Input your search keywords and press Enter.

ပလက်ဝမြို့ရဲစခန်းရှိအချုပ်တွင်အချုပ်ကျနေသူအမျိုးသမီးတစ်ဦးကို ရဲတပ်ကြပ်တစ်ဦးမှအဓမ္မပြုကျင့်

ပလက်ဝမြို့ရဲစခန်းအချုပ်ခန်းတွင် အချုပ်ကျနေသူ အမျိုးသမီးကို တပ်ကြပ်အဆင့်ရှိသူ တစ်ဦးမှ အဓမ္မပြုကျင့်မှု နိုဝင်ဘာလ (၂၈) ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း အဆိုပါဖြစ်စဉ်ကို သိရှိသူ အမည်မဖော်လိုသူရဲဝန်ထမ်းတစ်ဦးကပြောသည်။ ယင်းဖြစ်ရပ်ကို တစ်ဖက်ခန်းရှိ အချုပ်သား မှလည်းမြင်တွေ့ခဲ့ပြီး ရဲစခန်းတွင် ကွာရင်တင်းဝင်နေသူတစ်ဦးကလည်း မြင်ခဲ့ကြောင်း အမည်မဖော်လိုသူတစ်ဦးကပြောသည်။ အကျူးလွန်ခံရသူ အမျိုးသမီးမှာ အောက်ဘလိုင်ကျေးရွာနေ ကလေးနှစ်ဦး၏ မိခင်ဖြစ်ကြောင်းသိရသည်။ အမှုကိစ္စသိရှိသူ ရဲတပ်ဖွဲ့ဝင် အမည်မဖော်လိုသူတစ်ဦးက “သူကစိတ်တော့သိပ်မနှံ့ဘူး။ အခုခေတ်ကာလမှာ သူ့အတွက်ဆေးကယူလို့မရဘူး။ လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်ခံချိန်မှာ သူ့စိတ်ကဖောက်သွားတာ။ သူ့ကလေးနှစ်ယောက်ကိုသတ်လိုက်တာပေါ့။ အဲဒီအခင်းဖြစ်ပြီး အဖမ်းခံရပြီးနောက်ပိုင်း ဆေးထိုးတော့ သူ့အခြေအနေကောင်းလာပြီ။ အခုသူ့အပေါ်အဓမ္မမှုကျူးလွန်သူက တပ်ကြပ် အဆင့်ရှိရဲဝန်ထမ်းဖြစ်တယ်။ အခုဘယ်လိုအရေးယူဆောင်ရွက်မှုမှလည်း မရှိသေးဘူး”ဟုဆိုသည်။ အဆိုပါအမျိုးသမီးမှာ သြဂုတ်လ (၇) ရက်နေ့က စိတ်ဖောက်ပြန်ပြီး…

