ပြည်နယ်မှာ အလုပ်လက်မဲ့ဘဝနဲ့ အလုပ်မရှိတဲ့အချိန် တွေများစွာ ကျော်ဖြတ်ခဲ့ရသလို ကြုံရာကျပန်းရရာအလုပ်လုပ်ကိုင်ရင်းခက်ခဲစွာအသက် မွေးခဲ့ကြရပါတယ်။


ချင်းပြည်နယ်က CDM ၀န်ထမ်းများထဲမှာ CDM ဝန်ထမ်း တွေကို စစ် ကောင်စီက Black list လုပ်ကာ နိုင်ငံကူးလက်မှတ်လုပ် ဆောင်ခွင့်ပိတ်ပင်ခြင်း၊ လေဆိပ်မှာ ဖမ်းဆီးတာ တွေ ကြောင့် အဖမ်းခံခဲ့ရသူ တွေရှိသလို အောက်လမ်းက နေ နယ်စပ်က နေ နိုင်ငံခြားကို တရားမဝင်ထွက်သွားသူတွေလည်းအများအပြားရှိခဲ့ပါတယ်။

အလုပ်အကိုင်ရှားပါးကာ မြန်မာနိုင်ငံရဲ့အဆင်းရဲဆုံးပြည်နယ်ဖြစ်တဲ့ ချင်းပြည်နယ်မှာ ၂၀၂၁ အာဏာမသိမ်းခင်ကာလက အစိုးရဝန်ထမ်းအလုပ်ဟာ ရေရှည်အာမခံချက် ပေးတဲ့အလုပ်ဖြစ်တာ ကြောင့် မက် မောစရာ အ ကောင်းဆုံးအလုပ်ဖြစ်ခဲ့ ပေမယ့် ၂၀၂၁ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုပြီး နောက်မှာတော့ ရွံစရာအလုပ်လိုဖြစ်လာခဲ့ပါတယ်။

အချို့CDM ဝန်ထမ်းတွေကလည်း ၎င်းတို့နေထိုင်ရာ မြို့ရွာ အခြေအနေ မိမိအသက်လုံခြုံရေး အရ အိန္ဒိယနိုင်ငံဖက်ကို စစ်ဘေးရှောင်နေကြတာတွေလည်း များစွာရှိကြပါတယ်။

တချို့ CDM ဝန်ထမ်းတွေဟာ လုံခြုံရေးအရ ချင်းပြည်နယ်နှင့် နယ်နိမိတ် ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံဖက်ကို ထွက်ပြေးတိမ်းရှောင်ကြတာတွေ ရှိသလို တိုက်ပွဲတွေကြောင့် တောတောင်တွေကြား ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ် ဘေးရှောင် CDM ဝန်ထမ်းတွေလည်း ရှိပါတယ်။


အာဏာသိမ်းမှုကို ဆန့်ကျင်လှုပ်ရှားခဲ့တဲ့ CDM ဝန်ထမ်းတွေကို စစ်ကောင်စီဖက်က အလုပ်ဖြုတ်တာတွေ ဖမ်းဆီးတာတွေ ခြိမ်းခြောက်တာတွေ ဆက်တိုက်ကြုံတွေ့ခဲ့ရပါတယ်။


လူငယ်ပိုင်းဝန်ထမ်းတချို့ဟာ CDM လုပ်ပြီး ပြင်ပ ကုမ္ပဏီ၊ အခြားစတဲ့ လုပ်ငန်း ခွင်တွေမှာ ရရာအလုပ်အကိုင်ရှာသော်လည်း လုပ်ငန်းပိုင်ရှင်များက CDM ဝန်ထမ်းများကြောင့် လုပ်ငန်းတွင် အန္တရယ်ကျ မည်ကို စိုးရိမ်တာမျိုး စတာတွေကြောင့် အလုပ်အကိုင် ပေးခြင်းမျိုး မလုပ်ရဲတာမျိုးတွေကို CDM ဝန်ထမ်းအချို့က ကြုံတွေ့ခဲ့ရပါတယ်။

