

Khup Khup
မင်းတပ်မြို့ အရှေ့ ပြင်ရက်ကွက်တွင် အော်ရီဒူးတာဝါတိုင်တည်ဆောက်မည့်ကိစ္စနဲ့ ပက်သက်ပြီးကုမ္ပဏီဖက်မှ စက်တင်ဘာလ(၁၂)ရက်နေ့ တွင် ပြန်လည်ဆွေးနွေးရန် ဖိတ်ခေါ်သော်လည်းဆက်လက်ကန့်ကွက်သွားမည်ဖြစ်ကြောင်းအရှေြ့ပင်ရက်ကွက်မှ ဦးရှင်းအောင်လိန်ကပြောသည်။
အရှေ့ ပြင်ရက်ကွက်မှ ကန့် ကွက်သူဦးရှင်းအောင်လိန်က“ကျွန်တော်တို့ ဖက်ဒီလောက်ကန့် ကွက်စာတွေလည်းတင်ခဲ့ပြီးပြီအခုချိန်မှကုမ္ပဏီနဲ့  ပြန်လည်ဆွေးနွေးဖို့ဆိုတာ ကျွန်တော်တို့ ဖက်ကလူတွေကတော့ မသွားချင်ကြတော့ဘူး။ ကန့် ကွက်ပြီးသားဘဲထပ်ခါတစ်လဲလဲသွားစရာမှ မလိုတာလို့  တစ်ချို့ ကလည်းပြောကြတယ်၊ ကျွန်တော်တို့ အနေနဲ့ လည်းတာဝါတိုင်တည်ဆောက်မဲ့  ကိစ္စကိုဘယ်လိုနည်းနဲ့ မှသဘောမတူနိုင်ဘူး”ဟုပြောသည်။
မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက်တွင် အော်ရီဒူးတာဝါတိုင် တည်ဆောက်မည့်နေရာမှာလူနေအိမ်နှင့် အရမ်းနီးခြင်းကြောင့် ကျမ်းမာရေးပိုင်းစိုးရိမ်စရာရှိသဖြင့် ကန့်ကွက်ခြင်း ဖြစ်ကြောင်း သိရသည်။
သူကဆက်ပြီး “ကျွန်တော်တို့ ရပ်ကွက်ထဲမှာကိုဘဲတယ်လီနော်တာဝါတိုင်ရော၊ MPTတိုင်ရော၊MYTELတိုင်ရောရှိနတော့  အခုထပ်ပြီးအော်ရီဒူးတာဝါတိုပါတည် ဆောက်မယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့  အန္တရယ်ကိုကြိုပြောနှိုင်ပေမဲ့ တတ်နှိုင်သမျှတော့ ကျွန်တော်တို့ ကာကွယ်တဲ့ သဘောပါ တည်ဆောက်မဲ့တာဝါတိုင်ကလည်းအိမ်တွေနဲ့ လည်းအရမ်းနီးကပ်လွန်းတော့ ကျွန်တော်တို့ အနေနဲ့ တော့ ဘယ်လိုနည်းနဲ့ မှသဘောမတူနှိုင်ဘူးအခြားနေရာမှာတည်ဆောက်စေချင်တယ်”ဟုပြောသည်။
အရှေ့ ပြင်ရက်ကွက်နေ ပြည်သူများမှ ၎င်းတို့ ဧ။်ရပ်ကွက်ထဲတွင် တရားမဝင် တာဝါတိုင်လာရောက် တည်ဆောက်ခြင်းအပေါ် ကန့် ကွက်ကြကြောင်းရပ်ကွက်အုပ်ခပ်ရေးမှူးရုံးတွင် လတ်မှတ်ရေးထိုးခဲ့ ကြပြီးဆွေးနွေးညှိနှိုင်းရန်အတွက် အုပ်ချုပ်မှူးမှ ကုမ္မဏီတာဝန်ရှိသူ၊ မြေပိုင်ရှင်နှင့် ကန့် ကွက်ပြည်သူများကိုဖိတ်ခေါ်ခဲ့သော်လည်းကုမ္မဏီဘက်နှင့် မြေပိုင်ရှင်ဘက်မှ လာရောက်ခဲ့ ခြင်းမရှိခဲ့ ဘဲကန့် ကွက်ပြည်သူများသာလာရောက်ခဲ့ သည်။
အရှေ့ ပြင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနိုင်းအွမ်က “မြို့ နယ်အုပ်ချုပ်ရေးမှူးကကန့် ကွက်တဲ့ သူတွေကိုကုမ္ပဏီနဲ့ တွေ့ ဆုံပေးပါလို့ ပြောတယ် အခုလိုဆွေးနွေးမှု တွေလုပ်ရင် အဖြေဘယ်လိုမျိုးထွက်လာမလဲဆိုတာတော့ မသိသေးဘူး မြို့ နယ်အုပ်ချုပ်ရေးမှူးကလည်း ပြည်သူလူထုရဲ့  သဘောဘဲဖြစ်မှာပါလို့တော့ပြောတယ်”ဟုပြောသည်။