ထန်တလန်တင်ဒါပြသနာသက်သက်မဟုတ်ပဲ၊ချင်းပြည်နယ်၏တင်ဒါပြသနာဖြစ်

(ချင်းဝေါလ်အယ်ဒီတာ့အာဘော်) ၂၀၁၅ခုနှစ်ရွေးကောက်ပွဲမဲဆွယ်ကာလကချင်းပြည်နယ်တွင်ထိုစဉ်ကချင်းပြည်နယ်ဝန်ကြီးချုပ်ဦးဟုန်းငိုင်းနှင့်ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်းများဘေးတွင်တင်ဒါကုမ္ပဏီပိုင်ရှင်များကိုတပူးပူးတတွဲတွဲတွေ့မြင်ရသကဲ့သို့၂၀၂ဝခုနှစ်ရွေးကောက်ပွဲမဲဆွယ်ကာလတွင်လည်းလက်ရှိအာဏာရNLDပါတီကိုယ်စားလှယ်လောင်းများနှင့်တင်ဒါကုမ္ပဏီပိုင်ရှင်များတပူးပူးတတွဲတွဲတွေ့မြင်ခဲ့ရပါသည်။ချင်းပြည်နယ်၏နိုင်ငံရေးလောကသို့ယခင်ကထက်တင်ဒါကုမ္ပဏီသမားများနက်နက်ရှိုင်းရှိုင်းပတ်သက်ဝင်ရောက်လာပြီဖြစ်ပါသည်။ ချင်းပြည်နယ်တွင်တင်ဒါပြိုင်သည့်ကုမ္ပဏီများအရေအတွက်သည်ယခုနှစ်ဆိုလျှင် ၁၃၂၅ ခု အရေအတွက်အထိရောက်လာပြီဖြစ်သည်။ ချင်းပြည်နယ်၏နိုင်ငံရေးလောကသို့တင်ဒါသမားများနက်နက်ရှိုင်းရှိုင်းဝင်ရောက်လာခြင်းကိုလူမူ့ကွန်ရက်တွင်ပေါက်ကြားခဲ့သည့်ထန်တလန်မြို့နယ်NLDပါတီဥက္ကဌ၏စာသည်သက်သေပင်ဖြစ်သည်။ဤကဲ့သို့ဖြစ်ရပ်မျိုးသည်ထန်တလန်၁မြို့နယ်တွင်သာရှိသည်ဟုစာဖတ်သူသင်ယုံကြည်ပါသလား၊တခြားမြို့နယ်များထက်ထန်တလန်သည်ကံဆိုးစွာဖြင့်ပေါ်ပေါက်သွားသောဖြစ်ရပ်သာဖြစ်သည်။ထန်တလန်သည်ချင်းပြည်နယ်၁ခုလုံးတွင်ဖြစ်ပျက်နေသည့်တင်ဒါအကျိုးစီးပွားပြသနာများအားလုံးကိုကိုယ်စားပြုနေသည့်ပြသနာဖြစ်သည်။ထန်တလန်ုဖြစ်ရပ်သည်အရည်အသွေးမကောင်းသောလုပ်ငန်းတင်ဒါများ၏အဖြေကိုဖော်ပြနေသည့်ဖြစ်ရပ်ဖြစ်သည်။ ချင်းပြည်နယ်မြို့နယ်တိုင်းမှာကုမ္ပဏီများကအလှူငွေပေး၊အလှူငွေပေးသောကုမ္ပဏီများကိုတင်ဒါပြန်ပေးဖြစ်စဉ်မျိုးယခင်ကတည်းကရှိနေသည်ကိုတင်ဒါလျှောက်ထားသူများထံမှသိရှိရပါသည်။ တင်ဒါသမားများချင်းပြည်နယ်နိုင်ငံရေးလောကထဲသိသိသာသာဝင်ရောက်ခဲ့ခြင်းအစမှာချင်းပြည်နယ်မြို့နယ်တိုင်းရှိNLDပါတီရုံးများတည်ဆောက်ရေးတွင်တင်ဒါကုမ္ပဏီများအလှူငွေထည့်ဝင်ရာမှစတင်ခဲ့ပြီးအလှူထည့်သည့်ကုမ္ပဏီများကိုတင်ဒါပြန်ပေးလုပ်ဆောင်ခဲ့ကာတင်ဒါကုမ္ပဏီများသည်ယခုရွေးကောက်ပွဲတွင်လည်းNLDပါတီကိုလူအား၊ငွေအားဖြင့်ဝန်းရံပေးခဲ့ကြပါသည်။ထန်တလန်ဖြစ်စဉ်သည်လည်းNLDပါတီအောင်နိုင်ရေးအတွက်ကူညီအားပေးသည့်ကုမ္ပဏီစာရင်းနှင့်အဆိုပါကုမ္ပဏီများ၏တင်ဒါအမှတ်များဖော်ပြထားသည့်အတွက်ပါတီအောင်နိုင်ရေးကူညီသည့်ကုမ္ပဏီများကိုတင်ဒါပေးဖို့ရည်ညွှန်းသည်ကိုတွေ့ရပါသည်။ တင်ဒါစပြိုင်စဉ်က သိန်း၁၀၀ ခန့်စီမံကိန်းများသာလျှောက်နိုင်သည့်ကုမ္ပဏီပိုင်ရှင်တချို့သည်နောင် ၃ နှစ် ၄ နှစ်အကြာတွင်သိန်းထောင်ကျော်တန်စက်ကြီးများဝယ်ယူနိုင်သည့်ချမ်းသာမူ့မျိုးကိုချင်းပြည်နယ်တွင်မြင်တွေ့ရပါသည်။မြို့နယ်စည်ပင်ဥက္ကဌကိုယ်တိုင်စည်ပင်တင်ဒါဝင်ပြိုင်ပြီးတင်ဒါရသည့်ဖြစ်ရပ်မျိုးအထိချင်းပြည်နယ်တွင်ဖြစ်ပွားနေပါသည်။တင်ဒါသမားများလုပ်ဆောင်သောလုပ်ငန်းများအရည်အသွေးမပြည့်မီမူများရှိသော်လည်းကြီးကြပ်မူ့၊အရေးယူမူ့အားနည်းနေပါသည်။   လက်ရှိတွင်လူမူ့ကွန်ရက်တွင်ပေါက်ကြားခဲ့သည့်ထန်တလန်မြို့နယ်NLDပါတီဥက္ကဌလည်းဖြစ်သူ၊၂၀၂ဝရွေးကောက်ပွဲတွင်အနိုင်ရရွေးကောက်ခံထန်တလန်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏တင်ဒါနှင့်ပတ်သက်ပြီးမှတ်ချက်ပေးစာအပေါ်စစ်ဆေးအရေးယူရန်လုပ်ဆောင်နေကြပါသည်။ဤကဲ့သို့စာသည်ထန်တလန်တမြို့နယ်တည်းသာလျှင်ထုတ်ပြန်သည့်စာဟုတ်မဟုတ်၊ထန်တလန်မြို့နယ်ပါတီဥက္ကဌကိုအရေးယူပြရုံ၊၄င်းထောက်ခံထားသည့်ကုမ္ပဏီများကိုတင်ဒါမပေးရုံမျှဖြင့်မဖြေရှင်းစေလိုပါ၊ ယခုကဲ့သို့တင်ဒါပြသနာများသည်မြို့နယ်တိုင်းတွင်ရွေးကောက်ပွဲကာလNLDပါတီကိုဝန်းရံပေးခဲ့သောတင်ဒါကုမ္ပဏီများ၏အကျိုးစီးပွားပါရှိနေသောပြသနာများဖြစ်သောကြောင့်ထန်တလန်တင်ဒါပြသနာသက်သက်မဟုတ်ပဲ၊ချင်းပြည်နယ်၏တင်ဒါပြသနာဖြစ်ပါကြောင်းမြို့နယ်တိုင်းရှိတင်ဒါလျှောက်သောသူများကိုသေချာစိစစ်ပြီးမျှမျှတတဖြင့်ချင်းပြည်နယ်အဆင့်ဖြင့်ဖြေရှင်းပေးရမည်ဖြစ်ပါသည်။တင်ဒါသမားများနှင့်ကင်းကင်းရှင်းနေမှသာအကျိုးစီးပွားပြသနာများရှောင်ရှားနိုင်ပြီးအဂတိကင်းသောအစိုးရ၊အဂတိကင်းသောလွှတ်တော်ကိုယ်စားလှယ်များဖြစ်နိုင်မည်ဖြစ်သည်။   အယ်ဒီတာ နိုဝင်ဘာလ ၃၀ ရက်၊၂၀၂၀။  …

