Input your search keywords and press Enter.

အမ္းၿမိဳ႕နယ္အတြင္း တုိက္ပြဲေၾကာင့္ ခ်င္းေက်းရြာအခ်ိဳ႕တြင္ ေက်ာင္းမ်ားပိတ္ထားမႈ ႏွစ္ပတ္ေက်ာ္ၿပီျဖစ္

Salai Khup Khup

ရခုိင္ျပည္နယ္၊ အမ္းၿမိဳ႕နယ္အတြင္း ရကၡိဳင့္တပ္မေတာ္ႏွင့္ ျမန္မာ့တပ္မေတာ္တို႕အၾကား တုိက္ပြဲပိုမိုျပင္းထန္လာျခင္းေၾကာင့္ ေဒသခံခ်င္းတုိင္းရင္းသား ရြာသားမ်ား ရာဂဏန္းထြက္ေျပးေနရၿပီး ေက်ာင္းပိတ္ထားသည္မွာလည္း ႏွစ္ပတ္ေက်ာ္ၾကာျမင့္ၿပီျဖစ္ေၾကာင္းသိရသည္။

ဇူလုိင္လ ၁၇ ရက္ေနာက္ပုိင္း ခ်င္းတုိင္းရင္းသားအမ်ားစုေနထုိင္သည့္ ေက်းရြာမ်ားအနီး လက္နက္ႀကီးမ်ား ျဖင့္ ပစ္ခတ္မႈျဖစ္ပြားျခင္းေၾကာင့္ နီးစပ္ရာ ေက်းရြာမ်ားႏွင့္ အမ္းၿမိဳ႕ေပၚ ခရစ္ယာန္ဘုရားေက်ာင္း၊ ေက်ာက္ေတာ္ၿမိဳ႕၊ ရန္ကုန္ၿမိဳ႕မ်ားရွိ နီးစပ္ရာေဆြမ်ိဳးမ်ားထံသို႕ ထြက္ေျပးတိမ္းေရွာင္ေနၾကရသည္။

အမည္မေဖာ္လို စစ္ေဘးေရွာင္တစ္ဦးက “ၿပီးခဲ႔တဲ႔အပတ္က လက္နက္ၾကီးေတြနဲ႔ ပစ္ခတ္တဲ့ အသံေတြကို ၾကားရေတာ့ ေဒသခံလူေတြအတြက္ စားဝတ္ေနေရး ျဖစ္ျဖစ္ လံုျခံဳေရးအရျဖစ္ျဖစ္ လံုျခံဳမႈမရွိေတာ့လို႔ ေျပာင္းေရြ႕ေနထိုင္ၾကရတာပါ။ ဒီလုိေျပာင္းေရြ႕လုိက္လို႔ ေက်ာင္းေတြပိတ္ထားရတာကလည္း ႏွစ္ပတ္ေက်ာ္ရွိသြားၿပီ”ဟုေျပာသည္။

အမ္းၿမိဳ႕နယ္ ရူးေက်းရြာ၊ သရြဲေက်းရြာႏွင့္ မဲလက္ေမာင္းေက်းရြာမွ ေဒသခံရာဂဏန္းထြက္ေျပးတိမ္းေရွာင္ၾကျခင္းျဖစ္ၿပီး မဲသံႀကိဳးေက်းရြာမွ လူဦးေရ ၄၀ ခန္႕ ေက်းရြာတြင္ က်န္ရစ္ေနေသးေၾကာင္းသိရသည္။

စစ္ေဘးေရွာင္ဒုကၡသည္တစ္ဦးက “ အစိုးရတပ္မေတာ္နဲ႕ ေအေအၾကားမွာ ခ်င္းတုိင္းရင္းသားေတြအေနနဲ႕ ၾကားညွပ္အေနအထားျဖစ္ေနတဲ့အတြက္ အေျခအေနမ်ားကို မေျပာရဲမဆိုရဲတဲ့အေနအထားလည္းျဖစ္ေနတယ္” ဟုေျပာသည္။

