

Salai Benezer
ခ်င္းျပည္နယ္ ႏွာဟရိန္ၿမဳိ႕ အထကေက်ာင္းေရွ႕ရွိ အားကစားကြင္းတြင္ ေဒသခံျပည္သူမ်ား၏ ဆႏၵသေဘာထား ညႇိႏႈိင္းျခင္းမရွိဘဲ လမ္းေဖာက္ျခင္းႏွင့္ အေဆာက္အဦးေဆာက္လုပ္ခြင့္ ခြင့္ျပဳျခင္းတို႔အေပၚ ေဒသခံျပည္သူ ၂၇၀ခန္႔မွ ဇူလိုင္လ ၁၄ရက္ ညေနပိုင္းတြင္ ဆႏၵေဖာ္ထုတ္ခဲ့ၾကေၾကာင္း သိရသည္။
“အခုလိုဆႏၵေဖာ္ထုတ္ဖို႔ကို ဇူလိုင္ ၁၀ ရက္ေန႔မွာ စာတင္ခဲ့တယ္၊ စာတင္ၿပီး ၁၂ရက္ေန႔မွာ တာ၀န္ရွိသူေတြက လာေခၚလို႔ အုပ္ခ်ဳပ္ေရးမွဴးရံုးမွာ အုပ္ခ်ဳပ္ေရးမွဴးရယ္၊ ရပ္မိရပ္ဖေတြရယ္ ဆႏၵေဖာ္ထုတ္ဖို႔ ဦးေဆာင္တဲ့သူ ၃ေယာက္ရယ္ ေဆြးေႏြးညႇိႏႈိင္းၾကတယ္၊ သူတို႔က အခုေဆာက္မယ့္ေနရာမဟုတ္ဘဲနဲ႔ ကြင္းရဲ႕အေရွ႕ဘက္မွာ ေျပာင္းၿပီးေဆာက္ေပးမယ္ေျပာမယ္၊ အဲဒါေၾကာင့္ ဆႏၵေဖာ္ထုတ္ျခင္းမျပဳဖို႔ ေတာင္းဆိုတယ္၊ ဒါေပမယ့္ သေဘာမတူၾကဘူး၊ ေဘာ္လံုးကြင္းအတြင္းႏွင့္ ကြင္းဧရိယာအတြင္းမွာ ဘာအေဆာက္အဦးကိုမွ မရွိေစခ်င္တာေၾကာင့္ ယခုလိုဆႏၵေဖာ္ထုတ္ျခင္းျဖစ္တယ္၊ သူတို႔ေျပာင္းၿပီးေဆာက္မယ္ဆိုရင္ ၿမဳိ႕ျပစီမံကိန္းဆြဲတုန္းက ဌာနဆိုင္ရာေတြအတြက္ သတ္မွတ္ထားတဲ့ေနရာေတြရွိတယ္၊ အဲဒီေနရာမွာ ေျပာင္းေဆာက္မွသေဘာတူမယ္”ဟု ဆႏၵေဖာ္ထုတ္မႈတြင္ပါ၀င္သူ ကိုမိုက္ကယ္မွေျပာသည္။
အဆိုပါ ေဘာ္လံုးကြင္းမွာ ႏွာရိန္းၿမဳိ႕ အလကေက်ာင္းအဆင့္မွ အထကေက်ာင္းအဆင့္သို႔တိုးျမႇင့္ႏိုင္ရန္ ေဘာ္လံုးကြင္းရွိဖို႔ လိုအပ္သျဖင့္ ေဒသခံမ်ားမွ ခ်င္းရိုးရာေပါက္တူး၊ ပုလိုင္း၊ ႏြားသေရမ်ားအသံုးျပဳၿပီး ၄ႏွစ္ခန္႔ အခ်ိန္ယူ တူးေဖာ္ခဲ့သည့္ ေဘာ္လံုးကြင္းျဖစ္သျဖင့္ ေဒသခံမ်ားမွ ဘိုးဘြားအေမြအျဖစ္ သတ္မွတ္ထားသည့္ ေနရာျဖစ္ၿပီး အာဏာပိုင္မ်ားမွ ေဒသခံမ်ားႏွင့္ ညႇိႏႈိင္းျခင္းမရွိဘဲ လမ္းေဖာ္လုပ္ျခင္း၊ အုပ္ခ်ဳပ္ေရးမွဴးရံုးတည္ေဆာက္ရန္ ျပင္ဆင္ေနျခင္းေၾကာင့္ ဆႏၵေဖာ္ထုတ္ရျခင္းျဖစ္ေၾကာင္း သိရသည္။
ကိုမိုက္ကယ္မွ “အခုလို ဆနၵေဖာ္ထုတ္ၿပီး တစ္ပတ္၊ ဒါမွမဟုတ္ တစ္လအတြင္း သက္ဆိုင္ရာက လူထုေတာင္းဆိုခ်က္ အေရးယူေဆာင္ရြက္ေပးျခင္းမရွိရင္ မီဒီယာေတြကိုေခၚၿပီး သတင္းစာရွင္းလင္းပြဲလုပ္မယ္၊ အဲဒါကို ေဆာင္ရြက္ေပးျခင္းမရွိေသးရင္ ခ်င္းျပည္နယ္လႊတ္ေတာ္ရံုးကို သြားေရာက္ၿပီး ဆႏၵေဖာ္ထုတ္ျခင္းကို ဆက္လက္လုပ္ေဆာင္သြားမယ္”ဟု ေျပာသည္။
ႏွာဟရိန္ၿမဳိ႕သည္ ထန္တလန္ၿမဳိ႕နယ္အတြင္းတြင္တည္ရွိၿပီး ေက်းရြာအဆင့္မွ ၿမဳိ႕အဆင့္သို႔တိုးျမႇင့္သြားသည့္ ၿမဳိ႕ျဖစ္သျဖင့္ ဌာနဆိုင္ရာရံုးမ်ားတည္ေဆာက္ရန္ ျပင္ဆင္ေဆာင္ရြက္ေနၾကေၾကာင္း သိရသည္။
Unicode Version
နှာဟရိန်မြို့ အထကကျောင်းရှေ့ အားကစားကွင်းတွင် ဒေသခံများအား ညှိနှိုင်းခြင်းမရှိဘဲ လမ်းဖောက်လုပ်ခြင်းနှင့် အဆောက်အဦးဆောက်လုပ်ခွင့် ခွင့်ပြုခြင်းအပေါ်ဆန္ဒဖော်ထုတ်
July 15, 2019 Chin World Media News 0
Salai Benezer
ချင်းပြည်နယ် နှာဟရိန်မြို့ အထကကျောင်းရှေ့ရှိ အားကစားကွင်းတွင် ဒေသခံပြည်သူများ၏ ဆန္ဒသဘောထား ညှိနှိုင်းခြင်းမရှိဘဲ လမ်းဖောက်ခြင်းနှင့် အဆောက်အဦးဆောက်လုပ်ခွင့် ခွင့်ပြုခြင်းတို့အပေါ် ဒေသခံပြည်သူ ၂ရဝခန့်မှ ဇူလိုင်လ ၁၄ရက် ညနေပိုင်းတွင် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။
“အခုလိုဆန္ဒဖော်ထုတ်ဖို့ကို ဇူလိုင် ၁၀ ရက်နေ့မှာ စာတင်ခဲ့တယ်၊ စာတင်ပြီး ၁၂ရက်နေ့မှာ တာဝန်ရှိသူတွေက လာခေါ်လို့ အုပ်ချုပ်ရေးမှူးရုံးမှာ အုပ်ချုပ်ရေးမှူးရယ်၊ ရပ်မိရပ်ဖတွေရယ် ဆန္ဒဖော်ထုတ်ဖို့ ဦးဆောင်တဲ့သူ ၃ယောက်ရယ် ဆွေးနွေးညှိနှိုင်းကြတယ်၊ သူတို့က အခုဆောက်မယ့်နေရာမဟုတ်ဘဲနဲ့ ကွင်းရဲ့အရှေ့ဘက်မှာ ပြောင်းပြီးဆောက်ပေးမယ်ပြောမယ်၊ အဲဒါကြောင့် ဆန္ဒဖော်ထုတ်ခြင်းမပြုဖို့ တောင်းဆိုတယ်၊ ဒါပေမယ့် သဘောမတူကြဘူး၊ ဘော်လုံးကွင်းအတွင်းနှင့် ကွင်းဧရိယာအတွင်းမှာ ဘာအဆောက်အဦးကိုမှ မရှိစေချင်တာကြောင့် ယခုလိုဆန္ဒဖော်ထုတ်ခြင်းဖြစ်တယ်၊ သူတို့ပြောင်းပြီးဆောက်မယ်ဆိုရင် မြို့ပြစီမံကိန်းဆွဲတုန်းက ဌာနဆိုင်ရာတွေအတွက် သတ်မှတ်ထားတဲ့နေရာတွေရှိတယ်၊ အဲဒီနေရာမှာ ပြောင်းဆောက်မှသဘောတူမယ်”ဟု ဆန္ဒဖော်ထုတ်မှုတွင်ပါဝင်သူ ကိုမိုက်ကယ်မှပြောသည်။
အဆိုပါ ဘော်လုံးကွင်းမှာ နှာရိန်းမြို့ အလကကျောင်းအဆင့်မှ အထကကျောင်းအဆင့်သို့တိုးမြှင့်နိုင်ရန် ဘော်လုံးကွင်းရှိဖို့ လိုအပ်သဖြင့် ဒေသခံများမှ ချင်းရိုးရာပေါက်တူး၊ ပုလိုင်း၊ နွားသရေများအသုံးပြုပြီး ၄နှစ်ခန့် အချိန်ယူ တူးဖော်ခဲ့သည့် ဘော်လုံးကွင်းဖြစ်သဖြင့် ဒေသခံများမှ ဘိုးဘွားအမွေအဖြစ် သတ်မှတ်ထားသည့် နေရာဖြစ်ပြီး အာဏာပိုင်များမှ ဒေသခံများနှင့် ညှိနှိုင်းခြင်းမရှိဘဲ လမ်းဖော်လုပ်ခြင်း၊ အုပ်ချုပ်ရေးမှူးရုံးတည်ဆောက်ရန် ပြင်ဆင်နေခြင်းကြောင့် ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်း သိရသည်။
ကိုမိုက်ကယ်မှ “အခုလို ဆန္ဒဖော်ထုတ်ပြီး တစ်ပတ်၊ ဒါမှမဟုတ် တစ်လအတွင်း သက်ဆိုင်ရာက လူထုတောင်းဆိုချက် အရေးယူဆောင်ရွက်ပေးခြင်းမရှိရင် မီဒီယာတွေကိုခေါ်ပြီး သတင်းစာရှင်းလင်းပွဲလုပ်မယ်၊ အဲဒါကို ဆောင်ရွက်ပေးခြင်းမရှိသေးရင် ချင်းပြည်နယ်လွှတ်တော်ရုံးကို သွားရောက်ပြီး ဆန္ဒဖော်ထုတ်ခြင်းကို ဆက်လက်လုပ်ဆောင်သွားမယ်”ဟု ပြောသည်။
နှာဟရိန်မြို့သည် ထန်တလန်မြို့နယ်အတွင်းတွင်တည်ရှိပြီး ကျေးရွာအဆင့်မှ မြို့အဆင့်သို့တိုးမြှင့်သွားသည့် မြို့ဖြစ်သဖြင့် ဌာနဆိုင်ရာရုံးများတည်ဆောက်ရန် ပြင်ဆင်ဆောင်ရွက်နေကြကြောင်း သိရသည်။