Headlines

အိန္ဒိယ – မြန်မာ နယ်စပ်တစ်လျှောက်မှာမကြာခဏ မြေမြုပ်မိုင်းပေါက်ကွဲနေလို့အိန္ဒိယအစိုးရဘက်က စုံစမ်းစစ်ဆေးမယ်

အိန္ဒိယ – မြန်မာ နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် မကြာခဏ မြေမြုပ်မိုင်းပေါက်ကွဲတဲ့ ဖြစ်ရပ်တွေကို စုံစမ်းစစ်ဆေးသွားမယ်လို့ မဏိပူရ် ပြည်နယ်ဝန်ကြီးချုပ် ဘီရန်ဆေး က သြဂုတ်လ ၃ ရက်နေ့မှာ ပြောခဲ့တယ်လို့ သိရပါတယ်။

အိန္ဒိယ – မြန်မာ နယ်စပ် မိုင်တိုင် အမှတ် ၉၁ နဲ့ ၉၄ ကြားမှာ မြေမြုပ်မိုင်းပေါက်ကွဲမှု အများဆုံးဖြစ်ပွားနေတယ်လို့ ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်အမတ်တစ်ဦးက ပြည်နယ်ဝန်ကြီးချုပ်ကို တင်ပြခဲ့တယ်လို့လည်းသိရပါတယ်။

စုံစမ်းစစ်ဆေးဖို့ လိုအပ်တဲ့ ဆောင်ရွက်မှုတွေလုပ်ဖို့ ပြည်ထဲရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဌာနတွေကို အစီရင်ခံစာပေးပို့သွားမယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က ဆိုထားပါတယ်။

စစ်ကိုင်းတိုင်း တမူးမြို့နယ်က ဒေသခံတစ်ဦးဟာလည်း နေအိမ်ကို ခဏပြန်လာစဉ် အိန္ဒိယ – မြန်မာ နယ်စပ် မိုင်တိုင် အမှတ် ၉၁ နဲ့ ၉၄ ကြားမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်နေ့က မြေမြု

Leave a Reply

Your email address will not be published. Required fields are marked *