CDM လှုပ်ရှားမှုမှာပါဝင်တဲ့ဝန်ထမ်းတွေကို ပြည်တွင်းပြည်ပကအလှူရှင်ပြည်သူ တွေနဲ့ အမျိုးသားညီညွှတ် ရေးအစိုးရ( NUG) က အစောပိုင်းမှာ အနည်းငယ်ထောက်ပံ့ပေးတာတွေရှိခဲ့ပေမယ့် ကာလကြာရှည်တာနဲ့ အမျှ ထောက်ပံ့ပေးတာတွေမရှိ တော့ပါဘူး ၊အခုဆိုရင် အာဏာသိမ်းတာ ၄ နှစ်ကြာလာတဲ့အချိန် CDM လှုပ်ရှားမှု ၄ နှစ်တာကြာလာတဲ့အချိန် CDM ဝန်ထမ်း တွေကို ထောက်ပံ့ဖို့ဆိုတာ ဘယ်သူမှစိတ်မဝင်စား တော့တဲ့အ ခြေအနေဖြစ်သွားပါပြီ။ CDM ဆိုတာ ရုံးမတက်နဲ့ရုန်းထွက်ဆိုတာ ၊ ပြည်သူတွေက ကျွေးထားမှာဆိုတဲ့ ကြွေးကြော်သံ တွေကို ပြည်သူအများဟာ သူတို့ရဲ ဘဝအ မော တွေအကြားမှာ မေ့သွားပါပြီ။ CDM လုပ်ဖို့လှုံ ဆော်ခဲ့တဲ့ နိုင်ငံ ရေးသမား တွေ၊ ထင်ရှားကျော်ကြားသူတွေ ကော CDM လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ ဝန်ထမ်း တွေကို မေ့သွားပြီလား၊ အခုအချိန်မှာ CDM အ ကြောင်း ဆွေး နွေးပွဲလုပ်မယ်ဆိုရင်ပါချင်ကြပါ့မလား?

စစ်အာဏာမသိမ်းခင် ယခင်ပညာသင်နှစ်များက ချင်းပြည်နယ်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုတဲ့ ကျောင်းသူ/ ကျောင်းသား တစ်သောင်းကျော်ခန့်က ပုံမှန်ရှိခဲ့ပါတယ်။အာဏာသိမ်းပြီး နောက် ချင်းပြည်နယ်မှာတက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ၂ ထောင် ကျော်သာရှိကာ အာဏာမသိမ်းခင်ကထက် အ ရေအတွက်များစွာ လျော့သွားခဲ့ပါတယ်။

ချင်းပြည်နယ်မှာ၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ(၂၂၅၉)ဦးရှိတဲ့အနက်(၆၀၅)ဦး အောင်မြင်ခဲ့၊၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ချင်းပြည်နယ်ကနေ ကျောင်းသူ၊ ကျောင်းသား (၂၈၂၄) ဦးဖြေဆိုခဲ့ပြီး ( ၂၀၄၅) ကအောင်မြင်ခဲ့၊၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ချင်းပြည်နယ်ကနေ ကျောင်းသူ၊ ကျောင်းသား ၄၃၅ ဦးဖြေဆိုတဲ့ထဲ (၃၃၈)ဦး အောင်မြင်ခဲ့တယ်လို့သိရပါတယ်။

ချင်းပြည်နယ်မှာ CDM လှုပ်ရှားမှူမှာအစိုးရဝန်ထမ်း တွေအများစုသာမကပဲ အ ခြေခံပညာ ကျောင်းတက် နေတဲ့ ကျောင်းသား/ ကျောင်းသူ တွေပါ CDM လှုပ်ရှားမှုထဲပါဝင်သလိုဖြစ်ခဲ့ပါတယ်။ ၂၀၂၁ နှစ်ကစပြီး ချင်းပြည်မှာ လက်နက်ကိုင် တော်လှန် ရေးအင်အားစု တွေအများအပြား ပေါ်ထွန်းလာပြီးမှာ စစ် ကောင်စီတပ်နဲ့တိုက်ပွဲများစွာဖြစ်လာခဲ့လို့ စစ် ကောင်စီထိန်းချုပ်ထားတဲ့မြို့ ပေါ် နေရာ တွေကလွဲရင် ချင်းပြည်သူအများစု နေထိုင်တဲ့ ကျေးလက် ဒေသက ကျောင်းအများစုပိတ်သွားပါတယ်။

အာဏာသိမ်းပြီး နောက် ချင်းပြည်နယ်မှာ လုံခြုံ ရေးအ ခြေ အ နေ အရ အ ခြေခံပညာ ကျောင်းများစွာမဖွင့်လှစ်နိုင်ခြင်း၊စစ် ကောင်စီလက် အောက်မှာတာဝန်ထမ်းဆောင်တဲ့ ပညာ ရေးဆရာ/ဆရာမ အင်အားနည်းပါးလာခြင်း၊ အာဏာသိမ်းကာစနှစ် တွေမှာ စစ်ကျွန်ပညာ ရေး ဆိုတဲ့အသံ တွေ ကြောင့် စစ် ကောင်စီလက် အောက်က ကျောင်း တွေမှာ ကျောင်းသားမိဘ တွေက ကျောင်းမထားလိုခြင်းတို့ ကြောင့် အာဏာမသိမ်းခင်က အ ခြေခံပညာ ကျောင်းသား/သူ ၅ သောင်း လောက်ရှိတဲ့ ချင်းပြည်နယ်မှာ အာဏာသိမ်းပြီး နောက် ၁ သောင်း တောင် မပြည့် တော့ဘူးလို့ ပြည်နယ်ပညာရေးရုံးဝန်ထမ်းတချို့ဆီကသိရပါတယ်။

