Input your search keywords and press Enter.

Chin World Media

707 Articles0 Comments

“ကိုဗစ် ၁၉ ကို မျက်ခြည်မပြတ် သတိပြုပါ”

  သွေး (စစ်ကိုင်း) ကိုဗစ် ၁၉ ကပ်ရောဂါဟာ ကမ္ဘာတဝှမ်းရှိ နိုင်ငံများရဲ့ လူမှုစီးပွားရေးကို ထိခိုက်စေခဲ့သလို ရောဂါကူးစက်ပျံ့ပွားမှုကို ထိန်းချုပ်နိုင်ဖို့လည်း နိုင်ငံတိုင်းက ဆက်လက်ကြိုးစားနေရဆဲ ကာလပါ။ အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ ဆိုရင် ကိုဗစ် ၁၉ ကူးစက်ပျံ့ပွားမှု ပြန်လည်မြင့်တက်လာတဲ့ သတင်းတွေလည်း ကြားနေရတာ၊ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကိုဗစ် ၁၉ ကူးစက်ခံသူပေါင်း ၂၁၆ သန်းထိ ရှိလာနေပြီး သေဆုံးသူပေါင်းလည်း ၄ သိန်းခွဲနီးပါး ရှိလာနေတာတွေကြောင့် မြန်မာနိုင်ငံမှာလည်း ကိုဗစ်ကို မျက်ခြည်မပြတ် သတိပြုဖို့ လိုအပ်နေပါပြီ။ အိန္ဒိယနိုင်ငံဟာ အမေရိကန် ပြီးရင် ကမ္ဘာပေါ်မှာ ကိုဗစ် ၁၉ ကူးစက်မှု ဒုတိယအများဆုံး နိုင်ငံဖြစ်ပါတယ်။…

မင်းတပ်မြို့နယ်မှာ စစ်ဘေးရှောင်များနားခိုဖို့ စစ်ကင်းမဲ့ဇုံ လိုနေ

  Salai Hung Tun Gei “ မြို့ပေါ်မှာ မလုံခြုံလို့၊ ကျည်ဆံတွေကြားက ဘယ်နေ့ ဘယ်ချိန် ကျည်ဆံမှန်မလဲ မသိ၊ မနက်ဖန်ဆိုတာ မရေရာတော့လို့ တောထဲတောင်ထဲ အဝတ်တထည်ကိုယ် တခုနဲ့ ရှောင်ထွက်ပြေးခဲ့ကြတယ်။ မြို့ပေါ်ကနေ နယ်ဘက်ကျေးရွာတွေကို စစ်ရှောင် ရောက်တော့လဲ ရွာအထိ လိုက်ပစ်ကြတယ်” ဒီရင်ဖွင့်စကားက လက်ရှိ မင်းတပ်မြို့မှာ စစ်ဘေးကြားကြုံတွေ့နေရသူ တစ်ဦးရဲ့ စကားပါ။ သူကမင်းတပ်မြို့နယ်အတွင်း စစ်ဘေးကြုံတွေ့နေရသူလည်းဖြစ်ပါတယ်။ သူက သူကြုံတွေ့ရတဲ့ မြေပြင်အနေအထားကိုလည်း အခုလိုပြောပါတယ်။ သူက “ကျေးရွာရှိ အိမ်အလွတ်တွေ ဖြစ်စေ၊ ကျောင်းဆောင်တွေမှာ အဆင်ပြေသလို နေရတာကို အိမ်တွေဖျက်ဆီး ပြီး အလှူရှင်တွေ ကနေ ပေးတဲ့ ဆန်…

ဖက်ဒရယ်ရလာသည့်အခါ ချင်းမျိုးနွယ်စုများတန်းတူပါဝင်သောနိုင်ငံရေးစနစ်ပုံဖော်နိုင်ရေး

