Input your search keywords and press Enter.

Article

ချင်းပြည်နယ်ရဲ့တကယ့် ဖွံ့ဖြိုးမှုကို ဘယ်လို ဦးတည်မလဲ

  သွေး (စစ်ကိုင်း)   ဖွံ့ဖြိုးတိုးတက်မှုဆိုတာ လူတစ်ဦးချင်းစီကနေ လူအဖွဲ့အစည်း တစ်ရပ်လုံးထိ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ လုံခြုံအေးချမ်းမှု ရှိမှသာ၊ တိုးတက်မှုဆီ ဦးတည်မှသာ တကယ့်ဖွံ့ဖြိုးမှု ဖြစ်ပါတယ်။ ဒီလို ဖွံ့ဖြိုးမှု အတွက် အစိုးရဘက်က ဘယ်လို ဦးတည် လုပ်ဆောင်ပေးသင့်ပါသလဲ၊ ပြည်သူတွေဘက်က ဘာတွေ ဘယ်လို တောင်းဆိုသင့် ပါသလဲ ဆိုတာ တင်ပြပါမယ်။ ကျမတို့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားဒေသ အားလုံးမှာ ဖွံ့ဖြိုးတိုးတက်မှု ရှိဖို့ လိုအပ်သလို ဖွံဖြိုးမှု ရှိမှသာ ဂုဏ်သိက္ခာရှိရှိ ရပ်တည် နေထိုင်နိုင်မှာပါ။ အဆင်းရဲဆုံး ပြည်နယ် အဖြစ် သတ်မှတ်ခံထားရတဲ့ ချင်းပြည်နယ်မှာ ဖွံ့ဖြိုးတိုးတက်မှု ရှိလာမှသာ ပညာရေး၊…

“၂၀၂၀ ရွေးကောက်ပွဲအတွက် ချင်းလူထုမှ အထူးစဉ်းစားသင့်သော ကိုယ်စားလှယ်လောင်း (၃) ဦး” (U Soe Htet)

“၂၀၂၀ ရွေးကောက်ပွဲအတွက် ချင်းလူထုမှ အထူးစဉ်းစားသင့်သော ကိုယ်စားလှယ်လောင်း (၃) ဦး” Salai Deirel Arsi Chin World Media October 20, 2020 ၂၀၂၀ ရွေးကောက်ပွဲကြီးလည်း များမကြာမီမှာ ပြုလုပ်တော့မှာဖြစ်ပါတယ်။ ဒီနှစ်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၁၀၀၀၀ နီးပါးက ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး၊ အဲ့ဒီအထဲမှာ ချင်းကိုယ်စားလှယ်တွေကလည်း ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းဒေသကြီးတို့မှာ ကိုယ်စားလှယ်ပေါင်း ၂၅၀ ဝန်းကျင်က ယှဉ်ပြိုင်ကြမယ်လို့လည်း သိရပါတယ်။ ကိုယ်စားလှယ်လောင်းတိုင်းကတော့ မိမိဒေသအကျိုးကို လုပ်ဆောင်နိုင်မယ်လို့ ယုံကြည် ခံယူချက်ရှိသူတိုင်းဆိုတာ အသေအချာပါပဲ။ ဒါပေမယ့် ဒီအထဲကနေ ချင်းလူမျိုးများအနေနဲ့ လူမှန်၊ နေရာမှန်၊ ချင်းတို့အကျိုးအလို့ငှာ ရွေးချယ်စဉ်းစားသင့်သူတွေကို စာရေးသူအနေနဲ့ သူတို့ရဲ့ ဘဝဖြတ်သန်းမှုတွေ၊…

