Headlines

တီးတိန်မြို့မှာ ကျောက်ခဲပစ်ပေါက်ရာမှ မြေမြုပ်မိုင်းကို ထိမိကာ ပေါက်ကွဲပြီး ကလေး ၃ ယောက် ဒဏ်ရာ ရရှိ

ဇန်နဝါရီလ ၅ ရက်။

ဒီကနေ့ ဇန်နဝါရီလ ၅ ရက်နေ့ နေ့လည် ၂ နာရီခန့်မှာ တီးတိန်မြို့၊ မြို့မရပ်ကွက်မှာပုတ်တင်ညို လိုက်ဖမ်းတဲ့ အသက် ၁၂ နှစ်အရွယ် ေယာကျာ်းကလေး ၃ ယောက် ဟာ ကျောက်ခဲပစ်ပေါက်ရင်း မြေမြုပ်မိုင်း ထိမိကာ ပေါက်ကွဲမှု ဖြစ်ပွားပြီး (အသက်အန္တရာယ် မစိုးရိမ်ရ) ဒဏ်ရာများအသီးသီး ရရှိတာကြောင့် တီးတိန်မြို့ ပြည်သူ့ ဆေးရုံကိုပို့ဆောင်ပြီးကုသပေးနေရတယ် လို့ တီးတိန်ဒေသခံ များထံမှ သိရှိရပါတယ်။

“တီးတိန်မြို့၊ မြို့မ ရပ်ကွက်ရှိ အထွေထွေ အုပ်ချုပ်ရေးရုံး အဆောက်အဦးသစ် နဲ့ ဆောက်လုပ်ရေး ရုံးကြား ကမ်းဟောက်လမ်းမ အပေါ်ဘက်က ချုံပုတ် နည်းနည်း ထူတဲ့ နေရာ လို့ သိရတယ်။ ထောပတ် ပင်ပေါ်မှာ ရှိတဲ့ ပုတ်တင်ညိုကို ခဲနှင့် ပေါက်လိုက်တော့ ပြန်ကျလာတဲ့ ခဲက မြေမြုပ်မိုင်း ကို ထိပြီး ပေါက်ကွဲတာ ပါ။ မျက်မြင်တွေ ပြောပြ ချက်အရ တော့ ၃ ယောက် စလုံး ဒူး အောက်ပိုင်း ဒဏ်ရာ ရရှိကြတယ်။ တစ်ယောက် က နည်းနည်း ပို ပြင်းထန် တယ်” လို့ တီးတိန်မြို့ခံ တစ်ဦးက Chin World Media ကို ပြောပြပါတယ်။

မိုင်းပေါက်ကွဲ တာနဲ့ ကလေးတွေ ငိုယို အကူအညီ တောင်းခဲ့ ပေမယ့် အနီးအနား ရှိ လူများမှ ချက်ချင်း ကူညီ ကယ်ဆယ်မှု မပြုရဲ ကြကြောင်း၊ ကလေးတယောက်က လမ်းမပေါ် လှိမ့်ကျ လာပြီး အော်ငို အကူအညီတောင်းတော့ လူလတ်ပိုင်း တချို့က ကယ်ဆယ်ပြီး ပြည်သူ့ဆေးရုံ ပို့ပေးခဲ့ကြောင်း၊ အသက်အန္တရာယ် မစိုးရိမ်ရဘူး လို့ သိရကြောင်း ယင်း တီးတိန် ဒေသခံမှ ဆက်လက်သိရှိရပါတယ်။

၂၀၂၄ ခုနှစ် ဩဂုတ်၂၃ ရက်နေ့ မှာလည်း တီးတိန်မြို့ပြည်သူ့ဆေးရုံဘေး ဝန်ထမ်းအိမ်ယာ အထက်နားမှာ တီးတိန်မြို့ က ရေပေးဝေသူ အသက် ၄၅ နှစ်ခန့် အရွယ် ရှိ ဦးကမ်ခေါထွန်း (Kam Khua Thawn) ဟာ မြေမြုပ်မိုင်းနင်းမိပြီး ယာဘက် ခြေထောက် ဒူး အောက်နား ကနေ ပြတ်သွားခဲ့ပါတယ်။

“မိုင်း နှင့် တိုက်ပွဲ ကျန် လက်နက်တွေ ထိမိတာ၊ နင်းမိတာ မျိုးက တီးတိန်မြို့မှာ ခဏခဏ ကြုံခဲ့ရ ပေမယ့် အများစုက ကံကောင်းတယ်လို့ ဆိုမှာပဲ၊ မပေါက်ကွဲခဲ့ဘူး။ တီးတိန်မြို့နေ ပြည်သူတွေ အနေနဲ့ ပုံမှန် သွားလာ နေကြတဲ့ နေရာက လွဲရင် ဝင်ထွက်သွားလာတာမျိုး သတိထားသင့်

တယ်” လို့ တီးတိန်မြို့ခံလူငယ် တစ်ဦးက မှတ်ချက်ပြုပါတယ်။

၂၀၂၄ ခုနှစ် မေလ ၂၆ ရက်နေ့ မှာ စတင်ဖြစ်ပွါးကာ ၂ ပတ်ကြာဖြစ်ပွါးခဲ့တဲ့ တီးတိန်မြို့တွင်း တိုက်ပွဲ အလွန်ကာလ မှာ စစ်ကျန် ပစ္စည်းတွေနဲ့ မိုင်း အန္တရာယ်တွေ သတိ ထားဖို့ တီးတိန်မြို့ကအသင်းအဖွဲ့တွေ က အကြိမ်ကြိမ် သတိပေးခဲ့ရတယ် လို့လည်းသိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *