
အိန္ဒိယ တက္ကသိုလ်တစ်ခုမှာ Nursing နဲ့ Lab Science တက်ရောက်ပြီး ချင်းပြည်နယ်အတွက် ပြန်လည်တာဝန်ထမ်းဆောင်မယ့် သူတွေအတွက် ပညာသင်ဆုပေးမယ်လို့ CHO ထုတ်ပြန်
မေလ ၉ ရက်။ အိန္ဒိယနိုင်ငံက တက္ကသိုလ်တစ်ခုမှာ Nursing နဲ့ Lab Science တက်ရောက်ပြီး ချင်းပြည်နယ်အတွက် ပြန်လည်တာဝန်ထမ်းဆောင်မယ့် သူတွေအတွက် ချင်းကျန်းမာရေးအဖွဲ့အစည်း (Chin Health Organization ) က ပညာသင်ဆု စကောလာရှစ်ပေးမယ်လို့ မေလ ၈ ရက်နေ့ အသိပေးထုတ်ပြန်ထားပါတယ်။ အနည်းဆုံး အသက် ၁၇နှစ်ပြည့်ထားပြီး လက်ရှိ အိန္ဒိယနိုင်ငံရဲ့ ၁၂ တန်း ဒါမှမဟုတ် မြန်မာနိုင်ငံရဲ့ ၁၂တန်း အောင်ထားပြီး Nurse (သို့မဟုတ်) Lab Technician ဖြစ်ချင်တဲ့ မြန်မာကျောင်းသားတွေအနေနဲ့ အိန္ဒိယက တက္ကသိုလ်ကျောင်းတစ်ကျောင်းမှာ Nursing အတွက် လျှောက်လို့ရမယ့် program (၂) ခု ရှိပါပြီး General Nursing and Midwifery…