Input your search keywords and press Enter.

AA တို့၏ဖမ်းစီးမှုမှ ထွက်ပြေးလွတ်မြောက်လာသူတစ်ဦး စိတ်ဖောက်ပြန်ပြီး သမီးအရင်းကို ဓားဖြင့်ခုတ်မှုဖြစ်ပွား

Salai Khup Khup
ပလက်ဝမြို့နယ် မီးဇာစစ်ဘေးရှောင်စခန်းတွင်နေထိုင်သည့် AA တို့၏ဖမ်းစီးမှုမှ ထွက်ပြေးလွတ်မြောက်လာသူ ကင်းသလင်းကျေးရွာသား ဦးကျော်သိမ်း(ခ) ဦးအောင်ယဒ်သည် (၅)ရက်နေ့မနက်ပိုင်းတွင် စိတ်ဖောက်ပြန်ခဲ့ပြီး သမီးအရင်းကို ဓားဖြင့်ခုတ်မှုဖြစ် ပွားကြောင်းသိရသည်။

ပလက်ဝမြို့နယ် ကုန်ပြင်ကျေးရွာဥက္ကဌ ဦးယိုက်တန်းက “ဦးကျော်သန်းက AA စခန်းကနေ ထွက်ပြေးလွှတ်မြောက်လာပြီး စစ်ရှောင်စခန်းမှာနေတော့ ဘယ်နေရာကိုရောက်သွားတယ် ဆိုတာ သူသတိမရဘူး။ မမှတ်မိဘူး။ ဒါပေမဲ့ လွတ်မြောက်ခါစတုန်းက အဲဒီလောက်ကြီး သူ့အခြေအနေဆိုးသေးဘူး။ နောက်တော့သူ့စိတ်က ကယောင်ခြောက်ခြားဖြစ်တယ်။ အဲလိုနေရင်းနေရင်းကနေ ထမင်းလည်း မစားနိုင် အိပ်လည်းမအိပ်နိုင်လောက်အောင် သူ့စိတ်တွေက မူမမှန်ဘူး။ အလုပ်လည်း လုံးဝမလုပ်နိုင်ဘူး။ အဲလိုနဲ့ မနေ့ကဘဲ သူ့ကိုAAတွေကခြိမ်းခြောက်တဲ့ ပုံစံမျိုးသူ့စိတ်မှာ ထင်ယောင်ပြီး သူ့ရဲ့သမီးကို ဓားနဲ့ခုတ်တယ်လို့ သူတို့ရွာသွားတွေကပြောတယ်”ဟုပြောသည်။

ဦးကျော်သန်းသည် မေလ(၅)ရက်နေ့တွင် သူနှင့်အတူနေသော သမီးမသီတာမေ(၁၀)နှစ်အား ဓားနှင့်ခုတ်ခဲ့ရာ ဦးခေါင်းဒဏ်ရာ နှစ်ချက်နှင့် လက်သန်းပြတ်ဒဏ်ရာရရှိခဲ့ပြီး ဒီမနက်ပိုင်းတွင် စစ်တွေဆေးရုံသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။

သမီးအရင်းကို ဓားဖြင့်ခုတ်သည့် ဦးကျော်သန်းကို အခင်းဖြစ်ပွားပြီး နာရီပိုင်းအတွင်း ပလက်ဝမြို့နယ်ရှိ ထရွန်အိုင် ရဲစခန်းတွင် ဖမ်းဆီးထိမ်းသိမ်းထားကြောင်းလည်းသိရှိရသည်။
ပလက်ဝမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စုတွင်းရှိသည့် ကင်းတလင်းကျေးရွာသားများကို ၂ လပိုင်း ၂ ရက်နေ့တွင် ရက္ခိုင့်တပ်မတော်မှ ဘင်္ဂလားဒေ့ရှ်နယ်စပ်အခြေစိုက် စခန်းတွင် ဖမ်းစီးခေါ်ဆောင်သွားပြီး အဖမ်းခံရသူ ၅၄ ဦးအနက် စခန်းမှ ၂ ဦးလွတ်မြောက်လာခြင်းဖြစ်သည်။