Input your search keywords and press Enter.

မင္းတပ္ၿမိဳ႕နယ္ NLD ပါတီရံုးအတြက္ ေနရာသစ္ျပန္ရွာမည္

Salai Khup Khup

မင္းတပ္ၿမိဳ႕စံျပရပ္ကြက္ရွိ ေရစမ္းဦးေနရာတြင္ NLD ပါတီရံုးတည္ေဆာက္ေနမႈကို ေဒသခံမ်ားက ကန္႕ကြက္မႈမ်ားေၾကာင့္ လုပ္ငန္းေဆာင္ရြက္မႈ ရပ္ဆုိင္းထားၿပီး တျခားေနရာတြင္ျပန္ရွာေတာ့မည္ျဖစ္ေၾကာင္း ခ်င္းျပည္နယ္အစိုးရအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ စည္ပင္ဝန္ၾကီး ဦးစိုးထက္ကေျပာသည္။

စည္ပင္ဝန္ၾကီးဦးစိုးထက္က “အဲဒီေနရာက ျပည္သူလူထု အမ်ားသံုးေနတယ္ ဆိုတဲ႔ေျပာသံေတြရွိတယ္။ ေနာက္ၿပီး အရင္ကလည္း အဲဒီေနရာမွာဘဲ အစဥ္အဆက္ အိမ္ေဆာက္ခြင့္မျပဳခဲ႔ဘူး ဆိုတာ ေတြလည္းရွိခဲ႔တယ္။ အရင္ကလည္းစာတင္ထားတာ ေတြလည္းရွိတယ္။ အဲဒါေၾကာင့္  အျခားေနရာမွာ ေဆာက္လုိ႔ရေအာင္လို႔ အခုေဆာက္လက္စ ေနရာကို ရပ္နားခုိင္းလုိက္တာျဖစ္တယ္”ဟုေျပာသည္။

NLD ပါတီရံုးတည္ေဆာက္ရန္ ခြင့္ျပဳခ်က္ရထားေသာ္လည္း ဇူလုိင္လ ၉ ရက္ေန႕က လက္ရွိေဆာင္ရြက္ေနသည့္ အေဆာက္အဦေအာက္ဖက္တြင္ ေျမေအာက္ေရထြက္ရွိမႈ ရွိလာသျဖင့္ လုပ္ငန္းအားလံုးကို ယာယီရပ္ဆုိင္းထားရန္ မင္းတပ္ၿမိဳ႕နယ္ စည္ပင္သာယာေရးအဖြဲ႕ကျပန္လည္ ညႊန္ၾကားခဲ့သည္။

ဦးစိုးထက္က “အရင္က အဲဒီေနရာ လြတ္ေနေတာ့ အဲဒီေနရာမွာေဆာက္ဖို႔စဥ္းစားၿပီးမွ ေဆာက္ဖို႔ခြင့္ျပဳထားလုိက္တာ၊ အခုေနာက္ပိုင္းက်ေတာ့ အဲဒီဟာက ေခတ္အဆက္ဆက္ ေရစမ္းဦးျဖစ္တယ္ ဆိုေတာ့ပတ္ဝန္းက်င္ရဲ႕ အေနထားေပၚမူတည္ၿပီးမွ ရပ္လုိက္တာျဖစ္တယ္။ ေလာေလာဆယ္ တျခားေနရာမွာဘဲ ေနရာရွာၿပီးေတာ့ ဒါမွမဟုတ္ ဝယ္ၿပီးလုပ္ဖို႔ ထပ္ၿပီးေျမေနရာရွာေနတာျဖစ္တယ္”ဟုေျပာသည္။

