

Salai CLian
ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္တြင္ ျမန္မာ့တပ္မေတာ္ႏွင့္ AAတို႔ တိုက္ပြဲမ်ားျဖစ္ပြားမႈေၾကာင့္ ေနရပ္စြန္႔ခြာ ျပည္သူမ်ားကုိ စား၀တ္ေနေရး ဖူလုံေစရန္ႏွင့္ ပညာေရး၊ က်န္းမား စသည့္လုပ္ငန္းမ်ားအတြက္ ကုလသမဂၢအဖြဲ႕အစည္းမ်ား၊ ႏိုင္ငံတကာ အစိုးရမဟုတ္သည့္အဖြဲ႕အစည္းမ်ားႏွင့္ ျမန္မာႏူိင္ငံအစုိးရ ပူးေပါင္းကာ အေမရိကန္ ေဒၚလာ ၁၂.၂ သန္းကူညီသြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆုိပါအေၾကာင္းကုိ ဒုတိယအႀကိမ္ အမ်ိဳးသားလႊတ္ေတာ္ (၁၃)ႀကိမ္ေျမာက္ပုံမွန္အစည္းအေဝးတြင္ ခ်င္းျပည္နယ္ မဲဆႏၵနယ္အမွတ္(၁၁) ဦးေဝွ႔တင္မွ “ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္အတြင္းရွိ တိုက္ပြဲေရွာင္ျပည္သူမ်ားအတြက္ ကူညီေထာက္ပံ့ မႈမ်ား ေပးရန္” ႏွင့္ စပ္လ်ဥ္းသည့္ ၾကယ္ပြင့္ျပေမးခြန္းတြင္ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာ ခ်ထားေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအး၏ ေျဖၾကားျခင္းျဖစ္သည္။
ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္တြင္ ျမန္မာ့တပ္မေတာ္ႏွင့္ AAတို႔ တိုက္ပြဲမ်ားျဖစ္ပြားမႈေၾကာင့္ ၂၀၁၇ ခုႏွစ္၊ ႏိုဝင္ဘာလမွ ၂၀၁၉ခုႏွစ္၊ ဩဂုတ္လ(၂၀)ရက္အထိ တိုက္ပြဲေရွာင္ အိမ္ေထာင္စု (၂၅၅)စု၊ လူဦးေရ(၁၃၄၀)ဦးတို႔သည္ ေနရပ္စြန႔္ခြာ၍ နီးစပ္ရာေက်း႐ြာမ်ား၌ ေခတၱအေျခခ် ေနထိုင္လ်က္ရွိၿပီး တိုက္ပြဲေရွာင္စခန္း သီးျခားဖြင့္လွစ္ထားျခင္း မရွိပါေၾကာင္း၊ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕အေနျဖင့္ ပလက္ဝၿမိဳ႕နယ္အတြင္းရွိ တိုက္ပြဲေရွာင္ျပည္သူမ်ား၏ လုံၿခဳံေရး၊ တရားဥပေဒ စိုးမိုးေရး၊ ရပ္႐ြာေအးခ်မ္းသာယာေရးတို႔အတြက္ ဥပေဒႏွင့္အညီ ကူညီေဆာင္႐ြက္ေပးလ်က္ ရွိသည္ဟု ၀န္ႀကီးက ေျပာသည္။
ပလက္ဝၿမိဳ႕နယ္အတြင္းရွိ တိုက္ပြဲေရွာင္ျပည္သူမ်ားေနထိုင္ခဲ့ၾကသည့္ ေက်း႐ြာ (၂၄)႐ြာမွ အိမ္ေထာင္စု(၁၁၃၂)စုအတြက္ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန၊ ေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈဦးစီးဌာနအေနျဖင့္ ၂၀၁၇ ခုႏွစ္၊ ႏိုဝင္ဘာလ(၁၅)ရက္ေန႔မွ ၂၀၁၉ ခုႏွစ္၊ ဇူလိုင္လ (၈)ရက္ေန႔အထိ စားနပ္ရိကၡာ၊ အိမ္ေဆာက္ပစၥည္းဖိုးေငြ၊ အိမ္ေဆာက္ပစၥည္းမ်ား (၄၂၀)စုံ၊ ေသဆုံးႏွင့္ ဒဏ္ရာရသူ(၈)ဦးအတြက္ ေထာက္ပံ့ေငြ စုစုေပါင္းက်ပ္ (၇၄.၆၈၁)သန္းကို ေထာက္ပံ့ေပးခဲ့ေၾကာင္း ၀န္ႀကီးက ဆက္လက္ရွင္းျပသည္။
ယင္းအျပင္ တိုက္ပြဲေရွာင္ျပည္သူမ်ားအနက္ ကိုယ္ဝန္ေဆာင္မိခင္မ်ားႏွင့္ ၎တို႔ကေမြးဖြားလာေသာ အသက္(၂)ႏွစ္ေအာက္ကေလးမ်ားအား တစ္လလွ်င္ က်ပ္တစ္ေသာင္းခြဲႏႈန္းျဖင့္ ေထာက္ပံ့ျခင္းကို ၂၀၁၇ ခုႏွစ္၊ ဇူလိုင္လမွ စတင္၍လည္းေကာင္း၊ အသက္(၈၅)ႏွစ္အထက္ သက္ႀကီး႐ြယ္အိုမ်ားအား တစ္လလွ်င္ က်ပ္တစ္ေသာင္းႏႈန္းျဖင့္ ေထာက္ပံ့ျခင္းကို ၂၀၁၇ ခုႏွစ္၊ ဧၿပီလမွ စတင္၍ လည္းေကာင္း၊ မသန္စြမ္းသူမ်ားအား တစ္ဦးလွ်င္ က်ပ္သုံးေသာင္းႏႈန္းျဖင့္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလတြင္လည္းေကာင္း ဝန္ႀကီးဌာနက ခ်င္းျပည္နယ္အစိုးရအဖြဲ႕မွတစ္ဆင့္ ေထာက္ပံ့ ေပးခဲ့ေၾကာင္း ၀န္ႀကီးက ဆက္ဆုိသည္။