စေတနာအမှားတဲ့လား ညီမလေးMai Sui Hlei Tial ရေ

  Lian Tuang ညီမလေးအသက်က ၂၁ နှစ်နော်။ ၂၁ နှစ်အရွယ်ဆိုတာ တက္ကသိုလ်ကျောင်းသူအရွယ်၊ တတိယနှစ်(သို့)နောက်ဆုံးနှစ်အရွယ်။ မိဘ အရိပ်အောက်မှာ နွေးထွေးလုံခြုံစွာဖြင့် ဘဝကိုဖြတ်သန်းရမယ့်အရွယ်၊ မောင်နှမတွေ သူငယ်ချင်းအပေါင်းအသင်းတွေနှင့် ပျော်ရွှင်နေရမယ့်အရွယ်၊ ဘာသာရေး၊ရပ်ရေးရွာရေးတွေမှာ တက်တက်ကြွကြွပါဝင်ကူညီရမယ့် အရွယ်လေ။ ၂၁ နှစ်ဆိုတာ လူ့သက်တမ်းတစ်ခုရဲ့ သုံးပုံတစ်ပုံပါ။ အရွယ်သုံးပါးရဲ့ ပထမပိုင်းပေါ့။ ညီမလေးက ၂၁ နှစ်ရဲ့ သုံးပုံတစ်ပုံနီးပါးကို မလေးရှားမှာ ဘဝပေါင်းစုံ အခက်အခဲပေါင်းများစွာနှင့် ရုန်းကန်ဖြစ်သန်းခဲ့ရတယ်နော်။ တစ်ရပ်တစ်ကျေးမှာ အဖော်ကွဲတဲ့ငှက်တစ်ကောင်ပမာ အထီးကျန်ဆန်နေမယ့်အစား နွေးထွေးလုံခြုံတဲ့ အမေ့အရိပ်မှာ မောင်နှမတစ်တွေ ဆွေမျိုးတစ်တွေနဲ့ ဘဝကို ပျော်ရွှင်ချမ်းမြေ့စွာ ဖြတ်သန်းချင်ရှာမှာပဲနော်။ သူငယ်ချင်းအပေါင်းအသင်းတွေနှင့် ဘုရားကျောင်းအတူတူသွားပြီး ရယ်မောစရာတွေနဲ့ နောက်ပြောင်ကျီစယ်ချင်မှာပဲလေ။ Covid-19 ဖြစ်နေတဲ့…

တချိန်က ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) နှင့် ဦးနု၏ ပါလီမန်ဒီမိုကရေစီပါတီတို့၏ ချင်းနှင့် တိုင်းရင်းသားများအပေါ် အမြင်သဘောထား

တချိန်က ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) နှင့် ဦးနု၏ ပါလီမန်ဒီမိုကရေစီပါတီတို့၏ ချင်းနှင့် တိုင်းရင်းသားများအပေါ် အမြင်သဘောထား Salai Deirel Arsi Chin World October 09, 2020 မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရရှိပြီး၊ လွတ်လပ်ရေးနှင့်အတူ ဖွားဖက်တော်အဖြစ် ပြည်တွင်း စစ်မီးတောက်လောင်ခဲ့သည်။ အယူဝါဒအမျိုးမျိုး၊ ခံစားချက်အမျိုးမျိုး၊ မျှော်လင့်ခက်အမျိုးမျိုးတို့ဖြင့် ဆန့်ကျင်တော်လှန်မှုများသည် နှစ်ပေါင်း (၇၀) ကျော်ခဲ့ပြီဖြစ်သည်။ ကုန်လွန်ခဲ့သော ၁၉၇၀ ပြည့်လွန်နှစ်များတွင် ချင်းလူငယ် အက်စ်အက်စ်ထန်ခန့်ဆွမ်း (S.S Than Khan Suan)မှ ကယားပြည်နယ် (ကရင်နီပြည်နယ်) အတွင်းရှိ တော်လှန်ရေးဌာနချုပ်တွင် “ငါတို့…

ချင်းပြည်နယ် ခရီးသွားလုပ်ငန်း မြှင့်တင်ဖို့ ဆိုရင်..