  Salai Siiptui ချင်းတို့၏  နိုင်ငံရေးပြောင်းလဲမှုအသစ်တစ်ခုဖြစ်စေ၊ ဖက်ဒရယ်ပြည်နယ်ဖြစ်စေ ရလာသည့်အခါ ချင်းလူမျိုးများ နဖူးတွေ့ဒူးတွေ့ ဆွေးနွေးရမည့် ခေါင်းစဉ်မှာ မျိုးနွယ်စုများတန်းတူပါဝင်သောနိုင်ငံရေးစနစ်ပုံဖော်နိုင်ရေးဖြစ်ပါသည်။ ချင်းမျိုးနွယ်စုများတန်းတူပါဝင်သောနိုင်ငံ ရေးစနစ်ပုံဖော်နိုင်ရန်မဲဆန္ဒနယ်များ မည်သို့မည်ပုံသတ်မှတ်ကြမည်နည်း။ ၂၀၀၈ ခြေဥအရ မြို့နယ်အလိုက် မဲဆန္ဒနယ်သတ်မှတ်ထားပါသည်။သို့သော်ချင်းလူမျိုးများ၏ပကတိဖြစ်တည်သောလူမှုအဆောက်အအုံမှာမျိုးနွယ်စုကိုအခြေခံပါသည်။ ချင်းလူမျိုးများ ကိုယ်ပိုင်ဥပဒေပြဌာန်းည့်အခါ မျိုးနွယ်စုအသီးသီး တန်းတူရေးကိုအခြေခံဖို့လိုပါသည်။ စာရေးသူ လက်လှမ်းမီသလောက် ကိုးကားဖော်ပြပါမည်။ (ကျွန်တော်ဖော်ပြသော မျိုးနွယ်စုအမည်များနှင့်မဖော်ပြသောမျိုးနွယ်စုအမည်များအကြား ခွဲခြားမှု​ဖြစ်စေ၊မြို့နယ်တွင်း ပဋိပက္ခကိုဦးတည်စေသောရည်ရွယ်ချက်ဖြစ်စေ လုံးဝ(လုံးဝ)မရှိပါ။ကိုးကားချက်သက်သက်ဖြစ်သည်။အမှားအယွင်းရှိပါက စာရေးသူ၏အားနည်းချက်သာဖြစ်ပါသည်။) ၂၀၀၈ ခြေဥအရ Dai မဲဆန္ဒနယ်မရှိပါ။ မင်းတပ်မဲဆန္ဒနယ်သာရှိပါသည်။ Mara မဲဆန္ဒနယ်၊Zotung မဲဆန္ဒနယ်မရှိပါ။ မတူပီမဲဆန္ဒနယ်သာရှိပါသည်။ Zophei, Lautu, Senthang မဲဆန္ဒနယ်မရှိပါ။ဟားခါးမဲဆန္ဒနယ်၊ထန်တလန် မဲဆန္ဒနယ်သာရှိပါသည်။ Zanniat, Ngawn, Khualsim မဲဆန္ဒနယ်မရှိပါ။ဖလမ်း…

ကိုဗစ် ၁၉ ကို ကျော်လွှားဖို့ စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပါ

  သွေး (စစ်ကိုင်း) ကိုဗစ် ၁၉ ရောဂါဟာ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံတော်တော်များများမှာ ဆက်လက်ကူးစက်နေဆဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ကိုဗစ်ကူးစက်ခံရမှုတွေ ရှိနေဆဲ ဖြစ်ပေမဲ့ သေဆုံးမှုနှုန်း အနည်းငယ်လျော့ကျလာတာ တွေ့ရပါတယ်။ ဒီလို လျော့ကျလာတာဟာ ပြည်သူတွေ အနေနဲ့ နေအိမ်မှာ နေထိုင်ကြခြင်း အပါအဝင် လိုက်နာရမယ့် ကိုဗစ်စည်းကမ်းချက် တွေကို လိုက်နာခဲ့တာကြောင့် လို့ ပြောနိုင်ပါတယ်။ ကိုဗစ်မျိုးဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်ခံရမှုတွေထဲမှာ အခုနောက်ဆုံး Lambda မျိုးကွဲ ကူးစက်ခံရသူ တစ်ယောက်ကို ဖိလစ်ပိုင်နိုင်ငံမှာ တွေ့ရှိခဲ့ရပါတယ်။ အဲဒါကြောင့် ဖိလစ်ပိုင်နိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ပြည်သူတွေ စည်းကမ်းကို သေချာလိုက်နာဖို့ တိုက်တွန်းပြောကြားပါတယ်။ Lambda မျိုးကွဲမှာ ကာကွယ်ဆေးထိုးနှံမှုက…