ချင်းပြည်နယ်ရဲ့တကယ့် ဖွံ့ဖြိုးမှုကို ဘယ်လို ဦးတည်မလဲ

  သွေး (စစ်ကိုင်း)   ဖွံ့ဖြိုးတိုးတက်မှုဆိုတာ လူတစ်ဦးချင်းစီကနေ လူအဖွဲ့အစည်း တစ်ရပ်လုံးထိ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ လုံခြုံအေးချမ်းမှု ရှိမှသာ၊ တိုးတက်မှုဆီ ဦးတည်မှသာ တကယ့်ဖွံ့ဖြိုးမှု ဖြစ်ပါတယ်။ ဒီလို ဖွံ့ဖြိုးမှု အတွက် အစိုးရဘက်က ဘယ်လို ဦးတည် လုပ်ဆောင်ပေးသင့်ပါသလဲ၊ ပြည်သူတွေဘက်က ဘာတွေ ဘယ်လို တောင်းဆိုသင့် ပါသလဲ ဆိုတာ တင်ပြပါမယ်။ ကျမတို့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားဒေသ အားလုံးမှာ ဖွံ့ဖြိုးတိုးတက်မှု ရှိဖို့ လိုအပ်သလို ဖွံဖြိုးမှု ရှိမှသာ ဂုဏ်သိက္ခာရှိရှိ ရပ်တည် နေထိုင်နိုင်မှာပါ။ အဆင်းရဲဆုံး ပြည်နယ် အဖြစ် သတ်မှတ်ခံထားရတဲ့ ချင်းပြည်နယ်မှာ ဖွံ့ဖြိုးတိုးတက်မှု ရှိလာမှသာ ပညာရေး၊…