သွေး (စစ်ကိုင်း)၊ သြဂုတ် ၂၀၊ ၂၀၂၀ မီးခိုးတိတ် စက်ရုံများလို့ ခေါ်စမှတ် ပြုတဲ့ ခရီးသွားလုပ်ငန်းကို ချင်းပြည်နယ်မှာ စနစ်တကျ လုပ်ဆောင်နိုင်မယ် ဆိုရင် ပြည်နယ် အတွက်ရော၊ ဒေသခံတွေ အတွက်ပါ ဝင်ငွေ ပိုမို ရရှိလာမှာ ဖြစ်ပါတယ်။ အထူးသဖြင့် သဘာဝ ပတ်ဝန်းကျင် အခြေခံကောင်း ရှိနေတဲ့ ချင်းပြည်နယ်ရဲ့ ဒေသတွေမှာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး ရည်ရွယ်ပြီး စီစဉ်ဆောင်ရွက် သွား သင့်ပါတယ်။ ချင်းပြည်နယ်ဟာ ခရီးသွားလုပ်ငန်းအတွက် သဘာဝအခြေခံကောင်းတွေ။ အလားအလာကောင်းတေွ ရှိနေတဲ့ ပြည်နယ် ဖြစ်ပါတယ်။ လှပတဲ့ ရေမြေတောတောင်တွေ၊ တောင်ဇလပ်ပန်းနဲ့ ချင်းရိုးရာ အစားအစာတွေ၊ ချင်းရိုးရာ အဝတ်အထည် တွေနဲ့…

တန်းတူရည်တူ ပညာသင်ယူခွင့်ရရေး ဖော်ဆောင်ပေးပါ

    သွေး (စစ်ကိုင်း)၊ ဇူလိုင် ၂၃၊ ၂၀၂၀ “ကိုဗစ်-၁၉” ရောဂါ ဖြစ်ပွားမှုကြောင့် ဖွင့်ချိန်နောက်ဆုတ်ခဲ့ရတဲ့ ကျောင်းတွေကို ဇူလိုင် ၂၁ ရက်နေ့က စပြီး ပြန်ဖွင့်ဖို့ စီစဉ်လာရာမှာ အထက်တန်းကျောင်းတွေကို အရင် စဖွင့်လှစ်ခဲ့ပါပြီ။ အဲဒီလို ဖွင့်လှစ်ရာမှာ ပြန်ဖွင့်နိုင်တဲ့ ကျောင်းတွေ ရှိသလို ပြန်ဖွင့်ဖို့ မဖြစ်နိုင်သေးတဲ့ ကျောင်းတွေလည်း ရှိနေပါတယ်။ ပညာရေးဟာ အင်မတန် အရေးကြီးတဲ့ ကဏ္ဍတစ်ရပ် ဖြစ်တာကြောင့် ကောင်းမွန်တဲ့ အစီအမံတွေ ချမှတ်ပြီး ကျောင်းတွေ ပြန်ဖွင့်နိုင်ရေး ဆောင်ရွက်ရမှာ ဖြစ်သလို ကျောင်းနေအရွယ် ကလေးငယ်တိုင်း ကျောင်းတက်ခွင့် ရဖို့ကလည်း အရေးကြီးလှ ပါတယ်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့…

မြန်မာ့ငြိမ်းချမ်းရေးအား ကျောင်းသင်ရိုးညွှန်းတမ်းမှ ရှုမြင်ခြင်း (သုတေသနစာတမ်း )

မြန်မာ့ငြိမ်းချမ်းရေးအား ကျောင်းသင်ရိုးညွှန်းတမ်းမှ ရှုမြင်ခြင်း (သုတေသနစာတမ်း ) – အပိုင်း (၁) သုတေသနမိတ်ဆက်ခြင်း ဤသုတေသနသည် ချင်းပညာရေးရှေ့ဆောင် (CEI)၏စီမံကိန်းတစ်ခုဖြစ်သည်။ ရေရှည်ခိုင်မာဖွံဖြိုးသည့် လူ့မှုဝန်းကျင်တည်ဆောက်ရာတွင် ပညာရေး၏အခန်းကဏ္ဍသည်အထူးအရေးပါသည်ဟုယုံကြည်သည်နဲ့ အညီ လူမျိုးတစ်မျိုး သို့မဟုတ် နိုင်ငံတစ်ခု၏ အသက်သွေးကြောသည်လည်း ပညာရေးတွင်မီသွယ်သည်။ ထို့အတူ မိမိတို့လူမှုဝန်းကျင်ကို တည်ဆောက်ကြရာတွင် ပညာရေးမြှင့်တင်ခြင်းသည် ထူးခြားထိရောက် သည့်လုပ်ဆောင်ခြင်းဟုထင်မြင်မိကာ ပညာရေးကဏ္ဍအပါအဝင် လူမှုဝန်းကျင်အတွက်လိုအပ်သည့် ဥပဒေ ၊ မူဝါဒများ နှင့် စီမံကိန်းများလုပ်ဆောင်ကြရာတွင် ၎င်းနယ်ပယ်များကို လေ့လာထားသည့် သုတေသနများ သည်အထူးအရေးကြီးပြန်သည်။ ဘက်ပေါင်းစုံမှ သုတေသနတွေ့ရှိချက်များအပေါ်တွင် အခြေခံ၍ ဥပဒေ ၊ မူဝါဒများကို ချမှတ်ပါမှ မှန်ကန်ထိရောက်စွာ အကောင်အထည်ဖော်မှုများ လုပ်ဆောင်နိုင်ကြမည်ဖြစ်သည်။ ထို့ကြောင့် ပညာရေးကဏ္ဍတိုးတက်လာစေရေး…

