Input your search keywords and press Enter.

လႊတ္ေတာ္အတြင္း ျဖည့္စြက္ ဘတ္ဂ်က္ကိစၥ မတ္တပ္ရပ္ မဲခြဲခုိင္း မႈေၾကာင့္ ပါတီခ်င္းအားနာၿပီး ေထာက္ခံမဲမ်ားျခင္းျဖစ္ေၾကာင္း ဦးေအာင္လ်န္ေျပာ

ျပည္နယ္အစိုးရထပ္မံရရွိသည့္ ျဖည့္စြက္ေငြကိစၥ ျပည္နယ္လႊတ္ေတာ္အတြင္း မဲခြဲဆံုးျဖတ္မႈရွံဳးနိမ့္ ရျခင္းမွာ မတ္တပ္ရပ္ မဲခြဲမႈေၾကာင့္ အဲန္အယ္ဒီပါတီအခ်င္းခ်င္းၾကား အားနာ၍ ေထာက္ခံၾကျခင္း ျဖစ္ေၾကာင္း ဟု ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္လ်န္ကေျပာသည္။

ဦးေအာင္လ်န္က “ ကန္႕ကြက္ခ်င္တဲ့သူေတြရွိေပမယ့္ ကိုယ့္ပါတီအခ်င္းခ်င္းအားနာလုိ႕ ေထာက္ခံၾကတာ။ တီးတိန္၊ တြန္းဇန္၊ ကန္ပက္လက္တို႕ဖက္ကလည္း ကန္႕ကြက္မဲေပးခ်င္တယ္။ ဒါေပမယ့္ ကန္႕ကြက္မဲဆႏၵေပးဖုိ႕ကေတာ့ ပါတီအခ်င္းခ်င္းအားနာတာနဲ႕၊ ကိုယ့္မဲဆႏၵနယ္အတြက္ ဘတ္ဂ်က္မရပဲ အစိုးရေရးဆြဲထားတာကို ေထာက္ခံလုိက္ၾကတာ ကၽြန္ေတာ္စဥ္းစားလုိ႕မရဘူး။ ပါတီကုိ အားနာလုိ႕ေထာက္ခံမဲေပးတာျဖစ္တယ္လုိ႕ ကၽြန္ေတာ့္ကိုျပန္ေျပာၾကတယ္” ဟုေျပာသည္။

သူကဆက္ၿပီး “ျပည္ေထာင္စု အစိုးရက ၂၇.၅.၂၀၁၉ ရက္ေန႕မွာ ျဖည့္စြက္ဘတ္ဂ်တ္ခ်ေပးတာျဖစ္ၿပီး ၃. ၆. ၂၀၁၉ ရက္ေန႕မွာ ျပည္ေထာင္စုျပန္ပို႔ရမွာဆိုရင္ ၾကားထဲမွာ ၆ရက္တိတိအခ်ိန္ရွိရက္နဲ႔ လႊတ္ေတာ္ကိုအေလးမထားဘဲ မိမိလုပ္ခ်င္လုပ္လို႔ရတယ္ဆိုတဲ့သေဘာသက္ေရာက္တာေၾကာင့္ အတည္ျပဳဖို႔သေဘာမတူေၾကာင္းကန႔္ကြက္ခဲ့တာျဖစ္တယ္” ဟုေျပာသည္။

ျပည္နယ္အစိုးရမွ ျဖည့္စြက္ဘတ္ဂ်က္ေငြ ၁၇ ဘီလီယံထပ္မံရရွိခဲ့ျခင္းျဖစ္ၿပီး ဇြန္လ (၂၈) ရက္ေန႕ ခ်င္းျပည္နယ္လႊတ္ေတာ္ (၈) ႀကိမ္ေျမာက္အစည္းအေ၀းတြင္ အဆိုပါ ဘတ္ဂ်က္ေငြကို အစိုးရအဖြဲ႕မွ တင္ျပလာျခင္းျဖစ္သည္။

ရန္ပံုေငြခြဲေ၀မႈမမွ်ျခင္း၊ ၀န္ႀကီးရွိသည့္ မဲဆႏၵနယ္တြင္ ဘတ္ဂ်က္ပိုမိုေရးဆြဲထားျခင္း၊ အစိုးရအဖြဲ႕အေနျဖင့္ လႊတ္ေတာ္ကို ႀကိဳတင္အသိေပးမႈမရွိျခင္းမ်ားေၾကာင့္ ဦးေအာင္လ်န္မွ ကန္႕ကြက္ခဲ့ရာ လႊတ္ေတာ္ဥကၠဌမွ မတ္တပ္ရပ္ မဲခြဲဆံုးျဖတ္ေစခဲ့ၿပီး ေထာက္ခံမဲ ၁၆ မဲႏွင့္ ကန္႕ကြက္မဲ ၃ မဲျဖင့္ ဘတ္ဂ်က္စာရင္းကို အတည္ျပဳခဲ့ၾကသည္။

