Input your search keywords and press Enter.

ရက္ခိုင့်တပ်မတော်AAမှ မီးရှို့လိုက်သော ကုလားတန်မြစ်ကူးတံတား၏ သံဘောင်များ အသုံးပြုလို့ရသေးကြောင်းသိရ

Salai Khup Khup

ရက္ခိုင့်တပ်မတော် AA၏ မီးရှို့မှုကြောင့်မီးလောင်သွားသည့် ကုလားတန်မြစ်ကူးတံတား၏ သံဘောင်များမှာ ဂျပန်ပညာရှင်များမှ စမ်းသပ်ရာ သံဘောင်များမှာ အသုံးပြုလို့ရသေးကြောင်း သိရသည်ဟု ဝန်ကြီးဦးစိုးထက်ကပြောသည်။

ဝန်ကြီးဦးစိုးထက်က “အခုနောက်ဆုံးသိတာက မီးလောင်ခံရတဲ့ သံဘောင်တွေက ခံနိုင်ရည်ပိုင်းမှာ သိပ်မပျက်စီးသွားဘူးလို့သိရတယ်။ မီးလောင်သွားတဲ့ သံဘောင်တွေအားလုံးကို ဆေးသုပ်ဖို့ပြန်လုပ်နေတယ်။ ဆေးသုပ်ပြီးတော့ ခံနိုင်ရည်စမ်းတဲ့ အဖြေကတော့မထွက်သေးဘူး ဒါပေမဲ့ ဂျပန်ကပြောတာတော့ ပြန်သုံးလို့ရနိုင်လောက်တယ်ပေါ့ အပေါ်ယံလောက်ဘဲ ဆေးပြန်သုပ်ရမယ်လို့ သိထားတယ်”ဟုပြောသည်။

ကုလားတန်မြစ်ကူးတံတား တည်ဆောက်ရန်အတွက် လိုအပ်သေးသော သံဘောင်များကိုလည်း နောက်ထပ်သဘောင်္တစ်စီးဖြင့် ပို့ရန်ရှိကြောင်းသိရသည်။ မြစ်ကူးတံတားတည်ဆောက်ရန် ဘတ်ဂျက်ပိုင်းတွင်လည်း လုံလောက်မှုရှိ ပြီး တံတားကိုလည်း ၂၀၂၀ ဖေဖဝါရီ လ(၂၀) ရက်နေ့ ချင်းအမျိုးသားနေ့တွင် ဖွင့်ပွဲပြုလုပ်သွားမည် ဖြစ်ကြောင်း ဝန်ကြီးဦးစိုးထက်ကပြောသည်။

ရက္ခိုင်တပ်မတော်AAမှ ကုလားတန်မြစ်ကူးတံတားအတွက် လိုအပ်သည့် သံဘောင်များကို စက်လှေဖြင့် ပို့ဆောင်နေစဉ် မီးရှို့ခဲ့သည့်အပေါ် ပြည်သူလူထု၏ ဖွံ့ဖြိုးမှုကို နှောက်နှေးစေကြောင်း ဝန်ကြီးဦးစိုးထက်ကပြောသည်။

ဝန်ကြီးဦးစိုးထက်က “ဒီဟာကတော့ AA တပ်နဲ့ မြန်မာတပ်မတော်နဲ့ တိုက်ပွဲဖြစ်တဲ့အပေါ်မှာ သူတို့ဟာသူတို့ တော်လှန်ရေးလုပ်တာ ဒါပေမဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းကိုတော့ အနှောက်အယှက်မပေးသင့်ဘူး သူတို့က ဖွံ့ဖြိုးရေးကို အနှောက်ယှက်ပေးရင်တော့ သူတို့လည်း ပြည်သူလူထုရဲ့တိုးတတ်ရေးကို ပိတ်ဆို့တာဖြစ်တဲ့အတွက် သူတို့တော်လှန်ရေးလည်း အောင်မြင်မယ်မထင်ဘူး”