Input your search keywords and press Enter.

ဟားခါးမှ မြေပြန့်သွားရာလမ်း မိုးတွင်းတွင်ပိတ်ဆို့မှုမရှိစေရန် ဟားခါးမြို့မှ-ဟာသာ-တောင်ခရမ်းလမ်း ဖောက်လုပ်

Salai Khup Khup

ဟားခါးမှ မြေပြန့်သို့သွားရာလမ်းပိတ်ဆို့မှုမရှိစေရန် ကလေးမြို့နှင့် ဂန့်ဂေါ အကြားကနေပြီး ဟားခါးမြို့မှ- ဟာသာ-တောင်ခင်ရမ်းလမ်း ဖောက်လုပ်မှုလုပ်ငန်းကို ၂၀၂၀ခုနှစ်အပြီးစီး ဆောင်ရွက်သွားမည် ဖြင့်ကြောင်း စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

ဝန်ကြီး ဦးစိုးထက်က “အခုလည်းသွားလို့တော့ ရနေပါပြီ လမ်းအဆင့်နှစ်မှာ ဖြစ်သွားတာပေါ့ ကလေးနဲ့ ဂန့်ဂေါကြားမှာ ဖောက်ထားတာဆိုတော့ တောင်ခရမ်းကနေပြီးတော့ မန္တလေးဖက်တို့ သွားရင်လည်း မကွေးဖက်ကို မဖြက်တော့ဘဲနဲ့ မန္တလေးဖက်ကို ဖြက်သွားလို့ရအောင် ရည်စူးပြီးဖောက်တဲ့ လမ်းလည်းဖြစ်တယ် နောက်ပြီး ဟားခါးမှာ မြေပြိုမှုဖြစ်တုန်းက လမ်းကထွက်ပေါက်မရှိခဲ့ဘူး ကလေးမြို့ကနေ ဖလမ်း၊ဟားခါးလမ်း ပျက်သွားတာဘဲဖြစ်ဖြစ် ဟားခါးကနေ ကန့်ဂေါလမ်း ပျက်သွားတာဘဲဖြစ်ဖြစ် ဒီလမ်းကနေထွက်လို့ရ အောင်ဆိုပြီးဖောက်ထားတဲ့လမ်းပါ။ ၂၀၁၅ တုန်းကလိုလမ်းတွေ ပိတ်ဆို့တုန်းက လူတွေတော်တော် ဒုက္ခရောက်ခဲ့တယ် အဲလိုမျိုးနောက်မဖြစ်ရအောင် ဒီလမ်းကိုဖောက်တာဖြစ်တယ်”ဟုပြောသည်။

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှု့စစ်ဆေးရန် ချင်းပြည်နယ်ရောက်ရှိနေသော နိုင်ငံတော် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူမှ ဟားခါး-ဟာသာ-တောင်ခင်ရမ်းလမ်း နှင့် ဒေါင်ဗားချောင်းတံတား တည်ဆောက်နေမှု အခြေအနေကို ဧပြီလ ၃၀ရက်နေ့က သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့သည်။

ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက ဟားခါး-ဟသာ-တောင်ခင်ရမ်းလမ်း နှင့်ပက်သက်ပြီး လမ်းသည် မုံရွာ-ယာကြီး-ကလေးဝလမ်းနှင့် ဆက်စပ်နေသည့် အတွက် အိန္ဒိယနိုင်ငံနှင့် ကုန်စည် စီးဆင်းမှု ပိုမိုမြန်ဆန်သွက်လက်လာမည် ဖြစ်ပြီး ဟားခါးမြို့မှ အထက်မြန်မာပြည်သို့ သွားရောက်ရာတွင် အဓိက ကျသည့်လမ်းပိုင်းတစ်ခု ဖြစ်ကြောင်း၊ လမ်းတာချဲ့ရန် လိုအပ်သော အပိုင်းများကို ဆောင်ရွက်သွားရန်နှင့် သက်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးအတွက် လိုအပ်သည့် ဘဏ္ဍာငွေရရှိရေးအား ညှိနှိုင်းဆောင်ရွက်သွားရန်နှင့် လုပ်ငန်းနှောင့်နှေးမှု မရှိစေရေးနှင့် အရည်အသွေးပြည့်မီစေရေးတို့အတွက် ကြီးကြပ်ဆောင်ရွက်မှုများကို အလေးထားလုပ်ဆောင်သွားရန် မှာကြားကြောင်းလည်း သိရသည်။