ဦးေအာင္လ်န္က “ တကယ္တမ္း လွိဳ႕၀ွက္မဲေပးမယ္ဆုိရင္ တပ္မေတာ္သားကိုယ္စားလွယ္ေတြက ၾကားေနပဲေနေတာ့မယ္။ ကၽြန္ေတာ္တို႕ႏုိင္ဖုိ႕အလားအလာရွိတယ္။ ျပည္နယ္အစိုးရက ျပည္နယ္ဘတ္ဂ်က္ကို ေရးဆြဲခ်င္သလုိေရးဆြဲတာကို သိသာေအာင္ တမင္တကာလုပ္လုိက္တာ။ ဒီဟာကို ကိုယ္စားလွယ္ေတြကလည္း ျပတ္ျပတ္သားသား မကန္႕ကြက္ၾကဘူး။ မတ္တပ္ရပ္တဲ့မဲစနစ္ျဖစ္ေနလုိ႕ ေထာက္ခံလုိက္ရတယ္။ ဒါေတြကလည္း မရိုးသားဘူး” ဟုေျပာသည္။

ခ်င္းျပည္နယ္အစိုးရအဖြဲ႕အေနျဖင့္ ျဖည့္စြက္ဘတ္ဂ်က္ေငြစာရင္းႏွင့္ပတ္သက္ၿပီး ျပည္ေထာင္စုအစိုးရထံ အခ်ိန္မီျပန္လည္ေပးပုိ႕ရန္ျဖစ္သျဖင့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားထံ ခ်ျပႏုိင္ခဲ့ျခင္းမရွိေၾကာင္း ေျပာဆိုထားသည္။  

ခ်င္းျပည္နယ္လႊတ္ေတာ္တြင္ ကိုယ္စားလွယ္ ၂၄ ဦးရွိသည့္အနက္ တပ္မေတာ္သား (၆) ဦး၊ ျပည္ခုိင္ၿဖိဳး (၃) ဦး၊ ခ်င္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီမွ (၁) ဦးႏွင့္ အမ်ားစုမွာ အဲန္အယ္ဒီပါတီကိုယ္စားလွယ္မ်ားျဖစ္သည္။

Unicode Version

လွှတ်တော်အတွင်း ဖြည့်စွက်ဘတ်ဂျက်ကိစ္စ မတ်တပ်ရပ်မဲခွဲခိုင်းမှုကြောင့် ပါတီချင်းအားနာပြီး ထောက်ခံမဲများခြင်းဖြစ်ကြောင်း ဦးအောင်လျန်ပြော

ပြည်နယ်အစိုးရထပ်မံရရှိသည့် ဖြည့်စွက်ငွေကိစ္စ ပြည်နယ်လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်မှုရှုံးနိမ့် ရခြင်းမှာ မတ်တပ်ရပ် မဲခွဲမှုကြောင့် အဲန်အယ်ဒီပါတီအချင်းချင်းကြား အားနာ၍ ထောက်ခံကြခြင်း ဖြစ်ကြောင်း ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လျန်ကပြောသည်။

ဦးအောင်လျန်က “ ကန့်ကွက်ချင်တဲ့သူတွေရှိပေမယ့် ကိုယ့်ပါတီအချင်းချင်းအားနာလို့ ထောက်ခံကြတာ။ တီးတိန်၊ တွန်းဇန်၊ ကန်ပက်လက်တို့ဖက်ကလည်း ကန့်ကွက်မဲပေးချင်တယ်။ ဒါပေမယ့် ကန့်ကွက်မဲဆန္ဒပေးဖို့ကတော့ ပါတီအချင်းချင်းအားနာတာနဲ့၊ ကိုယ့်မဲဆန္ဒနယ်အတွက် ဘတ်ဂျက်မရပဲ အစိုးရရေးဆွဲထားတာကို ထောက်ခံလိုက်ကြတာ ကျွန်တော်စဉ်းစားလို့မရဘူး။ ပါတီကို အားနာလို့ထောက်ခံမဲပေးတာဖြစ်တယ်လို့ ကျွန်တော့်ကိုပြန်ပြောကြတယ်” ဟုပြောသည်။