ချင်းပြည်နယ်မှာ တိုင်းရင်းသားရေးရာဝန်ကြီး ခန့်အပ်ခြင်း၏ ပဟေဠိ

  Salai Ceu Bik Thawng   ချင်းပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးအတွက် ၂၀၀၈ အခြေခံဉပဒေ ပုဒ်မ ၄၁၉အရ ပလက်ဝမြို့မှာ နေထိုင်သော ရခိုင်လူမျိုး ဉီးစိန်ထွန်းလှကို စစ်ကောင်စီက ခန့်အပ်မှုအပေါ် မေးခွန်းထုတ်စရာ အများအပြားရှိလာပါသည်။ သူတို့ စွဲကိုင်ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဉပဒေအရ ချင်းပြည်နယ်တွင် လူမျိုးခြား ရေးရာဝန်ကြီး ခန့်အပ်နိုင်လောက်အောင် လူဉီးရေ အလုံအလောက်ရှိမရှိ ဆိုသည့်အချက်နှင့် ထိုသို့ မဖြစ်ဖြစ်အောင် ခန့်အပ်ခြင်း၏ နောက်ကွယ်မှာ စစ်ကောင်စီ၏ ကစားကွက် မည်ကဲ့သို့ရှိသနည်း ဆိုသည့်အချက်သည် အထူးတလေ စဉ်းစားစရာ ဖြစ်ပါသည်။ ပထမချက်အနေဖြင့် စစ်ကောင်စီက ပုဒ်မ ၄၁၉အရ ဝန်ကြီးများ ခန့်အပ်ခွင့်ရှိသော်လည်း ရေးရာဝန်ကြီးဆိုင်ရာ ခန့်အပ်မှုကို  ဖွဲ့စည်းပုံအခြေခံဉပဒေ…

ပူးကျင်ရှင့်ထန် ( သို့မဟုတ် ) သမိုင်းဝင် ဖက်ဒရယ်လှုပ်ရှားမှုရဲ့ အစိတ်အပိုင်း

    စိုင်းထွန်းအောင်လွင် စာရေးသူတို့ငယ်စဉ်ကတော့ ကျောင်းသုံးပြဌာန်းသမိုင်းစာအုပ်တွေမှာ ဖက်ဒရယ်မူဆိုတာ ခွဲထွက်ရေး လိုလို သင်ကြားခဲ့ရတယ်။ ရှမ်းစော်ဘွားတွေ ဖက်ဒရယ်မူကို အကြောင်းပြ တိုင်းပြည်ကနေ ခွဲထွက်ဖို့ ကြံစည်လို့ တိုင်းပြည်မပြိုကွဲရေးအတွက် စစ်တပ် ဦးဆောင်တဲ့ တော်လှန်ရေး ကောင်စီက တိုင်းပြည်ချောက်ထဲမကျခင် ဝင်ရောက်ထိန်းသိမ်းလိုက်ရတယ် ဆိုတာမျိုးကအစပါ။ တနည်းအားဖြင့် ဖက်ဒရယ်ဆိုတာကို ကြောက်ရွံ့စရာ တစ္ဆေအဖြစ် ပုံဖော်ခဲ့တယ်။ စာရေးသူ အသက် ၂၀ ဝန်းကျင် အရွယ်ရောက်တော့ မီဒီယာမလွတ်လပ်တဲ့ခေတ်ကာလ ဖြစ်ပေမယ့် ပြည်ပ ရေဒီယိုတွေက လွှင့်တဲ့ သတင်းအစီအစဉ်တွေ နားထောင်ဖြစ်တယ်။ အဲကာလမှာ ဒီမိုကရေစီ အသံကို ပြည်ပ ရေဒီယို အစီအစဉ်တွေမှာ ကြားရတာများပေမယ့် အဲတုန်းက ရှားရှားပါးပါး ဖက်ဒရယ်…