“၂၀၂၀ ရွေးကောက်ပွဲအတွက် ချင်းလူထုမှ အထူးစဉ်းစားသင့်သော ကိုယ်စားလှယ်လောင်း (၃) ဦး” (U Soe Htet)

“၂၀၂၀ ရွေးကောက်ပွဲအတွက် ချင်းလူထုမှ အထူးစဉ်းစားသင့်သော ကိုယ်စားလှယ်လောင်း (၃) ဦး” Salai Deirel Arsi Chin World Media October 20, 2020 ၂၀၂၀ ရွေးကောက်ပွဲကြီးလည်း များမကြာမီမှာ ပြုလုပ်တော့မှာဖြစ်ပါတယ်။ ဒီနှစ်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၁၀၀၀၀ နီးပါးက ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး၊ အဲ့ဒီအထဲမှာ ချင်းကိုယ်စားလှယ်တွေကလည်း ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းဒေသကြီးတို့မှာ ကိုယ်စားလှယ်ပေါင်း ၂၅၀ ဝန်းကျင်က ယှဉ်ပြိုင်ကြမယ်လို့လည်း သိရပါတယ်။ ကိုယ်စားလှယ်လောင်းတိုင်းကတော့ မိမိဒေသအကျိုးကို လုပ်ဆောင်နိုင်မယ်လို့ ယုံကြည် ခံယူချက်ရှိသူတိုင်းဆိုတာ အသေအချာပါပဲ။ ဒါပေမယ့် ဒီအထဲကနေ ချင်းလူမျိုးများအနေနဲ့ လူမှန်၊ နေရာမှန်၊ ချင်းတို့အကျိုးအလို့ငှာ ရွေးချယ်စဉ်းစားသင့်သူတွေကို စာရေးသူအနေနဲ့ သူတို့ရဲ့ ဘဝဖြတ်သန်းမှုတွေ၊…

ပလက်ဝမြို့ကို တပ်မတော်လုံခြုံရေးယူပြီး ဆန်အိတ်ပေါင်း ၁၇၀၀ ပို့ဆောင်ပေးနေပြီ

Salai Khup Khup ပလက်ဝမြို့ ကို ဆန်အိတ် ၁၇၀၀ အိတ်အပြင် အခြားစားနပ်ရိက္ခာနှင့် ကုန်ပစ္စည်း အချို့ကို ကုန်တင်ကားအစီး ၂၉ စီးနှင့် တပ်မတော်လုံခြုံရေးယူကာ ပို့ဆောင်နေပြီ ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။ စည်ပင်ဝန်ကြီး ဦးစိုးထက်က “မနေ့ကတည်းက စပို့နေတယ် ရောက်တာတော့မရောက်သေးဘူး လမ်းလုံခြုံရေး အခြေအနေအရ ဖြည်းဖြည်းဘဲ သွားနေရတော့ ဒီနေ့တော့ ရောက်မယ်ထင်တယ် ဒါမှမဟုတ် မနက်ဖြန်တော့ ရောက်မယ်ထင်တယ် ဒီနေ့ရောက်အောင်လည်း ကြိုးစားနေပါတယ်။ ကား ၁၂ စီးနဲ့ ဆန်အိတ် ၁၇၀၀ ပါတယ် နောက်ပြီး ဒေသ ကုန်သည်တွေ ဆောက်လုပ်ရေး ကိစ္စအတွက် ဘိလပ်မြေ သံ၊ သံချောင်း အပြင်…