သူကဆက်ပြီး “ပြည်ထောင်စု အစိုးရက ၂၇.၅.၂၀၁၉ ရက်နေ့မှာ ဖြည့်စွက်ဘတ်ဂျတ်ချပေးတာဖြစ်ပြီး ၃. ၆. ၂၀၁၉ ရက်နေ့မှာ ပြည်ထောင်စုပြန်ပို့ရမှာဆိုရင် ကြားထဲမှာ ၆ရက်တိတိအချိန်ရှိရက်နဲ့ လွှတ်တော်ကိုအလေးမထားဘဲ မိမိလုပ်ချင်လုပ်လို့ရတယ်ဆိုတဲ့သဘောသက်ရောက်တာကြောင့် အတည်ပြုဖို့သဘောမတူကြောင်းကန့်ကွက်ခဲ့တာဖြစ်တယ်” ဟုပြောသည်။

ပြည်နယ်အစိုးရမှ ဖြည့်စွက်ဘတ်ဂျက်ငွေ ၁၇ ဘီလီယံထပ်မံရရှိခဲ့ခြင်းဖြစ်ပြီး ဇွန်လ (၂၈) ရက်နေ့ ချင်းပြည်နယ်လွှတ်တော် (၈) ကြိမ်မြောက်အစည်းအဝေးတွင် အဆိုပါ ဘတ်ဂျက်ငွေကို အစိုးရအဖွဲ့မှ တင်ပြလာခြင်းဖြစ်သည်။

ရန်ပုံငွေခွဲဝေမှုမမျှခြင်း၊ ဝန်ကြီးရှိသည့် မဲဆန္ဒနယ်တွင် ဘတ်ဂျက်ပိုမိုရေးဆွဲထားခြင်း၊ အစိုးရအဖွဲ့အနေဖြင့် လွှတ်တော်ကို ကြိုတင်အသိပေးမှုမရှိခြင်းများကြောင့် ဦးအောင်လျန်မှ ကန့်ကွက်ခဲ့ရာ လွှတ်တော်ဥက္ကဌမှ မတ်တပ်ရပ် မဲခွဲဆုံးဖြတ်စေခဲ့ပြီး ထောက်ခံမဲ ၁၆ မဲနှင့် ကန့်ကွက်မဲ ၃ မဲဖြင့် ဘတ်ဂျက်စာရင်းကို အတည်ပြုခဲ့ကြသည်။

ဦးအောင်လျန်က “ တကယ်တမ်း လှို့ဝှက်မဲပေးမယ်ဆိုရင် တပ်မတော်သားကိုယ်စားလှယ်တွေက ကြားနေပဲနေတော့မယ်။ ကျွန်တော်တို့နိုင်ဖို့အလားအလာရှိတယ်။ ပြည်နယ်အစိုးရက ပြည်နယ်ဘတ်ဂျက်ကို ရေးဆွဲချင်သလိုရေးဆွဲတာကို သိသာအောင် တမင်တကာလုပ်လိုက်တာ။ ဒီဟာကို ကိုယ်စားလှယ်တွေကလည်း ပြတ်ပြတ်သားသား မကန့်ကွက်ကြဘူး။ မတ်တပ်ရပ်တဲ့မဲစနစ်ဖြစ်နေလို့ ထောက်ခံလိုက်ရတယ်။ ဒါတွေကလည်း မရိုးသားဘူး” ဟုပြောသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဖြည့်စွက်ဘတ်ဂျက်ငွေစာရင်းနှင့်ပတ်သက်ပြီး ပြည်ထောင်စုအစိုးရထံ အချိန်မီပြန်လည်ပေးပို့ရန်ဖြစ်သဖြင့် လွှတ်တော်ကိုယ်စားလှယ်များထံ ချပြနိုင်ခဲ့ခြင်းမရှိကြောင်း ပြောဆိုထားသည်။
ချင်းပြည်နယ်လွှတ်တော်တွင် ကိုယ်စားလှယ် ၂၄ ဦးရှိသည့်အနက် တပ်မတော်သား (၆) ဦး၊ ပြည်ခိုင်ဖြိုး (၃) ဦး၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ (၁) ဦးနှင့် အများစုမှာ အဲန်အယ်ဒီပါတီကိုယ်စားလှယ်များဖြစ်သည်။