

Salai Khup Khup
ပလက္ဝၿမိဳ႕နယ္တြင္ ဇူလိုင္လ ၁၂-၁၃ ရက္ေန႔မ်ားတြင္ မိုးသည္းထန္စြာရြာသြန္းၿပီး ျမစ္ေရႀကီးမႈေၾကာင့္ ေဘးလြတ္ရာသို႔ တိမ္းေရွာင္ေနရသူေပါင္း လူဦးေရ ကိုးရာေက်ာ္ရွိေနေၾကာင္း သိရသည္။
စစ္ေဘးေရွာင္ကယ္ဆယ္ေရးဥကၠဌ ဦးေဝတန္းက “မိုးမ်ားေတာ့ ကုလားတန္ျမစ္တစ္ေၾကာလံုး ပလက္ဝၿမိဳ႕ေပၚသကၤန္းေက်ာင္းမွာဆိုရင္ လူဦးေရ(၁၇၈)ေယာက္ကို ပလက္ဝအားကစားခန္းမမွာေနရာခ်ေပးထားလိုက္ရတယ္။ ျမိဳ႕မရက္ကြက္ကဆုိရင္ လူဦးေရ (၃၀၂)ဦးကို ၿမိဳ႕မဘုန္းၾကီးေက်ာင္းနဲ႔ နီးစပ္ရာေဆြးမ်ိဳးေတြစီမွာ ေနရာခ်ေပးထားတယ္။ ရြာမရပ္ကြက္ဆုိရင္လည္း ဘုန္းၾကီးေက်ာင္းတို႔ ရပ္ကြက္မွာရွိတဲ႔ အ.မ.က ေက်ာင္းတို႔ နီးစပ္ရာေဆြမ်ိဳးေတြစီမွာ အိမ္ေထာင္စုေပါင္း (၃၃၆)အိမ္ေထာင္စုကို ထားေပးတယ္။ေနာက္ၿပီး ပလက္ဝၿမိဳ႕ေပၚမွာ စစ္ေဘးေရွာင္ေတြလာေနတုန္းက လက္က်န္ ဆန္၊ အခ်ိဳေရဗူးတို႔ မာမီးေခါက္ဆဲြတို႔ မုန္႔တို႔ကို မေန႔ညက မီးသတ္အဖြဲ႔နဲ႔ ေထာက္ပံ႔ကူေပးခဲ႔တယ္”ဟုေျပာသည္။
ပလက္ဝၿမိဳ႕နယ္တြင္ ဇူလိုင္လ ၁၂-၁၃ရက္ေန႔က မိုးမ်ားၿပီးျမစ္ေရၾကီး၍ ပလက္ဝၿမိဳ႕ေပၚရွိ ရပ္ကြက္ေလးရပ္ကြက္ႏွင့္ ေက်းရြာေပါင္း(၁၁)ရြာမွ လူဦးေရ ကိုးရာေက်ာ္မွာ မိမိတို႔ေနအိမ္မ်ားကိုစြန္႔ကာ ေျပာင္းေရႊ႕ေနထုိင္ရျခင္းျဖစ္သည္။
ဦးေဝတန္းက “ကုလားတန္ျမစ္ေခ်ာင္းတစ္ေလွ်ာက္ ျမစ္ကမ္းနားမွာေနတဲ႔ ရပ္ကြက္ေပါင္းေလးရက္ကြက္ ေက်းရြာေပါင္း (၁၁)ရြာေလာက္က ဘုန္းၾကီးေက်ာင္းတုိ႔ ၊ ဘုရားေက်ာင္းတို႔မွာ ေျပာင္းေရႊ႕ေနထုိင္လုိက္ရတယ္”ဟုေျပာသည္။
အဆိုပါျမစ္ေရႀကီးမႈမွာ ယေန႔တြင္ မိုးနည္းသြားသျဖင့္ ျမစ္ေရ တစ္ျဖည္းျဖည္းက်သြားႏိုင္ေျခရွိေၾကာင္း ေဒသခံမ်ားထံမွသိရသည္။
Unicode Version
Salai Khup Khup
ပလက်ဝမြို့နယ်တွင် ဇူလိုင်လ ၁၂-၁၃ ရက်နေ့များတွင် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေကြီးမှုကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသူပေါင်း လူဦးရေ ကိုးရာကျော်ရှိနေကြောင်း သိရသည်။
စစ်ဘေးရှောင်ကယ်ဆယ်ရေးဥက္ကဌ ဦးဝေတန်းက “မိုးများတော့ ကုလားတန်မြစ်တစ်ကြောလုံး ပလက်ဝမြို့ပေါ်သင်္ကန်းကျောင်းမှာဆိုရင် လူဦးရေ(၁၇၈)ယောက်ကို ပလက်ဝအားကစားခန်းမမှာနေရာချပေးထားလိုက်ရတယ်။ မြို့မရက်ကွက်ကဆိုရင် လူဦးရေ (၃၀၂)ဦးကို မြို့မဘုန်းကြီးကျောင်းနဲ့ နီးစပ်ရာဆွေးမျိုးတွေစီမှာ နေရာချပေးထားတယ်။ ရွာမရပ်ကွက်ဆိုရင်လည်း ဘုန်းကြီးကျောင်းတို့ ရပ်ကွက်မှာရှိတဲ့ အ.မ.က ကျောင်းတို့ နီးစပ်ရာဆွေမျိုးတွေစီမှာ အိမ်ထောင်စုပေါင်း (၃၃၆)အိမ်ထောင်စုကို ထားပေးတယ်။နောက်ပြီး ပလက်ဝမြို့ပေါ်မှာ စစ်ဘေးရှောင်တွေလာနေတုန်းက လက်ကျန် ဆန်၊ အချိုရေဗူးတို့ မာမီးခေါက်ဆွဲတို့ မုန့်တို့ကို မနေ့ညက မီးသတ်အဖွဲ့နဲ့ ထောက်ပံ့ကူပေးခဲ့တယ်”ဟုပြောသည်။
ပလက်ဝမြို့နယ်တွင် ဇူလိုင်လ ၁၂-၁၃ရက်နေ့က မိုးများပြီးမြစ်ရေကြီး၍ ပလက်ဝမြို့ပေါ်ရှိ ရပ်ကွက်လေးရပ်ကွက်နှင့် ကျေးရွာပေါင်း(၁၁)ရွာမှ လူဦးရေ ကိုးရာကျော်မှာ မိမိတို့နေအိမ်များကိုစွန့်ကာ ပြောင်းရွှေ့နေထိုင်ရခြင်းဖြစ်သည်။
ဦးဝေတန်းက “ကုလားတန်မြစ်ချောင်းတစ်လျှောက် မြစ်ကမ်းနားမှာနေတဲ့ ရပ်ကွက်ပေါင်းလေးရက်ကွက် ကျေးရွာပေါင်း (၁၁)ရွာလောက်က ဘုန်းကြီးကျောင်းတို့ ၊ ဘုရားကျောင်းတို့မှာ ပြောင်းရွှေ့နေထိုင်လိုက်ရတယ်”ဟုပြောသည်။
အဆိုပါမြစ်ရေကြီးမှုမှာ ယနေ့တွင် မိုးနည်းသွားသဖြင့် မြစ်ရေ တစ်ဖြည်းဖြည်းကျသွားနိုင်ခြေရှိကြောင်း ဒေသခံများထံမှသိရသည်။