ချင်းပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများကို အမေရိကန် ဒေါ်လာ ၁၂ သန်းကျော်ကူညီမည်
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် AAတို့ တိုက်ပွဲများဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာ ပြည်သူများကို စားဝတ်နေရေး ဖူလုံစေရန်နှင့် ပညာရေး၊ ကျန်းမား စသည့်လုပ်ငန်းများအတွက် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများနှင့် မြန်မာနိူင်ငံအစိုးရ ပူးပေါင်းကာ အမေရိကန် ဒေါ်လာ ၁၂.၂ သန်းကူညီသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအကြောင်းကို ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁) ဦးဝှေ့တင်မှ “ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် ကူညီထောက်ပံ့ မှုများ ပေးရန်” နှင့် စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၏ ဖြေကြားခြင်းဖြစ်သည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် AAတို့ တိုက်ပွဲများဖြစ်ပွားမှုကြောင့် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၁၉ခုနှစ်၊ ဩဂုတ်လ(၂၀)ရက်အထိ တိုက်ပွဲရှောင် အိမ်ထောင်စု (၂၅၅)စု၊ လူဦးရေ(၁၃၄၀)ဦးတို့သည် နေရပ်စွန့်ခွာ၍ နီးစပ်ရာကျေးရွာများ၌ ခေတ္တအခြေချ နေထိုင်လျက်ရှိပြီး တိုက်ပွဲရှောင်စခန်း သီးခြားဖွင့်လှစ်ထားခြင်း မရှိပါကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ပလက်ဝမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ၏ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးတို့အတွက် ဥပဒေနှင့်အညီ ကူညီဆောင်ရွက်ပေးလျက် ရှိသည်ဟု ဝန်ကြီးက ပြောသည်။
ပလက်ဝမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများနေထိုင်ခဲ့ကြသည့် ကျေးရွာ (၂၄)ရွာမှ အိမ်ထောင်စု(၁၁၃၂)စုအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ(၁၅)ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၈)ရက်နေ့အထိ စားနပ်ရိက္ခာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ၊ အိမ်ဆောက်ပစ္စည်းများ (၄၂၀)စုံ၊ သေဆုံးနှင့် ဒဏ်ရာရသူ(၈)ဦးအတွက် ထောက်ပံ့ငွေ စုစုပေါင်းကျပ် (၇၄.၆၈၁)သန်းကို ထောက်ပံ့ပေးခဲ့ကြောင်း ဝန်ကြီးက ဆက်လက်ရှင်းပြသည်။
ယင်းအပြင် တိုက်ပွဲရှောင်ပြည်သူများအနက် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့ကမွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးများအား တစ်လလျှင် ကျပ်တစ်သောင်းခွဲနှုန်းဖြင့် ထောက်ပံ့ခြင်းကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လမှ စတင်၍လည်းကောင်း၊ အသက်(၈၅)နှစ်အထက် သက်ကြီးရွယ်အိုများအား တစ်လလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် ထောက်ပံ့ခြင်းကို ၂၀၁၇ ခုနှစ်၊ ဧပြီလမှ စတင်၍ လည်းကောင်း၊ မသန်စွမ်းသူများအား တစ်ဦးလျှင် ကျပ်သုံးသောင်းနှုန်းဖြင့် ၂၀၁၉ ခုနှစ်၊ ဧပြီလတွင်လည်းကောင်း ဝန်ကြီးဌာနက ချင်းပြည်နယ်အစိုးရအဖွဲ့မှတစ်ဆင့် ထောက်ပံ့ ပေးခဲ့ကြောင်း ဝန်ကြီးက ဆက်ဆိုသည်။