ပလက်ဝနယ်တွင်းခရီးသွားများ

    Ai Tun Min   “ ဒိုင်း …” သေနတ်သံတစ်ချက်ထွက်လာတယ်။ လှေပေါ်ပါလာတဲ့ ကျွန်တော်တို့အုပ်စု လှေဝမ်းသေးသေးလေးထဲ ရသလောက် ခေါင်းငုံလိုက်ကြ တယ်။ စက်လှေမောင်းသူကလည်း ချက်ချင်းဆိုသလို စက်ရှိန်ကိုလျှော့အသံလာရာဆီကြည့်တယ်။ စက်လှေထဲကတစ်ယောက်က  “ကမ်းဘက်ကပ် … အနောက်ဘက်ကမ်းကပ်” စက်မောင်းသူကိုမတိုးမကျယ်လှမ်းအော်တယ်။ လှေပေါ်မှာ ဘယ်သူ့မှအသံမထွက်ရဲ။ ၂၀၂၀ မေ ၂၂ ရက်၊ မနက် ၇နာရီ၄၅မိနစ်ခန့်က၊ ကျွန်တော့်ဇာတိ ရှင်းလက်ဝရွာကို အပြန် ပလက်ဝ အထွက်နားမှာ ရုတ်တရက်သေနတ်အပစ်ခံရတာပါ။ “ ဒိုင်း … ဒိုင်း …” သေနတ်သံက ထပ်ဆင့်ထွက်ထာတယ်။ ကမ်းစပ်နဲ့ (၆)ပေလောက်အကွာက ဖြည်းဖြည်းချင်းမောင်း သွားနေရင်းက ကမ်းစပ်နားကျည်ထိသံ…

“တောင်ဇလပ်ပန်းတို့ ပွင့်ရာမြေနဲ့ တစ်သားတည်းကျတဲ့ ချစ်ခင်မှုတွေ..”

    သွေး (စစ်ကိုင်း)၊ ဇူလိုင် ၉၊ ၂၀၂၀ ကျွန်မမှာ အိပ်မက်တစ်ခု ရှိတယ်။ အဲဒီအိပ်မက်ကတော့ လှပတဲ့ ချင်းတောင်တန်းတွေဆီ အရောက်သွားပြီး သဘာဝတရားရဲ့ အလှအပတွေကို ခံစားဖို့ပါပဲ။ ပိတောက်ပန်းတွေ လှသလို တောင်ဇလပ်ပန်းတွေကလည်း သူ့ဝန်းကျင် အရပ်ဒေသမှာ ဝေဆာလှပနေတယ် မဟုတ်လား။ ပြီးတော့ ရိုးသားတဲ့ ချင်းတိုင်းရင်းသားတွေနဲ့ စကားပြောမယ်၊ ယဉ်‌ကျေးမှု ဓလေ့ထုံးတမ်းတွေကို လေ့လာမယ် ပေါ့။ ချင်းတိုင်းရင်းသားတွေဟ ပွင့်လင်းဖော်ရွေတယ်၊ ရဲရင့်သတ္တိရှိတယ်၊ တစ်ဦးချင်းစီမှာ အားသာချက် ကိုယ်စီ ရှိတယ် လို့ ကျွန်မ မြင်ပါတယ်။ “ဆလိုင်းတင်မောင်ဦး” လို စစ်အာဏာရှင်ကို တော်လှန်ရဲတဲ့ ချင်းတိုင်းရင်းသား တစ်ယောက်ကို မလေးစားဘဲ မနေနိုင်ပါဘူး။…