ေနရပ္စြန္႔ခြာထြက္ေျပးၾကရေသာ ခ်င္းတုိင္းရင္းသားမ်ားအေနျဖင့္ အစားအေသာက္၊ ေနရာထုိင္ခင္းမ်ားအတြက္ အခက္အခဲမ်ားရင္ဆုိင္ေနၾကရသည္။

အမ်းမြို့နယ်အတွင်း တိုက်ပွဲကြောင့် ချင်းကျေးရွာအချို့တွင် ကျောင်းများပိတ်ထားမှု နှစ်ပတ်ကျော်ပြီဖြစ်

Salai Khup Khup

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း ရက္ခိုင့်တပ်မတော်နှင့် မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲပိုမိုပြင်းထန်လာခြင်းကြောင့် ဒေသခံချင်းတိုင်းရင်းသား ရွာသားများ ရာဂဏန်းထွက်ပြေးနေရပြီး ကျောင်းပိတ်ထားသည်မှာလည်း နှစ်ပတ်ကျော်ကြာမြင့်ပြီဖြစ်ကြောင်းသိရသည်။

ဇူလိုင်လ ၁၇ ရက်နောက်ပိုင်း ချင်းတိုင်းရင်းသားအများစုနေထိုင်သည့် ကျေးရွာများအနီး လက်နက်ကြီးများ ဖြင့် ပစ်ခတ်မှုဖြစ်ပွားခြင်းကြောင့် နီးစပ်ရာ ကျေးရွာများနှင့် အမ်းမြို့ပေါ် ခရစ်ယာန်ဘုရားကျောင်း၊ ကျောက်တော်မြို့၊ ရန်ကုန်မြို့များရှိ နီးစပ်ရာဆွေမျိုးများထံသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

အမည်မဖော်လို စစ်ဘေးရှောင်တစ်ဦးက “ပြီးခဲ့တဲ့အပတ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့ အသံတွေကို ကြားရတော့ ဒေသခံလူတွေအတွက် စားဝတ်နေရေး ဖြစ်ဖြစ် လုံခြုံရေးအရဖြစ်ဖြစ် လုံခြုံမှုမရှိတော့လို့ ပြောင်းရွေ့နေထိုင်ကြရတာပါ။ ဒီလိုပြောင်းရွေ့လိုက်လို့ ကျောင်းတွေပိတ်ထားရတာကလည်း နှစ်ပတ်ကျော်ရှိသွားပြီ”ဟုပြောသည်။

အမ်းမြို့နယ် ရူးကျေးရွာ၊ သရွဲကျေးရွာနှင့် မဲလက်မောင်းကျေးရွာမှ ဒေသခံရာဂဏန်းထွက်ပြေးတိမ်းရှောင်ကြခြင်းဖြစ်ပြီး မဲသံကြိုးကျေးရွာမှ လူဦးရေ ၄၀ ခန့် ကျေးရွာတွင် ကျန်ရစ်နေသေးကြောင်းသိရသည်။

စစ်ဘေးရှောင်ဒုက္ခသည်တစ်ဦးက “ အစိုးရတပ်မတော်နဲ့ အေအေကြားမှာ ချင်းတိုင်းရင်းသားတွေအနေနဲ့ ကြားညှပ်အနေအထားဖြစ်နေတဲ့အတွက် အခြေအနေများကို မပြောရဲမဆိုရဲတဲ့အနေအထားလည်းဖြစ်နေတယ်” ဟုပြောသည်။

နေရပ်စွန့်ခွာထွက်ပြေးကြရသော ချင်းတိုင်းရင်းသားများအနေဖြင့် အစားအသောက်၊ နေရာထိုင်ခင်းများအတွက် အခက်အခဲများရင်ဆိုင်နေကြရသည်။