စေတနာအမှားတဲ့လား ညီမလေးMai Sui Hlei Tial ရေ

  Lian Tuang ညီမလေးအသက်က ၂၁ နှစ်နော်။ ၂၁ နှစ်အရွယ်ဆိုတာ တက္ကသိုလ်ကျောင်းသူအရွယ်၊ တတိယနှစ်(သို့)နောက်ဆုံးနှစ်အရွယ်။ မိဘ အရိပ်အောက်မှာ နွေးထွေးလုံခြုံစွာဖြင့် ဘဝကိုဖြတ်သန်းရမယ့်အရွယ်၊ မောင်နှမတွေ သူငယ်ချင်းအပေါင်းအသင်းတွေနှင့် ပျော်ရွှင်နေရမယ့်အရွယ်၊ ဘာသာရေး၊ရပ်ရေးရွာရေးတွေမှာ တက်တက်ကြွကြွပါဝင်ကူညီရမယ့် အရွယ်လေ။ ၂၁ နှစ်ဆိုတာ လူ့သက်တမ်းတစ်ခုရဲ့ သုံးပုံတစ်ပုံပါ။ အရွယ်သုံးပါးရဲ့ ပထမပိုင်းပေါ့။ ညီမလေးက ၂၁ နှစ်ရဲ့ သုံးပုံတစ်ပုံနီးပါးကို မလေးရှားမှာ ဘဝပေါင်းစုံ အခက်အခဲပေါင်းများစွာနှင့် ရုန်းကန်ဖြစ်သန်းခဲ့ရတယ်နော်။ တစ်ရပ်တစ်ကျေးမှာ အဖော်ကွဲတဲ့ငှက်တစ်ကောင်ပမာ အထီးကျန်ဆန်နေမယ့်အစား နွေးထွေးလုံခြုံတဲ့ အမေ့အရိပ်မှာ မောင်နှမတစ်တွေ ဆွေမျိုးတစ်တွေနဲ့ ဘဝကို ပျော်ရွှင်ချမ်းမြေ့စွာ ဖြတ်သန်းချင်ရှာမှာပဲနော်။ သူငယ်ချင်းအပေါင်းအသင်းတွေနှင့် ဘုရားကျောင်းအတူတူသွားပြီး ရယ်မောစရာတွေနဲ့ နောက်ပြောင်ကျီစယ်ချင်မှာပဲလေ။ Covid-19 ဖြစ်နေတဲ့…

တိုင်းရင်းသားပါတီတွေရဲ့ အခန်းကဏ္ဍ ဘာကြောင့် အရေးကြီးလဲ

  သွေး (စစ်ကိုင်း)၊ စက်တင်ဘာ ၂၀၊ ၂၀၂၀ ဒီမိုကရေစီ စနစ်ရဲ့ အနှစ်သာရက ပြည်သူတွေကိုယ်တိုင် အစိုးရတစ်ရပ်ကို ရွေးချယ်တင်မြှောက်ခွင့် ရှိခြင်းပါပဲ။ အရေးကြီးတဲ့ အချက်က ပြည်သူတွေက ရွေးကောက်တင်မြှောက်မယ့် ပါတီဟာ ပြည်သူတွေရဲ့ အကျိုးကို အမှန်တကယ် သယ်ပိုးနိုင်မယ့် ပါတီဖြစ်ဖို့ လိုသလို ကိုယ်စားလှယ်တွေကလည်း အရည်အချင်းရှိတဲ့ ကိုယ်စားလှယ်တွေ ဖြစ်ဖို့ပါ။ လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပတော့မှာ ဖြစ်လို့ ချင်းပြည်နယ်က ချင်းတိုင်းရင်းသားတွေ အနေနဲ့ ကိုယ့်ရဲ့ ကိုယ်စားလှယ်ကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဖြစ်စဉ်တွေကို ပြန်ကြည့်ရင် လွတ်လပ်ရေး ရရှိခဲ့တဲ့ ၁၉၄၈…

တချိန်က ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) နှင့် ဦးနု၏ ပါလီမန်ဒီမိုကရေစီပါတီတို့၏ ချင်းနှင့် တိုင်းရင်းသားများအပေါ် အမြင်သဘောထား

