
တီးတိန်မြို့နယ်မှာ ZRA-EC အဖွဲ့ဝင် တစ်ဦး ရဲ့ နေအိမ် မီးလောင် ပြာကျ ပြီး ရှို့မီး လို့သံသယရှိကြောင်း ဒေသခံများကဆို
မေလ ၃ ရက်။ မေလ ၂ ရက်နေ့ ညမှာ တီးတိန်မြို့နယ် တွီးထန်ရွာရှိ ZRA-EC အဖွဲ့ဝင် တစ်ဦး ရဲ့ နေအိမ် မီးလောင် ပြာကျ ပြီး အဆိုပါအိမ်မီးလောင်မှုဟာ ရှို့မီး လို့သံသယရှိတယ် လို့ တီးတိန်ဒေသခံများ ထံမှ သိရှိရပါတယ်။ “နေအိမ် ပိုင်ရှင် ကတော့ ZRA-EC အဖွဲ့ဝင် တစ်ဦး လို့ သိရတယ်။ မီးလောင်မှုက ရှို့မီး ဖြစ်မယ် လို့ ခန့်မှန်း ရပါတယ်။ မီးရှို့တဲ့ အဖွဲ့ က ဘယ် အဖွဲ့ လည်း ဆိုတာ တော့ မသိရ သေးဘူး။ လတ်တလော မှာတော့ CC အဖွဲ့ဝင် တပ်ဖွဲ့တွေ တွီးထန် ရွာမှာ…