ချင်းပြည်နယ် မတူပီမြို့အတွင်း ပြည်သူတွေ မကြာမီ ဝင်ရောက်နေထိုင်နိုင်တော့ မယ့်အကြောင်း မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သြဂုတ်လ ၈ ရက်နေ့က အသိပေးထုတ်ပြန်ထားပါတယ်။
မတူပီမြို့တွင်း ပြည်သူတွေနေထိုင်နိုင်ဖို့ လိုအပ်ချက်လုပ်ငန်းတွေ ဆောင်ရွက်ပြီးပြီဖြစ်လို့ ပြည်သူတွေ မကြာမီ ဝင်ရောက်နေထိုင်နိုင်မှာဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။
မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဇူလိုင်လ ၂၀ ရက်နေ့မှာ ပြန်လည်ဖွဲ့စည်းခဲ့ပြီး မတူပီမြို့အတွက် လိုအပ်တဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ လုပ်ငန်းတွေ မြို့တွင်းသန့်ရှင်းရေးလုပ်ငန်းများနှင့်ရေရှိရေးလုပ်ငန်းတွေကို ဆောင်ရွက်ပြီးဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
CDF-Matupi တပ်မဟာ(၁) ပါဝင်တဲ့ ချင်းညီနောင်နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဟာ မတူပီမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေ အားလုံးကို ဇွန်လ ၂၉ ရက်နေ့က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။