တချိန်က ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) နှင့် ဦးနု၏ ပါလီမန်ဒီမိုကရေစီပါတီတို့၏ ချင်းနှင့် တိုင်းရင်းသားများအပေါ် အမြင်သဘောထား Salai Deirel Arsi Chin World October 09, 2020 မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရရှိပြီး၊ လွတ်လပ်ရေးနှင့်အတူ ဖွားဖက်တော်အဖြစ် ပြည်တွင်း စစ်မီးတောက်လောင်ခဲ့သည်။ အယူဝါဒအမျိုးမျိုး၊ ခံစားချက်အမျိုးမျိုး၊ မျှော်လင့်ခက်အမျိုးမျိုးတို့ဖြင့် ဆန့်ကျင်တော်လှန်မှုများသည် နှစ်ပေါင်း (၇၀) ကျော်ခဲ့ပြီဖြစ်သည်။ ကုန်လွန်ခဲ့သော ၁၉၇၀ ပြည့်လွန်နှစ်များတွင် ချင်းလူငယ် အက်စ်အက်စ်ထန်ခန့်ဆွမ်း (S.S Than Khan Suan)မှ ကယားပြည်နယ် (ကရင်နီပြည်နယ်) အတွင်းရှိ တော်လှန်ရေးဌာနချုပ်တွင် “ငါတို့…