အဆိုပါေရစမ္းဦးေနရာတြင္ ခ်င္းျပည္နယ္လႊတ္ေတာ္ ဒု – ဥကၠဌ အမည္ျဖင့္ ေျမေနရာကို ေလွ်ာက္ထားခဲ့ျခင္းျဖစ္ၿပီး ပါတီရံုးအတြက္ ေျမထိန္းနံရံႏွင့္ အေဆာက္အဦးေဖာင္ေဒးရွင္း စတင္ေဆာက္လုပ္ခ်ိန္ လုပ္ငန္းရပ္ဆုိင္းရျခင္းျဖစ္သည္။

Unicode Version

မင်းတပ်မြို့နယ် NLD ပါတီရုံးအတွက် နေရာသစ်ပြန်ရှာမည်

မင်းတပ်မြို့စံပြရပ်ကွက်ရှိ ရေစမ်းဦးနေရာတွင် NLD ပါတီရုံးတည်ဆောက်နေမှုကို ဒေသခံများက ကန့်ကွက်မှုများကြောင့် လုပ်ငန်းဆောင်ရွက်မှု ရပ်ဆိုင်းထားပြီး တခြားနေရာတွင်ပြန်ရှာတော့မည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။
စည်ပင်ဝန်ကြီးဦးစိုးထက်က “အဲဒီနေရာက ပြည်သူလူထု အများသုံးနေတယ် ဆိုတဲ့ပြောသံတွေရှိတယ်။ နောက်ပြီး အရင်ကလည်း အဲဒီနေရာမှာဘဲ အစဉ်အဆက် အိမ်ဆောက်ခွင့်မပြုခဲ့ဘူး ဆိုတာ တွေလည်းရှိခဲ့တယ်။ အရင်ကလည်းစာတင်ထားတာ တွေလည်းရှိတယ်။ အဲဒါကြောင့် အခြားနေရာမှာ ဆောက်လို့ရအောင်လို့ အခုဆောက်လက်စ နေရာကို ရပ်နားခိုင်းလိုက်တာဖြစ်တယ်”ဟုပြောသည်။
NLD ပါတီရုံးတည်ဆောက်ရန် ခွင့်ပြုချက်ရထားသော်လည်း ဇူလိုင်လ ၉ ရက်နေ့က လက်ရှိဆောင်ရွက်နေသည့် အဆောက်အဦအောက်ဖက်တွင် မြေအောက်ရေထွက်ရှိမှု ရှိလာသဖြင့် လုပ်ငန်းအားလုံးကို ယာယီရပ်ဆိုင်းထားရန် မင်းတပ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ကပြန်လည် ညွှန်ကြားခဲ့သည်။
ဦးစိုးထက်က “အရင်က အဲဒီနေရာ လွတ်နေတော့ အဲဒီနေရာမှာဆောက်ဖို့စဉ်းစားပြီးမှ ဆောက်ဖို့ခွင့်ပြုထားလိုက်တာ၊ အခုနောက်ပိုင်းကျတော့ အဲဒီဟာက ခေတ်အဆက်ဆက် ရေစမ်းဦးဖြစ်တယ် ဆိုတော့ပတ်ဝန်းကျင်ရဲ့ အနေထားပေါ်မူတည်ပြီးမှ ရပ်လိုက်တာဖြစ်တယ်။ လောလောဆယ် တခြားနေရာမှာဘဲ နေရာရှာပြီးတော့ ဒါမှမဟုတ် ဝယ်ပြီးလုပ်ဖို့ ထပ်ပြီးမြေနေရာရှာနေတာဖြစ်တယ်”ဟုပြောသည်။
အဆိုပါရေစမ်းဦးနေရာတွင် ချင်းပြည်နယ်လွှတ်တော် ဒု – ဥက္ကဌ အမည်ဖြင့် မြေနေရာကို လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ပါတီရုံးအတွက် မြေထိန်းနံရံနှင့် အဆောက်အဦးဖောင်ဒေးရှင်း စတင်ဆောက်လုပ်ချိန် လုပ်ငန်းရပ်ဆိုင်းရခြင်းဖြစ်သည်။