ချင်းပြည်နယ် မြို့နယ် အချို့မှာ တော့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတွေမှာဆိုရင် စနစ်သစ် သင်ရိုးတွေနဲ့ ကျောင်းသား/ ကျောင်းသူ တွေကို ပညာသင်ကြားပေးတာမျိုးတွေ ရှိပါတယ်။ အဲဒီမှာ CDM လုပ်တဲ့ကျောင်းဆရာ/မ တွေဝင်ရောက်အားဖြည့်လျက်ရှိပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် လက်ရှိ ၄ နှစ် နီးပါးရှိလာတဲ့အချိန်မှာ ချင်းပြည်နယ်မှာ စစ် ကောင်စီထိန်းချုပ်ထားတဲ့ မြို့တချို့မှာ ကော ချင်း ဒေသကာကွယ် ရေးတပ်ဖွဲ့ထိန်းချုပ်ထားတဲ့ ဒေသ တွေမှာကော ၁ နှစ်ပြီး ၁ နှစ် ကျောင်းတက်သူ ကျောင်းသား/သူ ဦး ရေ ပိုမိုနည်းပါးလာပြီး ပိတ်ရတဲ့ အခြေခံပညာကျောင်းများအရေအတွက်ပိုများလာတယ်လို့ စစ်ကောင်စီလက် အောက်မှာ တာဝန်ထမ်း ဆောင် နေတဲ့ ပညာ ရေးဝန်ထမ်းတချို့နဲ့ ချင်း ဒေသကာကွယ် ရေးတပ်ဖွဲ့ တွေထိန်းချုပ်ထားတဲ့နယ် မြေ တွေမှာ တာဝန်ထမ်း ဆောင် နေတဲ့ပညာ ရေးဝန်ထမ်းတချို့ဆီက သိရပါတယ်။

ချင်းပြည်နယ်က မြို့နယ် ၉ မြို့နယ်မှာ စစ်ကောင်စီလက်အောက်မှာ အခြေခံပညာကျောင်းပေါင်း ၁၅၅၁ ကျောင်းရှိတဲ့အထဲ ပြည်နယ်တဝန်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဒီနှစ် ၂၀၂၄ ခုနှစ်ပညာသင်နှစ်မှာ အခြေခံပညာကျောင်း ၁၅၀၀ ကျော် ပိတ်ထားရတယ်လို့ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင် နေတဲ့ပညာ ရေးဝန်ထမ်းတချို့ဆီကသိရပါတယ်။


ချင်းပြည်နယ်မှာ ၂၀၂၄ – ၂၀၂၅ ခုနှစ် ပညာသင်နှစ်အစောပိုင်းက အခြေခံပညာစာသင်ကျောင်းတွေ ၃၈ ကျောင်း ဖွင့်လှစ်ခဲ့ပြီး တိုက်ပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာတာတွေကြောင့် တချို့ကျောင်းတွေ ပြန်ပြီးဖွင့်လှစ်နိုင်ခြင်းမရှိဘူးလို့လည်း သိရပါတယ်။


မြို့နယ် ၉ မြို့နယ်ရှိတဲ့ချင်းပြည်နယ်မှာ လက်ရှိမှာ ဖလမ်းနဲ့ထန်တလန်မြို့တွေမှာတိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွါးနေပြီး ဟားခါးမြို့နဲ့ တီးတိန်မြို့မှာသာ ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာစာသင်ကျောင်းတွေ ဖွင့်လှစ်နိုင်တာလို့လည်း သိရပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ၃/၄ နှစ်အတွင်း ပညာရေးနယ်ပယ်မှာ အရင်ကတည်းကအားနည်းခဲ့တဲ့ချင်းပြည်နယ်မှာ ကျောင်းတက်သူ သိသိသာသာ နည်းပါးလာပြီး ကျောင်းနေအရွယ် ဆယ်ကျော်သက် ချင်းလူငယ်အ တော်များများမှာ ငယ်ငယ်ရွယ်ရွယ်ဖြင့် လက်နက်ကိုင် တော်လှန် ရေးအဖွဲ့ထဲဝင်ရောက်ခြင်း၊အိမ်ထောင်ပြုသွားခြင်း/နိုင်ငံရပ်ခြားထွက်အလုပ်လုပ်ဖို့ကြိုးစားလာကြ ကြောင်း ချင်းအရပ်ဖက်အဖွဲ့အစည်းများထံမှသိရပါတယ်။