ဗီဇပြောင်းကိုဗစ်ပိုး ကူးစက်မှုကို အချင်းချင်း ဖေးမ,မှုနဲ့ ကာကွယ်ပါ

  သွေး (စစ်ကိုင်း) ကူးစက်မှုနှုန်း ပိုမိုမြန်ဆန်, ပြင်းထန်တဲ့ မျိုးဗီဇပြောင်း ကိုဗစ် ၁၉ ဟာ မြန်မာနိုင်ငံနဲ့ ကမ္ဘာ့နိုင်ငံတွေမှာ ပျံ့နှံ့နေပါတယ်။ အမေရိကန်ပြည်ထောင်စု ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေး ဗဟိုဌာန (CDC) က ဒီဗိုင်းရပ်စ်ဟာ ဗိုင်းရပ်စ်တွေထဲမှာ ကူးစက်မှုနှုန်း အမြန်ဆုံး ဖြစ်တယ် လို့ သတိပေးထားပါတယ်။ ဇွန်လက စ,ပြီး မျိုးဗီဇပြောင်း ကိုဗစ်ပိုးတွေ့ခဲ့တဲ့ ကျမတို့ မြန်မာနိုင်ငံမှာ ကူးစက်ခံရသူရော၊ သေဆုံးသူ အရေအတွက်ပါ သိသိသာသာ မြင့်တက်လာနေလို့ အထူးသတိပြုရမယ့် အခြေအနေလည်း ဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံမှာ တွေ့ရတဲ့ အယ်လ်ဖာ (Alpha)၊ တောင်အာဖရိက နိုင်ငံမှာ တွေ့ရတဲ့ ဘီတာ (Beta)၊ အိန္ဒိယနိုင်ငံမှာ…

ခေတ်သစ် မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ကြိုးကိုင်နေသည့် အုပ်စုများ

Salai Rual Lian Thang ———————————————————— ခေတ်သစ် မြန်မာပြည် နိုင်ငံရေးအကျပ်အတည်း၏ အခြေခံသည် ဖက်ဒရယ်ဒီမိုကရေစီစနစ် လိုလားသူ နှင့် မလိုလားသူအကြား ဖြစ်ပေါ်သည့် နိုင်ငံရေးပဋိပက္ခ ဟု အတိုင်းတာတစ်ခုထိ ဆိုနိုင်သော်လည်း ထိုအချက်သည် နိုင်ငံရေးအကျပ်အတည်း၏ အဓိက ရင်းမြစ်မဟုတ်ပါ။ နိုင်ငံရေး အကျပ်အတည်း၏ အဓိက ရင်းမြစ်သည် မြန်မာ့သမိုင်းကို လွဲမှားစွာ နားလည်သဘောပေါက်သည့် စစ်တပ်ထောက်ခံသူအုပ်စု နှင့် ဒေါ်အောင်ဆန်းစုကြည် ကိုးကွယ်သူအုပ်စု နှစ်ခုကြားဖြစ်ပွားသည့် နိုင်ငံရေးအာဏာလုပွဲမှစတင်ကာ၊ ထိုအုပ်စု နှစ်ခုလုံးကို ဆန့်ကျင်သည့် ဖက်ဒရယ်ဒီမိုကရေးစီစနစ် နှင့် အတူယှဉ်တွဲနေထိုင်ရေး (pluralistic society) လိုလားသူ (တတိယ) အုပ်စု သုံးခုအကြား ဖြစ်ပေါ်သည့် ပဋိပက္ခဖြစ်သည်။ ပထမ…

ကိုဗစ် ၁၉ အစုလိုက် ကူးစက်မှုကို ကြိုတင်ကာကွယ်ပါ

  သွေး (စစ်ကိုင်း) ကိုဗစ် ၁၉ ဗိုင်းရပ်စ်ပိုးဟာ မျိုးဗီဇမျိုးကွဲ ၄ မျိုး အထိ ပြောင်းသွားပြီး ကမ္ဘာတဝှမ်း နိုင်ငံတွေမှာ လျင်လျင်မြန်မြန် ကူးစက် ပျံ့နှံ့နေ သလို မြန်မာနိုင်ငံမှာလည်း မျိုးဗီဇပြောင်း ကိုဗစ်ပိုး ကူးစက်ခံရသူတွေ ရှိလာနေတာကြောင့် ရောဂါပိုး ကူးစက်မှု လျှော့ချနိုင်ဖို့နဲ့ ထိန်းချုပ်နိုင်ဖို့ သတိရှိရှိ၊ အသိရှိ ကြိုးပမ်းကြဖို့ အထူးလိုအပ်နေပါပြီ။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO) ရဲ့ ထုတ်ပြန်ချက်အရ ကိုဗစ် ၁၉ ဗိုင်းရပ်စ်ပိုးဟာ ယူကေနိုင်ငံမှာ Alpha (B.1.1.7) (အယ်လ်ဖာ) မျိုးကွဲ၊ တောင်အာဖရိကမှာ Beta (B.1.351) (ဘီတာ) မျိုးကွဲ၊ ဘရာဇီးမှာ Gamma…