

Salai Khup Khup
လက်ရှိချင်းပြည်နယ်ရှိ ပြည်နယ်အစိုးရစီမံကိန်းများဖြင့် ဆောင်ရွက်နေသော လုပ်ငန်းများအားလုံးကို ယခုအစိုးရသက်တမ်းအတွင်း ၂၀၂၀ခုနှစ်တွင် အရည်အသွေးပြည့်မှီစွာ အပြီးစီးဆောင်ရွက် သွားမည်ဖြစ်ကြောင်း စက်မှု၊လျှပ်စစ် နဲ့စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။
ဝန်ကြီးဦးစိုးထက်က “ဆာဆီချောက် ကတ္တရာ ကွန်ကရစ်ခင်းဖို့ လျာထားတဲ့ နေရာကလည်း အခုဆိုရင် သွားလို့ရနေပြီလို့ပြောတယ် အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံအကြား ကူးတဲ့တံတားလုပ်ဖို့ဘဲ ကျန်တော့တယ်။ လုပ်ငန်းအားလုံးကို ၂၀၂၀ အတွင်းပြီးစီးနိုင်အောင် မျှော်မှန်းပြီးလုပ်နေတာဖြစ်တယ် ဒီအစိုးရသက်တမ်းမှာ အကုန်ဖွင့်လှစ်နိုင်အောင်လုပ်တယ်။ ဖလမ်းမှာရှိတဲ့ ဆူရ်ဘုံလေယာဉ်ကွင်းလည်း ဒီအစိုးရသက်တမ်းမှာ ပြီးအောင်လုပ်မယ် ပလက်ဝစီမံကိန်း ကုလားတန်မြစ်ကူးတံတားကိုလည်း ၂၀၂၀ မှာအကုန်ပြီးနိုင်အောင် လုပ်နေပါတယ်”ဟုပြောသည်။
လက်ရှိချင်းပြည်နယ်အတွင်း ဆောင်ရွက်နေသော လုပ်ငန်းများအားလုံးကို ယခုအစိုးရလက်ထက်တွင် အပြီးဆောင်ရွက်သွားမည် ဖြစ်ပြီး အချို့လုပ်ငန်းများတွင် ဘတ်ဂျက်ရရှိသည့်အပေါ်တွင် မှုတည်ပြီး အရည်သွေးပြည့်မှီစွာ ဆောင်ရွက်လုပ်ကိုင် သွားမည်ဖြစ်ကြောင်းလည်း ဝန်ကြီးဦးစိုးထက်ကပြောသည်။
ယခုလက်ရှိ ချင်းပြည်နယ်အစိုးရမှ အဓိကလုပ်ဆောင်နေသည့် စီမံကိန်းများတွင် ဆူရ်ဘုံလေယာဉ်ကွင်း စီမံကိန်း၊ ကုလားတန်မြစ်ကူးတံတားစီမံကိန်း၊ ဟားခါး သီမြစ် မြစ်ရေတင်စီမံကိန်း၊ မတူပီ ခရိုင်ရုံးများတည်ဆောက်ရေးစီမံကိန်း၊ ဟားခါး-ကလေး လမ်းပိုင်း အဆင့်မြှင့်တင်ခြင်းစီမံကိန်း၊ ဟားခါး မြို့မဈေးသစ် တည်ဆောက်ရေးစီမံကိန်း၊ ဆာဆီချောက်နယ်စပ်ကုန်သွယ်ရေးလမ်း ဖောက်လုပ်ခြင်း စီမံကိန်းများ ပါဝင်ပြီး အခြား ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေသည့် စီမံကိန်းများလည်း ရှိသေးကြောင်းသိရသည်။