အာဏာသိမ်းပြီး နောက် စစ် ကောင်စီခန့် ချင်းပြည်နယ်အစိုးရဟာ ချင်းပြည်နယ်မှာ ရှိတဲ့ ၉ မြို့နယ်မှာ မြို့ ပေါ် တွေမှာ ဌာန ပေါင်းစုံမလည်ပတ်နိုင်ပဲ အဓိက မြို့နယ်အ ထွေ ထွေအုပ်ချုပ် ရေးဦးစီးဌာနရုံး(ထွေအုပ်)ဖွင့်နိုင်ရုံသာ မနည်းလည်ပတ်ခဲ့ရာမှချင်းပြည်နယ်မှာ ၁ နှစ်ပြီး ၁ နှစ် စစ် ကောင်စီထိန်းချုပ်နိုင်တဲ့ မြို့ အ ရေ အတွက် ပိုမို လျော့ပါးလာခဲ့ကာ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ မင်းတပ်နဲ့ကန်ပက်လက်မြို့ ၂ မြို့ကိုထပ်လက်လွှတ်ခဲ့ရကာ အခုဆိုရင် ဟားခါးနဲ့တီးတိန်မြို့မှာသာ စစ်တပ်၊ရဲ၊ဌာနဆိုင်ရာရုံးလုပ်ငန်းအနည်းငယ်နဲ့ စစ် ကောင်စီက ထိန်းချုပ်ထားနိုင်ပါ တော့တယ်။

ချင်းပြည်နယ်မှာ အာဏာသိမ်းစစ်ကောင်စီ အစိုးရကို ဖြုတ်ချနိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ တွန်းလှန်တိုက်ခိုက်နေတဲ့ အထဲ CDM အစိုးရ ဝန်ထမ်းအများစုက ပါဝင်နေခဲ့တာတွေကြောင့် ချင်းပြည်နယ်မှာ အာဏာသိမ်းအစိုးရ လုပ်ငန်းယန္တရားတွေ ကောင်းမွန်စွာ မလည်ပတ်နိုင်ခဲ့တာ ၄ နှစ်ကျော်ဝန်းကျင် ရှိလာခဲ့ပါပြီ။

၂၀၂၁ မှာ အာဏာသိမ်းခဲ့တဲ့စစ် ကောင်စီကို CDM လှုပ်ရှားမှုကနေစပြီး တက်တက်ကြွကြွ ပြန်လည်တွန်းလှန် တိုက်ခိုက်နေခဲ့တာတွေကြောင့် ၄ နှစ်အတွင်း ချင်းပြည်နယ်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့အုပ်ချုပ် ရေးဟာ မလည်ပတ်နိုင်ခဲ့တာကတော့ အသေအချာပဲဖြစ်ပါတယ်။



 နောင် ချင်း တော်လှန် ရေး အောင်မြင်တဲ့အချိန် မှာ ၂၀၂၁ မြန်မာစစ်တပ်အာဏာသိမ်းတုန်းက ချင်းပြည်နယ်က ၁ သောင်းခွဲခန့်ရှိတဲ့ ဝန်ထမ်း တွေက အလုပ်ပြုတ်ခံ၊ဘဝပျက်ခံပြီး CDM လုပ်ပြီး စစ်ကောင်စီအုပ်ချုပ်ရေးမလည်ပတ်နိုင်အောင်စလုပ်ခဲ့တာသမိုင်းအဖြစ်ကျန် နေမှာဖြစ်ပါတယ်။


ချင်းပြည်နယ်မှာ စစ် ကောင်စီကို ချင်းလက်နက်ကိုင် တော်လှန် ရေးအင်အားစု တွေ မ တော်လှန်ခင်မှာချင်းပြည်နယ်က ပြည်သူ့ဝန်ထမ်း တွေက အရင်ဆုံး တော်လှန်ခဲ့တာပါ။


ချင်းပြည်နယ်မှာ လက်ရှိမှာ ဟားခါး၊တီးတိန်၊ထန်တလန်၊ဖလမ်း မြို့ ၄ မြို့မှာသာ စစ်ကောင်စီက တပ်စခန်းချထားနိုင်ပြီး ကျန်မြို့နေရာအားလုံးကို ချင်းလက်နက်ကိုင်အဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *