Input your search keywords and press Enter.

CRPH နှင့် NUG ကိုအပြုသဘောဖြင့်ဝေဖန်သုံးသပ်ခြင်း (Salai Chin)

CRPH နှင့် NUG ကိုအပြုသဘောဖြင့်ဝေဖန်သုံးသပ်ခြင်း

ဆလိုင်းချင်း
Chin World Media
May 18, 2021

(စာရေးသူ ဆလိုင်းချင်းသည် တောင်ကိုးရီးယားနိုင်ငံတွင် နေထိုင်လျက်ရှိပြီး၊ Chin Youth Organization, South Korea နှင့် CNF Regional Committee, Korea တို့တွင် တက်ကြွစွာပါဝင်လှုပ်ရှားနေသူ တဦးဖြစ်သည်။ အယ်ဒီတာ)

ပထမဆုံး CRPH အနေနဲ့ ဘာကြောင့် Charter နဲ့ဘဲသွားရတဲ့အကြောင်းသုံးသပ်ချင်ပါတယ်။ ဘာကြောင့် CRPH အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ တခုခုကိုအခြေခံပြီး အစိုးရမဖွဲ့တာလဲ ဆိုရင် အဖြေကတော့ ၁၉၄၇ ခြေဥ က ယနေ့ပြည်ထောင်စုမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံနဲ့ တခြားအကြောင်းရာတွေမှာကွာခြားတယ်လိုမြင်ပါတယ်။ ဥပမာ မွန်၊ ရခိုင် စတဲ့ပြည်နယ်တွေ ၄၇ ခြေဥမှာ မရှိခဲ့လို့ပါ။ ၁၉၇၄ ခြေဥကတော့ သိကြတဲ့အတိုင်း ဗိုလ်နေဝင်း တပါတီအာဏာရှင်စနစ် အခြေခံလို့ပြောပြစရာမလိုပါဘူးထင်တယ်။ တိုင်းရင်းသား EAOs တွေနဲ့ ဒီမိုကရေစီအင်အားစုတွေပါဝင်ရေးဆွဲတဲ့ federal constitution second draft အဆင်သင့်ရှိပေမဲ့လဲ ပြည်သူကအတည်ပြုပြီးတဲ့ တရားဝင် ခြေဥ မဟုတ်တာကြောင့် CRPH အနေနဲ့ Charter နဲ့ပဲ သွားရတာဖြစ်တယ်လို့မြင်ပါတယ်။

CRPH ပဋိညာဉ်စာချုပ်၊ ကြေငြာစာတမ်း အပိုင်း ၂ အရ NUG အစိုးရကို သမ္မတ၊ ဒုသမ္မတ၁၊ ၂၊ နိုင်ငံတော် အတိုင်ပင်ခံ၊ ပြည်ထောင်ဝန်ကြီးချုပ်နှင့်ဝန်ကြီးဌာန ၁၂ခု ဖြင့် ဖွဲ့စည်းတယ်။ တိုင်းရင်းသားပေါင်းစုံ (ရခိုင်နှင့် ရှမ်းမှအပ) ပါဝင်တာတွေ့ရတယ်။ဒါပေမဲ့ ဝန်ကြီးဌာနတွေရဲ့ လုပ်ငန်းနှင့်အာဏာ၊ တာဝန်ခံမှု၊ တာဝန်ယူမှု စတဲ့အချက်တွေကိုတော့ ကြေငြာစာတမ်းမှာမရှိပါဘူး။ ဒါကြောင့် CRPH ကနေ ဥပဒေနှင့် နည်းဥပဒေတို့ကိုအမြန်ဆုံးပြဠာန်းရမှာဖြစ်ပါတယ်။ သို့မဟုတ်လျင် စာတမ်းပြုစု၊ မှတ်တမ်းတင်ခြင်း နှင့် သုတေသနပြုလုပ်ခြင်းပုံစံ မျှသာဖြစ်ပြီး၊ လက်တွေ့လုပ်ငန်းတွေအကောင်ထည်ဖော်ဖို့ခက်ခဲနိုင်ပါတယ်။ NUG အစိုးရ ပြည်ထောင်စုဝန်ကြီးဌာနသုံးခုကို CRPH အဖွဲ့ထဲက လူပုဂ္ဂိလ်သုံးရောက်ပါတာတွေ့ရပေမဲ့ သူတို့နေရာမှာ တခြားလူအစားထိုးရွှေးချယ်ထားတာမရှိပါဘူး။ လူတယောက်က ဥပဒေပြုရေး မှာရော အုပ်ချုပ်ရေးမှာပါ ပါဝင်တယ်ဆိုတာ တာဝန်ထန်းဆောင်တဲ့နေရာမှာ ထိရောက်မှုနည်းပြီးလူပင်ပန်းရုံသာဖြစ်စေနိုင်ပါတယ်။

တိုင်းနှင့်ပြည်နယ်အစိုးရကိုလဲ ဖွဲ့စည်းနိုင်ခြင်းမရှိသေးပါဘူး။ တိုင်း/ပြည်နယ်အစိုးရကို NUCC နဲ့ညှိနှိုင်းပြီးဖွဲ့စည်းရမယ်လို့ ဖော်ပြပါတယ်။ ဒါပေမဲ့ တိုင်း/ပြည်နယ်မှာ အတိုင်ပင်ခံကောင်စီလိုမျိုး၊ ဥပမာ ချင်းပြည်နယ်မှာ ICNCC ၊ ကချင်မှာ KPICT ဖွဲ့ထားပါတယ်။ ဒီဖွဲ့တွေဟာသက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်တွေမှာ အစိုးရဖွဲ့စည်းတဲ့ခါ NUCC ကိုယ်စား လုပ်ပိုင့်ခွင့်အာဏာရှိမဲ့ပုံပေါပေမဲ့ မရှိခဲ့ရင်တော့ အာဏာမရှိတဲ့ အကြံပေးသက်သက်ရုံသာဖြစ်မှာပါ။ ဒီမှာတခုပြောချင်ပါတယ်။ ပြည်နယ်အလိုက်ဖွဲထားတဲ့ အတိုင်ပင်ခံကောင်စီတွေဟာ သက်ဆိုင်ရာ ပြည်နယ်နဲ့လူမျိုးတွေကိုတကယ်ပဲကိုယ်စားပြုပါသလားဆိုတာပါ။ ဒါကိုသိနိုင်ဖို့ဆိုရင် ဘယ်လိုဖွဲ့ပြီး ဘယ်သူတွေပါဝင်တယ်ဆိုတာပါ။ လူတစု၊ အဖွဲ့တစုကစိတ်ကြိုက်ဖွဲ့စည်းတယ်ဆိုရင် ထိရောက်သင့်သလောက်အကျိုးထိရောက်မှာမဟုတ်ပါဘူး။ ကြားကာလဆိုပေမဲ့ နိုင်ငံရဲ့အရေးကြီးဆုံး နိုင်ငံရေးကို ကိုယ်တွယ်ရမှာပါ။ စစ်အာဏာရှင်ဖြုတ်ချရေး နှင့် ဖယ်ဒရေဒီမိုကရေစီ ပြည်ထောင်စုအရေး ဆိုတဲ့ အရေးနှစ်ခုကို ဦးဆောင် တာဝန်ထန်းဆောင်ရမှာဖြစ်ပါတယ်။ ဒါဆိုတော့ ပေါ့စလို့မရပါဘူး။ အားကောင်းခိုင်မာတဲ့ အစိုးရဖြစ်ဖို့တော့လိုပါတယ်။

NUG အစိုးရကို NUCC နှင့်ညိနိုင်းပြီး ဖွဲ့စည်းတယ်လို့​ပြောပေမဲ့ NUCC ဖြစ်တဲ့ အတိုင်ပင်ခံကောင်စီကို ဘယ်ချိန်မှာ ဘယ်လိုနဲ့ဖွဲ့စည်းပြီး၊ဘယ်သူတွေပါဝင်တယ်ဆိုတာ ခုထိပြည်သူတွေမသိရသေးပါဘူး။ Charter အပိုင်း ၂ အရ NUCC ဟာကြားကာလအစိုးရရဲ့အထက်မှာရှိမဲ့သဘောတွေ့ရတာကြောင့်ဘယ်သူတွေပါဝင်ပြီးဘယ်လိုထန်းဆောင်မယ်ဆိုတာ​ပြညါသူတွေသိသင့်ပါတယ်လို့မြင်ပါတယ်။ ပွင့်လင်းမြင်သာမှု နှင့်တာဝန်ယူမှု တာဝန်ခံမှုတွေရှိမှ ပို၍အားကောင်းမှာပါ။

ပြည်ထောင်စုကာကွယ်ရေးဝန်ကြီးဌာနမှ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကိုတော့ဖွဲ့စည်းပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်ဒေသက ဘယ်အဖွဲ့တွေဖြစ်တယ်ဆိုတာကိုတော့မဖော်ပြသေးပါဘူး။ မြို့နယ်တချို့က ဖွဲ့လိုက်တဲ့အဖွဲ့တွေကတော့ NUG အစိုးရနှင့် ပူးပေါင်းလုပ်မယ်ဆိုပြီးကြေငြာထားပါတယ်။ ဒါပေမဲ့ NUG အစိုးရဖက်ကတုန့်ပြန်တာမျိုးမရှိသေးပါဘူး။ ပြီးတော့ ဘယ်လိုမျိုး အဆင့်ဆင့် အမိန့်ပေးနာခံမှုတွေ စတဲ့နည်းစနစ်ကိုလဲ ပြဌာန်းရမှာဖြစ်ပါတယ်။ တစ်ယောက်တပေါက် ပုံစံနဲ့စစ်ကောင်စီတပ်ကိုတိုက်မယ်ဆိုရင်အောင်မြင်မှုနည်းပါလိမ့်မယ်။ ပြီးရင်  EAO လက်နက်ကိုင်အဖွဲ့တွေနဲ့လဲ Federal Alliance လုပ်မယ်ဆိုပြီး ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောပါတယ်။ ဒီနေရာမှာလဲအမိန့်ပေးစနစ်ကို ဘယ်လိုဖွဲ့စည်းရမလဲဆိုတာကတော့ ပြသနာဖြစ်နေပါတယ်။ အဲဒါ အမိန့်ပေးစနစ်ကို အားလုံးသဘောတူ ဖွဲ့စည်းနိုင်ရင်တော့ စစ်ကေင်စီကို နိုင်ဖို့ အလားလာများပါတယ်။

နောက်ဆုံးပြောချင်တာက တော့ CRPH နှင့် NUG အစိုးရက စစ်ကောင်စီနဲ့ တွေဆုံဆွေနွေးမှုကနေအ​ဖြေရှာရမယ်လို့ ပြောတော့ တပ်မတော်ကို အရပ်သားအစိုးရအောက်မှာ ရောက်ဖို့နဲ့ တပ်မတော်စနစ်ဆိုးကြီးကို အသစ် ပြုပြင်ပြောင်းလဲရေးကို ဘယ်လိုပုံစံနဲ့ ရနိုင်မလဲဆိုတာတွေက စိုးရိမ်စရာတွေဖြစ်နေပါတယ်။ နိုင်ငံရေးရပ်တည်ချက်ကိုခိုင်ခိုင်မာမာထားရမယ်ဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေးရေးမှာ အတိုးအလျှော့ဆိုတာလုပ်ရပါတယ်ဆိုတော့ ပန်းတိုင်ရောက်ဖို့ကပိုတောင်ဝေးသွားစေနိုင်ပါတယ်။ တိုင်းရင်းသားပြည်သူတွေလိုလားတဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအရေးမှာပဲ မားမားမတ်မတ်ရပ်တည်စေလိုပါကြောင်းတင်ပြပါရစေ။