Mai Sui Hlei Tial ၏ကွာလာလမ်ပူမှထန်တလန်နောက်ဆုံးခရီး

  a   Mai Sui Hlei Tial သည် မလေးရှားနိုင်ငံရှိ ၉ ထပ်တိုက်ပေါ်မှပြုတ်ကျသေဆုံးအချိန်မတိုင်ခင်ထိ သူမ၏အိမ်ပြန်ခရီးနောက်ဆုံးလဲလျောင်းနားခိုရာနေရာသည်ချင်းပြည်နယ်ထန်တလန်မြို့အဝင်လမ်းမဘေးတွင်ဖြစ်လိမ့်မည်ဟုသူထင်မှတ်ထားလိမ့်မည်မဟုတ်ပေ။အနည်းဆုံးတော့အများသူဌာနှင့်အတူလဲလျောင်းနားခိုခွင့်ရှိမည်ဟုသူယုံကြည်ထားပါလိမ့်မည်။ဤမြေသည်ချင်းလူမျိုးများ၏နယ်မြေဖြစ်သည့်အတွက်ချင်းပျိုမေကိုမရက်စက်လောက်ဟုသူယုံကြည်ပါလိမ့်မည်။သူ့ယုံကြည်ထားခဲ့သမျှသည်…………..မြို့အဝင်လမ်းဘေးတွင်ထားခဲ့ရပါသည်။ ကွာလာလမ်ပူမှရန်ကုန်သို့ပျံသန်းလာသောလေယာဉ်သည်သူမကိုသယ်ဆောင်ပြီးအမိနို်င်ငံသို့တာဝန်ကျေပြွန်စွာပြန်လည်ပို့ဆောင်ပေးခဲ့သော်လည်းရန်ကုန်မှထန်တလန်ခရီးသည်ရောက်စကတည်းကမလှပခဲ့ပါ၊အမိမြေချင်းတို့ဌာနေထန်တလန်မြို့ကလူတချို့ကသူမကိုမကြိုဆိုခဲ့ပါ။ ဆယ်ကျော်သက်အရွယ်ကတည်းကမလေးရှားနိုင်ငံသို့မိသားစုအရေးကြောင့်သူမသည်ထွက်ခွာသွားခဲ့ပါသည်။မလေးရှားနိုင်ငံတွင်အလုပ်လုပ်ကိုင်နေစဉ်ကာလများကတည်းကထန်တလန်အိမ်ပြန်ခရီးကိုသူမသည်စိတ်ကူးအမျိူးမျိုးယဉ်ခဲ့ပါလိမ့်မည်။မြို့အဝင်တွင်မိသားစုများကကြိုဆိုနေပြီးအိမ်သို့အတူချီတက်ကြမည့်စိတ်ကူး၊ငယ်သူချင်းများနှင့်မြို့ပတ်လည်ကြမည့်စိတ်ကူး၊ဆာဘူးသီးအတူစားမည့်စိတ်ကူး၊ဘုရားကျောင်းအတူတက်မည့်စိတ်ကူး၊တောင်ဇလပ်ပန်းပန်ဆင်မည့်စိတ်ကူး၊ဟားခါးသို့သွားလည်မည့်စိတ်ကူး၊ဟားခါးထန်တလန်အကြားရှိသီမစ်ချောင်းတွင်သူငယ်ချင်းများနှင့်ငါးဖမ်းမည့်စိတ်ကူးတို့သည်၉ထပ်တိုက်ပေါ်မှမပြုတ်ကျခင်သူမစိတ်ကူးများဖြစ်ပါလိမ့်မည်။ သူမကွယ်လွယ်ပြီးချိန်သူမဝိညာဉ်ကလည်းကွာလာလမ်ပူမှရန်ကုန်၊ရန်ကုန်မှထန်တလန်ခရီးကိုစောင့်ကြည့်လိုက်ပါလာခဲ့ပါလိမ့်မည်။ကိုဗစ်၁၉ကပ်ဘေးကာလဖြစ်သောကြောင့်ကိုဗစ်၁၉ပိုးရှိမရှိကိုလည်းစစ်ဆေးခဲ့ပြီးပိုးမရှိကြောင်းထောက်ခံစာဖြင့်အမိမြေချင်းတို့ဌာနေကိုသူပြန်လာခဲ့သော်လည်းထန်တလန်မြို့မှလူတချိုကသူမကိုမကြိုဆိုခဲ့ပါ၊မြို့လေးကိုသူမြင်ရသော်လည်းဝင်ခွင့်မရခဲ့ပါ။သူယုံကြည်ထားသည့်အနည်းဆုံးတော့အများသူဌာနှင့်အတူနားခိုခွင့်ခွင့်ကိုလည်းမပေးခဲ့ပါ။ ဤမြေသည်ချင်းလူမျိုးများ၏နယ်မြေဖြစ်သည့်အတွက်ချင်းပျိုမေကိုမရက်စက်လောက်ဟုသူယုံကြည်ချက်ကိုလည်းရိုက်ချိုးခဲ့ကြပါသည်။လူတချို့ကသူမကိုမြို့အဝင်လမ်းမဘေးတွေတစ်ဦးတည်းလဲလျောင်းအိပ်စက်စေခဲ့ပါသည်။သူမဝိညာဉ်ကလည်းအထီးကျန်စွာညလုံးပေါက်လမ်းမဘေးတွင်ငိုကြွေးခဲ့ရပါသည်။ တိုက်ပေါ်မှပြုတ်မကျခင်ဤကဲ့သို့မြို့အဝင်လမ်းမဘေးတွင်တစ်ဦးတည်းလဲလျောင်းရမည်ကို သူကြိုသိပါကသူမသည်ထန်တလန်သို့ပြန်လာမည်မဟုတ်ပါ။ထန်တလန်သည်ချင်းလူမျိုးတို့နေထိုင်သောမြို့ဖြစ်သော်လည်းချင်းလူမျိုးတို့မပိုင်ကြောင်းသူသိသွားပါလိမ့်မည်။ထန်တလန်တွင်ဘယ်မှာနေရမည်ဘယ်လိုသေရမည်ကိုထန်တလန်လူထုတွင်ဆုံးဖြတ်ခွင့်မရှိကြောင်းသူသိပါလိမ့်မည်။ကွာလာလမ်ပူမှရန်ကုန်သို့ပျံသန်းမည့်လေယာဉ်တွင်လိုက်ပါရန်သူမငြင်းဆန်ပါလိမ့်မည်။ထန်တလန်ထက်ကွာလာလမ်ပူသည်သာသူမ၏နောက်ဆုံးနားခိုရာဟုသူမရွေးချယ်ပါလိမ့်မည်။ သူမ၏အိမ်ပြန်စိတ်ကူးနှင့်ယုံကြည်ချက်တို့သည်လူတချို့၏ဆုံးဖြတ်ချက်ကြောင့်လမ်းမဘေးတွင်မြုပ်နှံခံခဲ့ရပါသည်။…