Headlines

ကလေးမြို့မှာ ဆေးဝါးတင်သွင်းတာကိုကန့်သတ်ထိန်းချုပ်ထားတာကြောင့် ဆေးဝါးတွေရှားပါးပြီး ဈေးနှုန်းမြင့်တက်နေ

နိုဝင်ဘာလ ၁၄ ရက်။

စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဆေးဝါးသယ်ယူတင်သွင်းတာတွေကို စစ်ကောင်စီက ကန့်သတ်ထိန်းချုပ်ထားတာကြောင့် ဆေးဝါးတွေရှားပါးလာပြီး ဈေးနှုန်းလည်း နှစ်ဆ သုံးဆ မြင့်တက်ကုန်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကလေးမြို့ဒေသခံတစ်ဦးက “ဆေးဝါးတွေက အရမ်းဈေးကြီးတယ် စစ်ကောင်စီကလည်း ဆေးဝါးတင်သွင်းတဲ့ဟာတွေကို ဆေးဝါးသယ်တဲ့ကားတွေကို ဖမ်းတာမျိုးရှိတော့ တချို့ကားသမားတွေကလည်း မသယ်ရဲကြဘူး pdf ကို ထောက်ပို့မှာ ဆိုတဲ့ပုံစံမျိုးနဲ့ဆိုတော့ ဆေးဝါးတွေကတော့ ရှားလည်းရှားတယ် ဈေးလည်းကြီးတယ်ပေါ့ နှစ်ဆသုံးဆ ဈေးတက်တာ တခြားကုန်ပစ္စည်းတွေလည်း ဈေးကြီးကုန်ပေမယ့် ဆေးဝါးတွေက ဈေးလည်းကြီး ရှားလည်း ရှားပါးလာတယ် ကားသမားတိုင်းကလည်း မသယ်ရဲကြဘူးဆိုတော့ သယ်တဲ့လိုင်းတစ်လိုင်းလောက်ဘဲရှိတယ် ကားသမားတိုင်းက ဆေးဝါးမသယ်ရဲကြဘူး” လို့ပြောပါတယ်။

ကလေးမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာနဲ့ မြို့ကိုဆက်သွယ်ထားတဲ့ လမ်းတွေတော်တော်များများကိုလည်း ဖြတ်သန်းသွားလာခွင့်ကို စစ်ကောင်စီက ပိတ်ဆို့တားမြစ်ထားတာကြောင့် မြို့ပေါ်က ကုန်ပစ္စည်းဈေးနှုန်းရဲ့ ၂ ဆလောက်နဲ့ ကျေးရွာတွေမှာ ပြန်ဝယ်ယူနေကြရတဲ့ အကြောင်းကိုလည်း ဒေသခံတွေဆီကနေ သိရပါတယ်။

လက်ရှိမှာ ကလေးမြို့ပေါ်ကို ကလေးမြို့နယ်အတွင်းက စစ်ဘေးရှောင်တွေနဲ့ချင်းပြည်နယ်ဘက်က စစ်ဘေးရှောင်တွေ လာရောက်နေထိုင်ကြတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *